တစ်ချိန်က Blockchain ပေါ်က Finance ဆိုတာ Crypto-native Assets တွေ၊ DeFi နဲ့ Speculative Trading တွေကိုပဲ အဓိကတွေ့ရတဲ့ နေရာတစ်ခုလို ဖြစ်ခဲ့ပါတယ်။
.
ဒါပေမယ့် အခုတော့ ပုံစံက တဖြည်းဖြည်းပြောင်းလာပါတယ်။
September 2026 ရဲ့ စတုတ္ထအပတ်မှာ Tokenized Stocks တွေရဲ့ On-Chain Market Cap က US$3 Billion ကျော်သွားခဲ့ပါတယ်။ Binance Research ရဲ့ Data အရ ဒါဟာ 2026 အတွင်း အလျင်မြန်ဆုံးကြီးထွားလာတဲ့ RWA Category ဖြစ်ပါတယ်။
.
ဒီမှာ စိတ်ဝင်စားစရာက $3B ဆိုတဲ့ Number တစ်ခုတည်း မဟုတ်ပါဘူး။
အရေးကြီးတာက လူတွေက Tokenized Stocks တွေကို ထုတ်ထားပြီး ကိုင်ထားရုံတင်မဟုတ်တော့ဘဲ On-Chain မှာ Trade လုပ်၊ Transfer လုပ်၊ DeFi ထဲမှာ အသုံးပြုတာတွေ ပိုများလာနေပါတယ်။
---
🌐 BNB Chain က ဘာကြောင့် အရေးကြီးလာတာလဲ?
Tokenized Stocks Market ထဲမှာ BNB Chain က အဓိကနေရာတစ်ခုကို ရယူထားပါတယ်။
September လအတွင်း BNB Chain ပေါ်မှာရှိတဲ့ Tokenized Stocks ရဲ့ တန်ဖိုးက US$1 Billion ဝန်းကျင် ရှိပြီး Global Tokenized Stocks Market ရဲ့ 34% ခန့်ကို ကိုယ်စားပြုပါတယ်။ Holder Count နဲ့ကြည့်မယ်ဆိုရင်လည်း BNB Chain မှာ 1.8 Million ဝန်းကျင် Tokenized Stock Holders ရှိပြီး Market Share 45% ခန့် ရှိပါတယ်။
ဒီနေရာမှာ bStocks ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။
2026 မှာ အလျင်မြန်ဆုံးကြီးထွားလာတဲ့ Tokenized Stock Product ဖြစ်လာတဲ့ bStocks ဟာ Launch ပြီး လအနည်းငယ်အတွင်းမှာ Tokenized Stocks Market ရဲ့ လေးပုံတစ်ပုံနီးပါးအထိ ရောက်ရှိလာခဲ့ပြီး On-Chain မှာ Transfer အများဆုံး Tokenized Stock Product ဖြစ်လာပါတယ်။
----
🔄 “Hold” ထက် “Use” ဖြစ်လာတာ
ဒီ Market ရဲ့ Growth ကို ပိုစိတ်ဝင်စားစရာဖြစ်စေတာက On-Chain Activity ပါ။
Tokenized Stocks တွေရဲ့ On-Chain Transfers (+ Trading Volume) ဟာ Q1 တုန်းက US$6 Billion ကနေ Q3 မှာ US$100 Billion ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။ ဒါက သုံးလအတွင်း Activity က အဆများစွာ တိုးလာတာကို ပြသပါတယ်။
---
ဒါကြောင့် Tokenized Stocks ကို “Stock Price ကို Blockchain ပေါ်မှာ ကြည့်လို့ရတဲ့ Version” လောက်နဲ့ပဲ မြင်လို့မရတော့ပါဘူး။
On-Chain ရောက်လာတဲ့ Asset တစ်ခုအနေနဲ့
DEX မှာ Trade လုပ်နိုင်Transfer လုပ်နိုင်DeFi မှာ Collateral အဖြစ် အသုံးပြုနိုင်Liquidity Pool တွေထဲမှာ အသုံးချနိုင်တယ်
ဆိုတဲ့ အသုံးပြုနိုင်မှုတွေ ပေါ်လာနေပါတယ်။
----
🏦 Cyberpunk ကနေ Global Financial Network ဆီ
ဒါက RWA ရဲ့ အဓိကပြောင်းလဲမှုတစ်ခုလို့ ပြောလို့ရပါတယ်။
အစောပိုင်း On-Chain Economy ကို Crypto-native Assets တွေက အဓိက ဖြစ်ခဲ့တယ်။ အခုတော့ Stocks လို Traditional Financial Assets တွေပါ Blockchain Infrastructure ထဲကို ဝင်လာနေပါတယ်။
အဓိကပြောင်းလဲမှုက “ဘာတွေ Tokenize လုပ်ထားလဲ?” ဆိုတာကနေ “Tokenize လုပ်ထားတဲ့ Assets တွေကို ဘယ်လိုအသုံးပြုနေကြလဲ?” ဆိုတဲ့အဆင့်ကို ရောက်လာတာပါ။
ဒီအပြောင်းအလဲထဲမှာ BNB Chain နဲ့ bStocks ကလည်း စောင့်ကြည့်စရာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါတယ်။
Traditional Finance နဲ့ Crypto Finance က သီးခြားကမ္ဘာနှစ်ခုလို ရှိနေခဲ့ရာကနေ On-Chain Infrastructure တစ်ခုတည်းပေါ်မှာ ပိုမိုနီးကပ်လာနေတဲ့အချိန်ကို ကျွန်တော်တို့ မြင်နေရပါပြီ။ 🚀
RWA Growth က Number တစ်ခုတည်းမဟုတ်ပါဘူး။ Money နဲ့ Financial Assets တွေ Blockchain ပေါ်မှာ ဘယ်လိုအသုံးပြုလာကြသလဲဆိုတဲ့ ပြောင်းလဲမှုတစ်ခုပါ။
.
⚠️ DYOR. Not Financial Advice.
#BNBChain #TradFi @Binance Academy @Binance Burmese