Binance App မှာ Spot Trade ဘယ်လိုလုပ်ကြမလဲ
Spot trade ဆိုတာကတော့ Spot price လို့လည်း ခေါ်တဲ့ လက်ရှိဈေးကွက်အတွင်းမှာ ရောင်းသူနဲ့ ဝယ်သူကြား ရိုးရိုးရှင်းရှင်းလေးပဲ အရောင်းအဝယ် ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ အော်ဒါတစ်ခု ဆောင်ရွက်ပြီးသွားနဲ့တပြိုင်နက် အရောင်းအဝယ်လည်း ဖြစ်မြောက်သွားပါတယ်။
အသုံးပြုသူတွေအနေနဲ့ ကိုယ်လိုချင်တဲ့ သီးသန့် (ပိုမိုကောင်းမွန်တဲ့) ဈေးတန်းတစ်ခုကို ရောက်ပြီဆိုတာနဲ့ Spot trade ပြုလုပ်နိုင်ဖို့ရာ ပြင်ဆင်ထားလို့ ရပါတယ်။ သင့်အနေနဲ့ Binance App ကို အသုံးပြုပြီး Spot Trade တွေ ပြုလုပ်နိုင်ပါတယ်။
Binance App ပေါ်မှာ Spot trade ပြုလုပ်ခြင်း
၁။ Binance App ထဲကို ဝင်ရောက်ပါ။ Spot trading စာမျက်နှာကို သွားရောက်ပြီး [Trade] ဆိုတာကို နှိပ်ပါ။
၂။ အဲဒီနောက်မှာတော့ trading ပြုလုပ်နိုင်တဲ့ စာမျက်နှာထဲကို သင်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဘာတွေတွေ့ရမလဲဆိုရင်တော့ …
(၁) Market and Trading pairs တွေ ...
(၂) Binance မှာ ရှိတဲ့ ခရစ်ပ်တိုငွေကြေး trading pairs တွေရဲ့ အချိန်နဲ့တပြေးညီ ဈေးကွက် candlestick cahre တွေနဲ့ ခရစ်ပ်တို ဝယ်ယူနိုင်တဲ့ "Buy Crypto" လုပ်ဆောင်ချက်တွေ ...
(၃) Sell/Buy order book
(၄) Buy/Sell Cryptocurrency
(၅) Open Orders အစရှိသဖြင့် ဖြစ်ပါတယ်။
ဥပမာ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ BNB ကို ဝယ်ယူဖို့အတွက် "Limit Order" တစ်ခု သတ်မှတ်မယ် ဆိုပါစို့။
(၁) BNB ကို ကိုယ်က ဘယ် spot price ဈေးတန်းမှာ ဝယ်ယူမလဲဆိုတာကို အရင်ဆုံး ရိုက်ထည့်လိုက်လို့ရပါတယ်။ အဲဒီနောက်မှာတော့ limit order ကို နှိပ်လိုက်ရုံပါပဲ။ ကျွန်တော်တို့အနေနဲ့ 0.002 BTC per BNB မှာ ထားထားပါမယ်။
(၂) [Amount] နေရာမှာတော့ ကိုယ် ဝယ်ယူလိုတဲ့ BNB ပမာဏကို သတ်မှတ်ပါ။ သင့်မှာရှိတဲ့ BTC ပမာဏရဲ့ ဘယ်လောက်ရာခိုင်နှုန်းကို အသုံးပြုပြီး BNB ဘယ်လောက် ဝယ်မလဲဆိုတာကိုလည်း ဆောင်ရွက်လို့ရပါတယ်။
(၃) ဈေးကွက်မှာ BNB ရဲ့ဈေးတန်းဟာ 0.002 BTC ကို ရောက်သွားချိန်မှာ limit order က အသက်ဝင်သွားမှာဖြစ်ပြီး အရောင်းအဝယ် ပြီးမြောက်သွားပါလိမ့်မယ်။ အဲဒီနောက်မှာတော့ 1 BNB ဟာ သင့်ရဲ့ Spot wallet ထဲကို ဝင်ရောက်လာမှာပါ။
BNB ကို ရောင်းချချင်တယ် (သို့မဟုတ်) [Sell] ကနေတဆင့် အခြား ခရစ်ပ်တိုငွေကြေးတစ်ခုခုကို ရွေးချယ်ချင်တယ်ဆိုရင်လည်း အထက်ပါအတိုင်းပဲ ဆောင်ရွက်နိုင်ပါတယ်။
မှတ်ချက် ။ ။
ပုံသေသတ်မှတ်ထားတဲ့ အော်ဒါအမျိုးအစားကတော့ limit order ပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ်ဘဲ သင့်အနေနဲ့ အရောင်းအဝယ်ကို ဖြစ်နိုင်သမျှ မြန်မြန် အပြီးသတ်လိုတယ်ဆိုရင်တော့ [Market] Order ကို ပြောင်းလဲနိုင်ပါတယ်။ Market order ကို ရွေးချယ်ခြင်းအားဖြင့် အသုံးပြုသူတွေဟာ လက်ရှိဈေးကွက်တန်ဖိုးအတိုင်းပဲ အရောင်းအဝယ်လို့ အလျင်အမြန် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
BNB/BTC ဈေးဟာ 0.002 မှာ ရှိနေပြီး ဥပမာ သင်က 0.001 ကို ရောက်မှာ ဝယ်ယူလိုချင်တယ်ဆိုရင်တော့ [Limit] order နဲ့ ဆောင်ရွက်နိုင်ပါတယ်။ သင်လိုချင်တဲ့ ဈေးတန်းကို ရောက်လာခဲ့ပြီဆိုရင် သင့်ရဲ့ အော်ဒါဟာ အထမြောက်သွားမှာ ဖြစ်ပါတယ်။
BNB [Amount] အောက်မှာပြထားတဲ့ ရာခိုင်နှုန်းတွေဟာ သင်ကိုင်ဆောင်ထားတဲ့ BTC ပမာဏနဲ့ ဘယ်လောက်ရာခိုင်နှုန်းကို BNB အတွက် အသုံးပြုချင်သလဲဆိုတာကို သတ်မှတ်နိုင်အောင် ဖြစ်ပါတယ်။ သင်လိုချင်တဲ့ ပမာဏအတိုင်း အတိုးအလျှော့ပြုလုပ်နိုင်ပါတယ်။