Binance က ကျင်းပမယ့် P2P Makers ပြိုင်ပွဲ ။ ။ တိုကင်ဘောင်ချာတွေ၊ VIP Level အဆင့်မြှင့်တင်မှုတွေနဲ့အတူ 5000 BUSD ကို မျှဝေယူလိုက်ပါ။

2023-01-25


Binance ဝိုင်းတော်သားတို့ရေ ...

Binance P2P ကနေ Makers ပြိုင်ပွဲသစ်ကြီးကို လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက အသုံးပြုသူတွေအတွက် ဝမ်းမြောက်စွာ တင်ဆက်လိုက်ရပါတယ်။ ဒီပြိုင်ပွဲကာလအတွင်း Binance P2P မှာ LAK, KHR, MMK နဲ့ USD ငွေသားတွေနဲ့ ကြော်ငြာတင်ကြတဲ့ အသုံးပြုသူတိုင်းဟာ စုစုပေါင်း ဆုလက်ဆောင် 5000 BUSD ကို မျှဝေခံစားခွင့်ရမယ့် တိုကင်ဘောင်ချာတွေ၊ VIP+1 အဆင့်မြှင့်တင်မှုတွေ ရရှိသွားမှာ ဖြစ်ပါတယ်။

ပြိင်ပွဲကာလ ။ ။ ၂၀၊ ၁၊ ၂၀၂၃ 00:00 (UTC) ကနေ ၃၊ ၂၊ ၂၀၂၃ 00:00 (UTC) အထိ။

ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ရာ အသုံးပြုသူတွေဟာ Binance P2P မှာ ၅၊ ၁၊ ၂၀၂၃ 00:00 (UTC) ကနေ ၁၉၊ ၁၊ ၂၀၂၃ 00:00 (UTC) ကာလအတွင်းက Maker Volume (သို့မဟုတ်) အောင်မြင်တဲ့ အော်ဒါအရေအတွက်တွေထက် ပိုမိုများပြားတဲ့ ပမာဏတခုကို ပြိုင်ပွဲကာလအတွင်းမှာ ရောက်ရှိရမှာ ဖြစ်ပါတယ်။

ပါဝင်ခွင့်ရတဲ့ အသုံးပြုသူတွေဟာ ပြိုင်ပွဲကာလအတွင်း Binance P2P မှာ ရောက်ရှိခဲ့တဲ့ Maker Volume နဲ့ အောင်မြင်ခဲ့တဲ့ အောင်ဒါအရေအတွက်အပေါ် အခြေခံတဲ့ အောက်ဖော်ပြပါ တွက်ချက်မှုစနစ်နဲ့အတူ အမှတ်ရရှိသွားမှာ ဖြစ်ပါတယ်။ 

  • အသုံးပြုသူတစ်ယောက်ချင်းစီအတိုင်းအတွက် စုစုပေါင်းရမှတ် = [၅၀% x (အသုံးပြုသူရဲ့ Maker Volume / အသုံးပြုသူအားလုံးရဲ့ စုစုပေါင်း Maker Volume)] + [၅၀% x (အသုံးပြုသူရဲ့ အောင်မြင်တဲ့ အော်ဒါအရေအတွက် / အသုံးပြုသူအားလုံးရဲ့ အောင်မြင်တဲ့ အော်ဒါအရေအတွက်)]

အမှတ်ရရှိမှုအလိုက် ထိပ်ဆုံး အယောက် (၂၀) စာရင်းမှာ ရပ်တည်နိုင်တဲ့ အသုံးပြုသူတွေဟာ တိုကင်ဘောင်ချာတွေ၊ VIP+1 အဆင့်မြှင့်တင်မှုတွေနဲ့ စုစုပေါင်း ဆုလက်ဆောင် 5000 BUSD ကို မျှဝေခံစားခွင့်ရသွားမှာ ဖြစ်ပါတယ်။ အဆိုပါအသုံးပြုသူတွေဟာ ပြိုင်ပွဲကာလအတွင်း ထိပ်ဆုံးက အသုံးပြုသူ (၂၀) စလုံး ရောက်ရှိခဲ့တဲ့ စုစုပေါင်း Maker Volume အချိုးအစားအလိုက် ကိုယ့်ရဲ့ သက်ဆိုင်ရာ maker volume အပေါ် မူတည်ပြီး 5000 BUSD တိုကင်‌ဘောင်ချာ ဆုလက်ဆောင် စုစုပေါင်းကို ခွဲဝေရရှိမှာ ဖြစ်ပါတယ်။

  • ပါဝင်ခွင့်ရတဲ့ အသုံးပြုသူ တစ်ဦးချင်းစီအတွက် ဆုလက်ဆောင် = (အသုံးပြုသူရဲ့ Maker Volume / ထိပ်ဆုံးအယောက် (၂၀) ရဲ့ စုစုပေါင်း Maker Volume) * 5000 BUSD တိုကင် ဘောင်ချာများ

သတိပြုရန် ။ ။ 

  • VIP အဆင့်မြှင့်တင်မှုတွေဟာ သာမန်အသုံးပြုသူတွေနဲ့ VIP 1-2 အဆင့် အသုံးပြုသူတွေအတွက်သာ အကျုံးဝင်မှာ ဖြစ်ပါတယ်။ VIP အဆင့်မြှင့်တင်မှုကနေ ရရှိနိုင်တဲ့ အမြင့်ဆုံး VIP အဆင့်မြှင့်တင်မှုဟာ VIP 3 ပဲ ဖြစ်ပါတယ်။

  • ကိုယ့်ရဲ့ လက်ရှိ VIP အဆင့်ကို Binance Institutional မှာ သွားရောက် စစ်ဆေးနိုင်ပါတယ်။ Binance VIP ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဒီမှာ လေ့လာပါ။

စည်းကမ်းနဲ့ သတ်မှတ်ချက်များ

  • ဆုလက်ဆောင် ပရိုမိုးရှင်းအတွက် Binance ရဲ့ စည်းကမ်းနဲ့ သက်မှတ်ချက်တွေဟာ ဒီပြိုင်ပွဲနဲ့ သက်ဆိုင်ပါသည်။

  • ဒီပရိုမိုးရှင်ဟာ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက KYC အောင်မြင်ပြီးတဲ့ ဒေသတွင်း Maker တွေအတွက်သာ ဖြစ်ပါသည်။ Verified ဖြစ်ထားပြီးသား P2P merchants တွေဟာလည်း ဒီပြိုင်ပွဲမှာ ပါဝင်နိုင်ပါသည်။

  • Maker : အသုံးပြုသူတစ်ဦးဟာ p2p.binance.com က order book ထဲမှာ ကြော်ငြာတစ်ခု ယူလိုက်ပြီး အဲဒီကနေတဆင့် အရောင်းအဝယ်တွေ ဖြစ်မြောက်လာပြီဆိုပါက "maker" အဖြစ် သတ်မှတ်ခံရပါသည်။ ဒီကြော်ငြာတွေဟာ order book မှာ ငွေဖြစ်လွယ်မှုကို ထပ်ပေါင်းထည့်ပေးနိုင်သလို ဈေးကွက်ဖြစ်တည်လာဖို့အတွက်လည်း အထောက်အကူ ပြုနိုင်တာကြောင့် အဲဒီကနေ ဖြစ်တည်လာတဲ့ အရောင်းအဝယ်တိုင်းကို "Maker" အဖြစ် သတ်မှတ်နိုင်တာ ဖြစ်ပါတယ်။ 

  • LAK, KHR, MMK နဲ့ USD တို့နဲ့ အရောင်းအဝယ်လုပ်တဲ့ P2P trading တွေသာ ဒီပရိုမိုးရှင်းမှာ အကျုံးဝင်ပါသည်။

  • တိုကင်ဘောင်ချာ ဆုလက်ဆောင်တွေကို ပြိုင်ပွဲပြီးဆုံးပြီး ရက်သတ္တပတ် သုံးပတ်အတွင်းမှာ ပေးပို့သွားမှာ ဖြစ်ပါတယ်။ အကောင့်ထဲဝင်ရောက်ပြီး Account > Reward Center ကနေ ကိုယ့်ရဲ့ ဘောင်ချာဆုလက်ဆောင်ကို ထုတ်ယူနိုင်ပါသည်။

  • တိုကင်ဘောင်ချာဟာ ပေးပို့တဲ့ရက်ကနေစလို့ (၁၄) ရက်အထိ သက်တမ်းရှိမှာ ဖြစ်ပါသည်။ တိုကင်ဘောင်ချာကို ဘယ်လိုထုတ်ယူရမလဲဆိုတာ ဒီမှာ လေ့လာပါ။

  • ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့အတွက် အသုံးပြုသူတွေဟာ Binance P2P မှာ ၅၊ ၁၊ ၂၀၂၃ 00:00 (UTC) ကနေ ၁၉၊ ၁၊ ၂၀၂၃ 00:00 (UTC) ကာလအတွင်းက Maker Volume (သို့မဟုတ်) အောင်မြင်တဲ့ အော်ဒါအရေအတွက်တွေထက် ပိုမိုများပြားတဲ့ ပမာဏတခုကို ပြိုင်ပွဲကာလအတွင်းမှာ ရောက်ရှိရမှာ ဖြစ်ပါတယ်။

  • Binance ဟာ မရိုးသားတဲ့နည်းလမ်းနဲ့ ပါဝင်ယှဉ်ပြိုင်သူ (သို့မဟုတ်) စည်ကမ်း သတ်မှတ်ချက်တွေကို မလိုက်နာသူ မည်သူမဆို ကျိုးကြောင်းခိုင်လုံစွာ တွေ့ရှိပါက ပြိုင်ပွဲကနေ ထုတ်ပယ်ခွင့် ရှိပါသည်။

  • Binance ဟာ အကောင့်တုတွေလို့ မှတ်ယူရတဲ့ အကောင့်တွေနဲ့ ပြုလုပ်တဲ့ အရောင်းအဝယ်တိုင်းကိုလည်း ကန့်သတ်ပိုင်ခွင့် ရှိပါသည်။

  • Binacne ဟာ ဒီ စည်းကမ်း သတ်မှတ်ချက်တွေနဲ့ပတ်သက်လို့ တစ်ဦးတည်းဆုံးဖြတ်ချက်ခြင့် ကြိုတင်အသိမပေးဘဲ အချိန်မရွေး ပြင်ဆင်နိုင်ခွင့် (သို့မဟုတ်) ပြောင်းလဲနိုင်ခွင့် (သို့တည်းမဟုတ်) ဆုံးဖြတ်နိုင်ခွင့် ရှိပါသည်။ သို့သော် ဒီပြိုင်ပွဲကို ပယ်ဖျက်ခြင်း၊ တိုးချဲ့ခြင်းနဲ့ အဆုံးသတ်ခြင်း (သို့မဟုတ်) ဆိုင်းငံ့ခြင်းတွေ၊ သင့်လျော်တဲ့ စည်းကမ်းချက်တွေနဲ့ စံသတ်မှတ်ချက်တွေ၊ အနိုင်ရသူ အရေအတွက်နဲ့ ရွေးချယ်မှုတွေ၊ အချိန်ကိုက်လုပ်ရမယ့် ‌ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့တော့ ကန့်သတ်ချက်ထားခြင်း မရှိပါဘူး။ ပါဝင်သူအားလုံးဟာ ဒီပြင်ဆင်ချက်အားလုံးကို သဘောတူရပါမည်။

အားပေးမှုအတွက် ကျေးဇူတင်ပါသည်။

Binance Team

၂၀၊ ၁၊ ၂၀၂၃

Binance ခရစ်ပ်တို အ‌ရောင်းအဝယ် အက်ပ်နဲ့ ကုန်သွယ်လိုက်ပါ။ (iOS/Android)

ကျွန်တော်တို့တွေ ဒီမှာ ရှိပါတယ် ။ ။

Telegram: https://t.me/binanceexchange

Twitter: https://twitter.com/binance

Facebook: https://www.facebook.com/binance

Instagram: https://www.instagram.com/binance

Binance ဟာ မည်သည့် အကြောင်းပြချက်ဖြင့်မဆို အသိပေးမှု တစုံတရာ မရှိဘဲ တစ်ဦးတည်းဆုံးဖြတ်ချက်နဲ့ ဒီကြေညာချက်ကို အချိန်မရွေး ပြင်ဆင်ခွင့်၊ ပြောင်းလဲခွင့် (သို့မဟုတ်) ဖျက်သိမ်းခွင့် ရှိပါသည်။

အန္တရာယ် သတိပေးချက် ။ ။ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေရဲ့ တန်ဖိုးဟာ အချိန်မရွေး အတက်အကျ ရှိနိုင်ပါတယ်။ ဒီအတက်အကျတွေဟာ Binance P2P ပလက်ဖောင်းပေါ်မှာ သင် အရောင်းအဝယ် ပြုလုပ်နေတဲ့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေရဲ့ တန်ဖိုးအပေါ် သက်ရောက်နိုင်ပါတယ်။ အရောင်းအဝယ် ဖြစ်မြောက်သွားတိုင်း (သို့မဟုတ်) ပြုလုပ်နေစဉ်တိုင်းမှာ ဈေးနှုန်း မြင့်တက်သွားတာမျိုး၊ ကျဆင်းသွားတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ သင့်မှာသာ တာဝန်ရှိပြီး သင် ကြုံတွေ့ရနိုင်တဲ့ ဆုံးရှုံးမှုတွေဟာ Binance နဲ့ မသက်ဆိုင်ပါ။ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေကို အခြား အသုံးပြုသူတွေနဲ့ တိုက်ရိုက် အရောင်းအဝယ် ပြုလုပ်ဖို့အတွက် Binance P2P ပလက်ဖောင်းကို အသုံးပြုပါ။ ရောင်းသူနဲ့ ဝယ်သူနှစ်ဦးစလုံးက ငွေအလွှဲအပြောင်း အတည်ပြုပြီးတာနဲ့တပြိုင်နက် ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းပေးခြင်းအားဖြင့် Binance ဟာ အရောင်းအဝယ်တွေကို လွယ်ကူချောမွေ့စေပါတယ်။ ကြော်ငြာတစ်ခုချင်းစီတိုင်းရဲ့ ကုန်သွယ်မှု ပမာဏ၊ ဈေးနှုန်းနဲ့ အခြေအနေတွေကို အသုံးပြုသူက သတ်မှတ်ပေးတာ ဖြစ်ပါတယ်။ ဥပဒေအရ အခြားနည်းနဲ့ တောင်းဆိုခြင်းမရှိပါက ငွေပေးချေမှုအားလုံးဟာ ပြီးမြောက်ချိန်မှာ အဆုံးသတ်ပါတယ်။ အဆုံးသတ်ပြီးသား ငွေပေးချမှုတွေအတွက် အငြင်းပွားဖွယ်ရာကိစ္စ တစုံတရာ ပေါ်ပေါက်လာပါက Binance မှာ တာဝန်မရှိပါ။  အဆုံးသတ်ပြီးသား ငွေပေးချေမှုတွေကနေ ဖြစ်လာတဲ့ ဆုံးရှုံးမှုတွေအတွက်လည်း Binance မှာ တာဝန်မရှိပါ။ ဒါဟာ ငွေကြေး အကြံပြုမှု မဟုတ်ပါဘူး။ အသေးစိတ် အချက်အလက်တွေကို ကျွန်တော်တို့ရဲ့ သတ်မှတ်ချက်တွေနဲ့ အန္တရာယ် သတိပေးချက် မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

266,939,782 users chose us. Find out why today.
Register Now