Saga (SAGA) အကြောင်း
Saga (SAGA) သည် Saga ဘလော့ချိန်း ဂေဟစနစ်၏ မူရင်းခရစ်တိုငွေကြေးဖြစ်သည်။ ကွန်ရက်လည်ပတ်လုပ်ဆောင်မှုများ၊ အတည်ပြုသူများကို ငွေပေးချေမှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ စီမံအုပ်ချုပ်မှုနှင့် ပရိုတိုကောအတွင်း လွှဲပြောင်းမှုများလုပ်ရာတွင် ပံ့ပိုးပေးရန်အတွက် SAGA တိုကင်ကို အသုံးပြုပါသည်။ ဘလော့ချိန်းအခြေပြု အက်ပလီကေးရှင်းများကို တည်ဆောက်နေသော ဖန်တီးရေးသားသူများအတွက် Saga ဘက်မှ ပံ့ပိုးပေးသော အခြေခံအဆောက်အအုံနှင့် ၎င်း၏ ကဏ္ဍတို့သည်လည်း ဆက်စပ်လျက်ရှိပါသည်။
Saga သည် အဆင့် 1 ဘလော့ချိန်း ပရိုတိုကောတစ်ခုဖြစ်ပြီး ဖန်တီးရေးသားသူများအနေနှင့် Chainlets ဟုခေါ်သော သက်ဆိုင်ရာအကြောင်းအရာအလိုက် အက်ပလီကေးရှင်း ဘလော့ချိန်းများကို စတင်မိတ်ဆက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဖန်တီးပေးထားခြင်းဖြစ်သည်။ ထိုဘလော့ချိန်းများသည် အပြိုင်လုပ်ဆောင်နိုင်ပြီး မတူညီသောပလက်ဖောင်းအချင်းချင်း အပြန်အလှန်ပံ့ပိုးပေးနိုင်ရန်နှင့် ဘလော့ချိန်းများ ထပ်ထည့်သွားစေနိုင်ရန်အတွက် ဖန်တီးထားခြင်းဖြစ်သည်။ Chainlet တစ်ခုချင်းစီသည် Saga အတည်ပြုသူအစုအဖွဲ့ကို အသုံးပြုပြီး ကွန်ရက်၏ လုံခြုံရေးမူဘောင်ကို လိုက်နာပါသည်။ Saga ပင်မကွန်ရက်သည် အရင်းအနှီးထည့်ဝင်ခြင်း သက်သေပြပုံစံတစ်ခုအဖြစ် အလုပ်လုပ်ပြီး Tendermint အခြေပြု ဘုံသဘောတူညီချက်စနစ်ကို အသုံးပြုပါသည်။
Saga ပရောဂျက်သည် ဂိမ်းနှင့် ဖျော်ဖြေရေးတို့ကဲ့သို့သော နယ်ပယ်များရှိ အက်ပလီကေးရှင်းများတွင် အသုံးပြုသော အခြေခံအဆောက်အအုံများအပေါ် အဓိကထား ဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်း၏ တည်ဆောက်ပုံအရလည်း ဘလော့ချိန်းတစ်ခုတည်းပေါ်ရှိ ရင်းမြစ်များကို လုပ်ဆောင်မှုအားလုံးက ဝိုင်းဝန်းလုယူသုံးစွဲရသည့်ပုံစံမျိုးမဟုတ်ဘဲ ဖန်တီးရေးသားသူများအနေနှင့် အက်ပလီကေးရှင်းတစ်ခုချင်းစီအတွက် သီးသန့် ဘလော့ချိန်းဝန်းကျင်များကို အသုံးချနိုင်စေရန် ပံ့ပိုးပေးထားသည်။ အက်ပလီကေးရှင်းများအား လုပ်ဆောင်နိုင်စွမ်းနှင့် ကွန်ရက်စွမ်းဆောင်ရည်အပေါ် ပိုမိုထိန်းချုပ်ခွင့်ပေးနိုင်ရန်အတွက် ဤမော်ဒယ်ကို ရည်ရွယ်ဖန်တီးထားခြင်းဖြစ်သည်။
Chainlets များကို အသုံးပြုနိုင်စေရန် စတင်ပေးခြင်းနှင့် ထိန်းသိမ်းပေးခြင်းတို့အတွက် အတည်ပြုသူများကို ငွေပေးချေရာတွင် ဖန်တီးရေးသားသူများအနေနှင့် SAGA တိုကင်ကို အသုံးပြုပါသည်။ တိုကင် ကိုင်ဆောင်ထားသူများအနေနှင့် ကွန်ရက်လုံခြုံရေးတွင် ပါဝင်ရန်အတွက် အတည်ပြုသူများမှတစ်ဆင့် SAGA ထဲတွင် ရင်းနှီးမြှုပ်နှံနိုင်ပြီး ပရိုတိုကောစည်းမျဉ်းများနှင့်အညီ ရင်းနှီးမြှုပ်နှံမှု ဆုလက်ဆောင်များ ရရှိနိုင်ပါသည်။ SAGA တွင် စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ဆောင်ချက်လည်းပါဝင်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသော တိုကင်ကိုင်ဆောင်သူများကို ပရိုတိုကောသတ်မှတ်ချက်များ၊ ကွန်ရက်အပြောင်းအလဲများနှင့် အဆင့်မြှင့်တင်မှုများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ပါဝင်ဆုံးဖြတ်ခွင့်ပေးနိုင်သည်။
Saga ကို Rebecca Liao၊ Jin Kwon၊ Jacob Mcdorman နှင့် Bogdan Alexandrescu တို့မှ ပူးတွဲတည်ထောင်ခဲ့ခြင်းဖြစ်သည်။ CEO အဖြစ် Liao၊ CSO အဖြစ် Kwon၊ CTO အဖြစ် Mcdorman နှင့် အင်ဂျင်နီယာပညာ ဒုတိယဥက္ကဋ္ဌ အဖြစ် Alexandrescu တို့က တာဝန်ထမ်းဆောင်သည်။ Saga Protocol နှင့် ၎င်း၏ ဘလော့ချိန်း အခြေခံအဆောက်အအုံတို့ ဖန်တီးရေးဆွဲခြင်းနှင့် လည်ပတ်လုပ်ဆောင်ခြင်းတို့အတွက် တည်ထောင်သူအဖွဲ့မှ တာဝန်ယူထားပါသည်။
Saga ထံတွင် ခန့်မှန်းခြေအားဖြင့် SAGA တိုကင် 1.1 ဘီလီယံ ခန့် စုစုပေါင်းရှိပါသည်။ လည်ပတ်နေသောပမာဏမှာ ခန့်မှန်းခြေအားဖြင့် 416.5 သန်း SAGA ခန့်ရှိသည်ဟု သိရသည်။
Saga ကို Binance တွင် အရောင်းအဝယ်ပြုလုပ်နိုင်၊ ဝယ်ယူနိုင်သည်။ Saga ၏ လက်ရှိပေါက်ဈေးကို Binance တွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးပါသည်။
