Binance မှာ EDD တင်ရတဲ့အခါ စာရွက်စာတမ်းတွေ အများကြီးတင်တာထက် ကိုယ့်ငွေရင်းမြစ်ကို ရှင်းရှင်းလင်းလင်း သက်သေပြနိုင်ဖို့က ပိုအရေးကြီးပါတယ်။

EDD တင်တဲ့အခါ အောက်ပါအချက် ၄ ချက်ကို သေချာပြင်ဆင်ထားပါ။

1️⃣ ကိုယ့်ငွေရင်းမြစ်ကို မှန်မှန်ကန်ကန်ရွေးပါ

Binance က Source of Funds (SOF) နဲ့ Source of Wealth (SOW) ကို မေးမြန်းနိုင်ပါတယ်။

SOF ဆိုတာ Binance ထဲ ထည့်ထားတဲ့ ငွေဘယ်ကရလာတာလဲဆိုတာဖြစ်ပြီး SOW ဆိုတာ ကိုယ့်ရဲ့ စုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေ ဘယ်လိုရလာတာလဲဆိုတာပါ။

လစာ၊ ကိုယ်ပိုင်လုပ်ငန်း၊ Crypto Trading၊ စုဆောင်းငွေ စတဲ့ ကိုယ့်အခြေအနေမှန်နဲ့ ကိုက်ညီတဲ့အချက်ကို ရွေးချယ်ပါ။

2️⃣ သက်သေစာရွက်စာတမ်းတွေ ပြင်ဆင်ပါ

ကိုယ့်ငွေရင်းမြစ်အလိုက် သက်ဆိုင်ရာ Document တွေ တင်ပြဖို့လိုပါတယ်။

  • လစာရသူ – Payslip၊ Bank Statement

  • ကိုယ်ပိုင်လုပ်ငန်း – လုပ်ငန်းဝင်ငွေမှတ်တမ်း၊ Bank Statement

  • Crypto Trading – Exchange Transaction Records၊ Deposit History

  • စုဆောင်းငွေ – သက်ဆိုင်ရာ Savings Statement

Binance က တောင်းဆိုထားတဲ့ Document အမျိုးအစားနဲ့ ကာလကို အရင်စစ်ဆေးပါ။

3️⃣ ငွေဝင်လမ်းကြောင်းကို ချိတ်ဆက်ပြပါ

ဥပမာ ကိုယ်က Crypto Trading လုပ်ပြီး USDT ရလာတယ်ဆိုရင် Trading Record တစ်ခုတည်းတင်တာနဲ့ မလုံလောက်နိုင်ပါဘူး။

ငွေမူလရင်းမြစ်၊ ရောင်းဝယ်မှုမှတ်တမ်းနဲ့ Binance ထဲ Deposit ဝင်လာတဲ့ Transaction တွေကို တစ်ဆက်တည်း ရှင်းပြနိုင်ဖို့လိုပါတယ်။

4️⃣ Document တွေကို မတင်ခင် ပြန်စစ်ပါ

ကိုယ့်နာမည်၊ ရက်စွဲ၊ ငွေပမာဏနဲ့ Transaction အချက်အလက်တွေ မှန်ကန်ပြီး ဖတ်လို့ရှင်းလင်းနေဖို့လိုပါတယ်။

အချက်အလက်တွေ မကိုက်ညီတာ၊ မပြည့်စုံတာတွေရှိရင် Review လုပ်တဲ့အခါ အခက်အခဲဖြစ်နိုင်ပါတယ်။

အရေးကြီးဆုံးက ကိုယ့်ရဲ့ ငွေဝင်ငွေထွက်ကို အစကနေ အဆုံးအထိ သက်သေပြနိုင်ဖို့ပါပဲ။

EDD အောင်မြင်မှုကို အာမခံလို့မရပေမဲ့ အချက်အလက်မှန်ကန်ပြီး Document တွေ ပြည့်စုံစွာတင်ပြနိုင်ခြင်းက Review လုပ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။

ကိုယ့်အခြေအနေမှန်အတိုင်း တင်ပြပါ။ Document အတုတွေ မသုံးပါနဲ့။