Crypto စျေးကွက်ထဲ စတင်ဝင်ရောက်လာသူ တော်တော်များများ မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုကတော့ "Spot Trade ရင် ကောင်းမလား? Futures Trade ရင် ကောင်းမလား?" ဆိုတာပါပဲ။
ဒီနေ့မှာတော့ နှစ်ခုစလုံးရဲ့ အဓိက ကွာခြားချက်တွေနဲ့ အားသာချက်/အားနည်းချက်တွေကို ရှင်းရှင်းလင်းလင်း မျှဝေပေးသွားပါမယ်။
🟢 ၁။ Spot Trading (တိုက်ရိုက် အရောင်းအဝယ်ပြုလုပ်ခြင်း)
• အလုပ်လုပ်ပုံ: Coin များကို လက်ငင်း အမှန်တကယ် ဝယ်ယူ/ရောင်းချခြင်း ဖြစ်ပါတယ်။
• Risk နည်းခြင်း: ဈေးကျသွားခဲ့ရင်တောင် သင်ဝယ်ထားတဲ့ Coin အရေအတွက် ပျောက်မသွားဘဲ ရေရှည် ထိန်းထားနိုင်ပါတယ်။ (Liquidation မဖြစ်ပါ)။
• သင့်တော်သူများ: စတင်လေ့လာသူများ (Beginners) နှင့် ရေရှည် ရင်းနှီးမြှုပ်နှံသူများ (Long-term Investors) အတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။
🔴 ၂။ Futures Trading (အနာဂတ် စာချုပ် အရောင်းအဝယ်ပြုလုပ်ခြင်း)
• အလုပ်လုပ်ပုံ: Coin ကို တိုက်ရိုက် ဝယ်ခြင်းမဟုတ်ဘဲ ဈေးနှုန်း အတက်/အဆင်း ပေါ်မှာ Leverage (အမြှောက်) သုံးပြီး စာချုပ်ချုပ်၍ Trade လုပ်ခြင်း ဖြစ်ပါတယ်။
• Risk အင်မတန်များခြင်း: အမြတ်မြန်သလို Risk မထိန်းနိုင်ပါက Liquidated (အကောင့်ထဲမှ ငွေအားလုံး ပြောင်သွားခြင်း) ဖြစ်နိုင်ပါတယ်။
• သင့်တော်သူများ: စျေးကွက်အတွေ့အကြုံ ရှိပြီး Risk Management သေချာ စနစ်တကျ လုပ်နိုင်သော Experienced Trader များအတွက် သင့်တော်ပါသည်။
💡 အကြံပြုချက်:
စတင်လေ့လာသူ Beginners များအနေဖြင့် Spot Trading ဖြင့်သာ စတင်ပြီး စျေးကွက်အတွေ့အကြုံ အရင်ယူရန် အကြံပြုချင်ပါတယ်။
သင်ရော လက်ရှိမှာ Spot ကို ပိုကြိုက်လား? Futures ကို ပိုကြိုက်လား? အောက်မှာ Comment ရေးခဲ့ပါဦး! 👇
BTCETH BNBSOL
#CryptoEducation #SpotVsFutures #Write2Earn #BinanceSquare #CryptoTips
