🚨 Phantom Wallet က Sui Network Support ကို ရပ်တော့မယ်!

Phantom Wallet ကို အသုံးပြုနေတဲ့ Sui (SUI) အသုံးပြုသူတွေအတွက် အရေးကြီးတဲ့ သတင်းတစ်ခုပါ။

📅 2026 ခုနှစ် စက်တင်ဘာ 24 ရက်နေ့ကစပြီး Phantom Wallet ဟာ Sui Network ကို Support မလုပ်တော့ဘူးလို့ ကြေညာထားပါတယ်။

ဒါကြောင့် Phantom ထဲမှာ SUI ဒါမှမဟုတ် Sui-based assets တွေကို သိမ်းထားတဲ့သူတွေက ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။
Phantom ရဲ့ ကြေညာချက်အရ စက်တင်ဘာ 24 ရက်နေ့ မတိုင်ခင် ကိုယ့်ရဲ့ Sui assets တွေကို

➡️ Sui ကို Support လုပ်နေတဲ့ Wallet တစ်ခုဆီ Transfer လုပ်ထားနိုင်ပါတယ်
➡️ မလိုအပ်တော့ရင် Swap လုပ်နိုင်ပါတယ်
➡️ Phantom ဘက်က ဒီလွှဲပြောင်းတာ / Swap လုပ်တာတွေအတွက် fees ပေးစရာမလိုပဲ ကင်းလွတ်ခွင့်ပေးထားပါတယ်

⚠️ အရေးကြီးဆုံးက Deadline မရောက်ခင် ကိုယ့် assets တွေကို စစ်ဆေးထားပါ။