Binance Square
#seastock

seastock

56 Aufrufe
10 Kommentare
A Nwe Taw
·
--
Übersetzung ansehen
Stocks နှင့် Crypto ဘာကွာသလဲ?ဘယ်ဟာပိုကောင်းလဲ?Stocks နဲ့ Crypto ကို “ဘယ်ဟာပိုကောင်းလဲ” လို့မေးတာထက် “ဘယ်ဟာရဲ့ အန္တရာယ်ကို ကိုယ်က ခံနိုင်သလဲ” လို့မေးတာက ပိုမှန်တယ်လို့ကျွန်မ‌ေတာ့ထင်တယ်။ 📊 Stocks ဆိုတာဘာလဲ? Stock တစ်ခုဝယ်တဲ့အခါ ကုမ္ပဏီတစ်ခုရဲ့ ပိုင်ဆိုင်မှုအပိုင်းအစတစ်ခုကို ဝယ်ယူထားတာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အမြတ်အစွန်း၊ စီးပွားရေးအခြေအနေ၊ သတင်းနဲ့ ဈေးကွက်အခြေအနေတွေက Stock ဈေးနှုန်းကို သက်ရောက်စေပါတယ်။ အချို့ကုမ္ပဏီတွေက Dividend လည်းပေးနိုင်တာကြောင့် ရေရှည်ရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်ဝင်စားစရာကောင်းပါတယ်။ ₿ Crypto ကတော့? Crypto ဟာ Blockchain နည်းပညာပေါ်မှာ အခြေခံထားတဲ့ Digital Asset ဖြစ်ပါတယ်။ Bitcoin, Ethereum စတဲ့ Coin တွေမှာ ကုမ္ပဏီပိုင်ဆိုင်မှုလို အဓိပ္ပာယ်မရှိဘဲ အသုံးပြုမှု၊ Demand & Supply၊ Technology၊ Community နဲ့ Market Sentiment တွေက ဈေးနှုန်းကို အလွန်အမင်း သက်ရောက်စေပါတယ်။ ⚠️ အဓိကကွာခြားချက်က Volatility ပါ။ Stock ဈေးကွက်လည်း တက်ကျရှိပါတယ်။ ဒါပေမယ့် Crypto မှာ ဈေးနှုန်းအတက်အကျက ပိုမြန်ပြီး ပိုပြင်းထန်နိုင်ပါတယ်။ ဒီအချက်ကြောင့် Crypto မှာ အမြတ်အခွင့်အလမ်းပိုကြီးသလို ဆုံးရှုံးနိုင်ခြေလည်း ပိုကြီးပါတယ်။ 💡 ဒါပေမယ့် ကျွန်မမြင်တဲ့ ထူးခြားတဲ့အချက်တစ်ခုရှိပါတယ်။ လူအများက Investment ကို “ဘယ် Asset က အမြတ်ပိုရမလဲ” ဆိုပြီး စဉ်းစားကြပါတယ်။ တကယ်တော့ အကောင်းဆုံး Investment ဆိုတာ အမြတ်အများဆုံးရတဲ့ Investment မဟုတ်ဘဲ ကိုယ်နားလည်ပြီး ကိုယ်ခံနိုင်တဲ့ Risk နဲ့ ကိုက်ညီတဲ့ Investment ဖြစ်နိုင်ပါတယ်။ Crypto မှာ 100% အမြတ်ရနိုင်တဲ့ အခွင့်အရေးရှိနိုင်သလို 50%၊ 70% ဆုံးရှုံးနိုင်တဲ့ အခြေအနေမျိုးလည်း ဖြစ်နိုင်ပါတယ်။ Stock မှာလည်း “တည်ငြိမ်တယ်” ဆိုပြီး မျက်စိမှိတ်ယုံကြည်လို့ မရပါဘူး။ 🎯 အခွင့်အလမ်းနဲ့ အန္တရာယ်ဟာ အမြဲတမ်း အတူတူလာပါတယ်။ Crypto က နည်းပညာအသစ်တွေ၊ Decentralization နဲ့ ကမ္ဘာတစ်ဝှမ်း Digital Economy တိုးတက်လာမှုကနေ အခွင့်အလမ်းတွေ ပေးနိုင်ပါတယ်။ Stocks ကတော့ တကယ့်စီးပွားရေးလုပ်ငန်းတွေရဲ့ တိုးတက်မှုနဲ့အတူ ရေရှည် Wealth Building အတွက် အသုံးဝင်နိုင်ပါတယ်။ အဆုံးမှာတော့ Stocks vs Crypto ဆိုတာ ပြိုင်ပွဲမဟုတ်ပါဘူး။ အရေးကြီးဆုံးက ကိုယ်ဘယ်လောက်ရင်းနိုင်လဲထက် ဘယ်လောက်ဆုံးရှုံးသွားရင် ကိုယ့်ဘဝမထိခိုက်ဘဲ ခံနိုင်လဲ ဆိုတာပါ။ အမြတ်ကို မလိုက်ခင် Risk ကိုအရင်နားလည်ပါ။ ဈေးကွက်ကို အနိုင်ယူဖို့ထက် ကိုယ့်စိတ်ခံစားချက်ကို အနိုင်ယူနိုင်ဖို့က ပိုအရေးကြီးပါတယ်။ 💡နောက်တစ်ချက် Stocks ပဲဖြစ်ဖြစ်၊ Crypto ပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှု လောကထဲ မဝင်ရောက်မီ အရေးကြီးဆုံး လုပ်ဆောင်ရမည့် အရာကတော့ Emergency Fund (အရေးပေါ်ရန်ပုံငွေ) ဖယ်ချန်ထားရှိခြင်းဖြစ်ပါတယ်။ အရေးပေါ်ရန်ပုံငွေဆိုတာ မမျှော်လင့်ဘဲ အလုပ်လက်မဲ့ဖြစ်သွားတာ၊ ကျန်းမာရေးပြဿနာဖြစ်တာ ဒါမှမဟုတ် အရေးပေါ် ငွေလိုအပ်ချက်တွေ ပေါ်ပေါက်လာပါက အသုံးပြုနိုင်ရန် သီးသန့်ဖယ်ထားရမည့် ငွေကြေးဖြစ်ပါတယ်။ ဘယ်လောက်အထိ ဖယ်ထားသင့်သလဲ? မိမိ၏ တစ်လတာ ပုံမှန် မရှိမဖြစ် ကုန်ကျစရိတ် (အိမ်လခ၊ စားစရိတ်၊ မီးဖိုး/ရေဖိုး စသည်) ၏ အနည်းဆုံး ၃ လမှ ၆ လစာ အထိ သီးသန့် ချန်ထားသင့်ပါတယ်။ ဥပမာ - တစ်လလျှင် ကုန်ကျစရိတ် ၅ သိန်း ရှိပါက အနည်းဆုံး ၁၅ သိန်းမှ သိန်း ၃၀ အထိ အရေးပေါ်ရန်ပုံငွေ ရှိထားသင့်ပါတယ်။ ဘာကြောင့် ရင်းနှီးမြှုပ်နှံမှုမတိုင်မီ ဖယ်ထားရတာလဲ? ဈေးကွက်ကျချိန် အရှုံးမခံရစေရန်: စတော့ သို့မဟုတ် ခရစ်ပတို ဈေးကွက် ကျဆင်းနေချိန်တွင် အရေးပေါ်ငွေ လိုအပ်လာပါက အရှုံးဖြင့် ရောင်းထုတ်ရမည့် အန္တရာယ်မှ ကာကွယ်ပေးပါတယ်။ စိတ်အေးချမ်းစွာ ရင်းနှီးမြှုပ်နှံနိုင်ရန်: အရေးပေါ်ရန်ပုံငွေ ခိုင်မာစွာ ရှိနေပါက ဈေးကွက်၏ အတက်အကျ volatility အပေါ် စိုးရိမ်စိတ် လျော့နည်းသွားပြီး ရေရှည်ရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာများကို တည်ငြိမ်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံပြီးမှ စိတ်ပူနေရတာမျိုး မဖြစ်စေဘဲ “အမြတ်မရှာမီ ခံစစ်ကို အရင်ပြင်ပါ” ဆိုသည့်အတိုင်း Emergency Fund ကို အရင်ဆုံး စနစ်တကျ ပြင်ဆင်ထားကြဖို့ တိုက်တွန်းချင်ပါတယ်။ ***မင်းတို့ရောဘယ်လိုထင်မြင်လဲ ပြောပြခဲ့ပါအုံး @BinanceBurmese #SEAstock

Stocks နှင့် Crypto ဘာကွာသလဲ?ဘယ်ဟာပိုကောင်းလဲ?

Stocks နဲ့ Crypto ကို “ဘယ်ဟာပိုကောင်းလဲ” လို့မေးတာထက် “ဘယ်ဟာရဲ့ အန္တရာယ်ကို ကိုယ်က ခံနိုင်သလဲ” လို့မေးတာက ပိုမှန်တယ်လို့ကျွန်မ‌ေတာ့ထင်တယ်။
📊 Stocks ဆိုတာဘာလဲ?
Stock တစ်ခုဝယ်တဲ့အခါ ကုမ္ပဏီတစ်ခုရဲ့ ပိုင်ဆိုင်မှုအပိုင်းအစတစ်ခုကို ဝယ်ယူထားတာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အမြတ်အစွန်း၊ စီးပွားရေးအခြေအနေ၊ သတင်းနဲ့ ဈေးကွက်အခြေအနေတွေက Stock ဈေးနှုန်းကို သက်ရောက်စေပါတယ်။ အချို့ကုမ္ပဏီတွေက Dividend လည်းပေးနိုင်တာကြောင့် ရေရှည်ရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်ဝင်စားစရာကောင်းပါတယ်။
₿ Crypto ကတော့?
Crypto ဟာ Blockchain နည်းပညာပေါ်မှာ အခြေခံထားတဲ့ Digital Asset ဖြစ်ပါတယ်။ Bitcoin, Ethereum စတဲ့ Coin တွေမှာ ကုမ္ပဏီပိုင်ဆိုင်မှုလို အဓိပ္ပာယ်မရှိဘဲ အသုံးပြုမှု၊ Demand & Supply၊ Technology၊ Community နဲ့ Market Sentiment တွေက ဈေးနှုန်းကို အလွန်အမင်း သက်ရောက်စေပါတယ်။
⚠️ အဓိကကွာခြားချက်က Volatility ပါ။
Stock ဈေးကွက်လည်း တက်ကျရှိပါတယ်။ ဒါပေမယ့် Crypto မှာ ဈေးနှုန်းအတက်အကျက ပိုမြန်ပြီး ပိုပြင်းထန်နိုင်ပါတယ်။ ဒီအချက်ကြောင့် Crypto မှာ အမြတ်အခွင့်အလမ်းပိုကြီးသလို ဆုံးရှုံးနိုင်ခြေလည်း ပိုကြီးပါတယ်။
💡 ဒါပေမယ့် ကျွန်မမြင်တဲ့ ထူးခြားတဲ့အချက်တစ်ခုရှိပါတယ်။
လူအများက Investment ကို “ဘယ် Asset က အမြတ်ပိုရမလဲ” ဆိုပြီး စဉ်းစားကြပါတယ်။ တကယ်တော့ အကောင်းဆုံး Investment ဆိုတာ အမြတ်အများဆုံးရတဲ့ Investment မဟုတ်ဘဲ ကိုယ်နားလည်ပြီး ကိုယ်ခံနိုင်တဲ့ Risk နဲ့ ကိုက်ညီတဲ့ Investment ဖြစ်နိုင်ပါတယ်။
Crypto မှာ 100% အမြတ်ရနိုင်တဲ့ အခွင့်အရေးရှိနိုင်သလို 50%၊ 70% ဆုံးရှုံးနိုင်တဲ့ အခြေအနေမျိုးလည်း ဖြစ်နိုင်ပါတယ်။ Stock မှာလည်း “တည်ငြိမ်တယ်” ဆိုပြီး မျက်စိမှိတ်ယုံကြည်လို့ မရပါဘူး။
🎯 အခွင့်အလမ်းနဲ့ အန္တရာယ်ဟာ အမြဲတမ်း အတူတူလာပါတယ်။
Crypto က နည်းပညာအသစ်တွေ၊ Decentralization နဲ့ ကမ္ဘာတစ်ဝှမ်း Digital Economy တိုးတက်လာမှုကနေ အခွင့်အလမ်းတွေ ပေးနိုင်ပါတယ်။ Stocks ကတော့ တကယ့်စီးပွားရေးလုပ်ငန်းတွေရဲ့ တိုးတက်မှုနဲ့အတူ ရေရှည် Wealth Building အတွက် အသုံးဝင်နိုင်ပါတယ်။
အဆုံးမှာတော့ Stocks vs Crypto ဆိုတာ ပြိုင်ပွဲမဟုတ်ပါဘူး။
အရေးကြီးဆုံးက ကိုယ်ဘယ်လောက်ရင်းနိုင်လဲထက် ဘယ်လောက်ဆုံးရှုံးသွားရင် ကိုယ့်ဘဝမထိခိုက်ဘဲ ခံနိုင်လဲ ဆိုတာပါ။
အမြတ်ကို မလိုက်ခင် Risk ကိုအရင်နားလည်ပါ။ ဈေးကွက်ကို အနိုင်ယူဖို့ထက် ကိုယ့်စိတ်ခံစားချက်ကို အနိုင်ယူနိုင်ဖို့က ပိုအရေးကြီးပါတယ်။
💡နောက်တစ်ချက်
Stocks ပဲဖြစ်ဖြစ်၊ Crypto ပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှု လောကထဲ မဝင်ရောက်မီ အရေးကြီးဆုံး လုပ်ဆောင်ရမည့် အရာကတော့ Emergency Fund (အရေးပေါ်ရန်ပုံငွေ) ဖယ်ချန်ထားရှိခြင်းဖြစ်ပါတယ်။
အရေးပေါ်ရန်ပုံငွေဆိုတာ မမျှော်လင့်ဘဲ အလုပ်လက်မဲ့ဖြစ်သွားတာ၊ ကျန်းမာရေးပြဿနာဖြစ်တာ ဒါမှမဟုတ် အရေးပေါ် ငွေလိုအပ်ချက်တွေ ပေါ်ပေါက်လာပါက အသုံးပြုနိုင်ရန် သီးသန့်ဖယ်ထားရမည့် ငွေကြေးဖြစ်ပါတယ်။
ဘယ်လောက်အထိ ဖယ်ထားသင့်သလဲ?
မိမိ၏ တစ်လတာ ပုံမှန် မရှိမဖြစ် ကုန်ကျစရိတ် (အိမ်လခ၊ စားစရိတ်၊ မီးဖိုး/ရေဖိုး စသည်) ၏ အနည်းဆုံး ၃ လမှ ၆ လစာ အထိ သီးသန့် ချန်ထားသင့်ပါတယ်။ ဥပမာ - တစ်လလျှင် ကုန်ကျစရိတ် ၅ သိန်း ရှိပါက အနည်းဆုံး ၁၅ သိန်းမှ သိန်း ၃၀ အထိ အရေးပေါ်ရန်ပုံငွေ ရှိထားသင့်ပါတယ်။
ဘာကြောင့် ရင်းနှီးမြှုပ်နှံမှုမတိုင်မီ ဖယ်ထားရတာလဲ?
ဈေးကွက်ကျချိန် အရှုံးမခံရစေရန်: စတော့ သို့မဟုတ် ခရစ်ပတို ဈေးကွက် ကျဆင်းနေချိန်တွင် အရေးပေါ်ငွေ လိုအပ်လာပါက အရှုံးဖြင့် ရောင်းထုတ်ရမည့် အန္တရာယ်မှ ကာကွယ်ပေးပါတယ်။
စိတ်အေးချမ်းစွာ ရင်းနှီးမြှုပ်နှံနိုင်ရန်: အရေးပေါ်ရန်ပုံငွေ ခိုင်မာစွာ ရှိနေပါက ဈေးကွက်၏ အတက်အကျ volatility အပေါ် စိုးရိမ်စိတ် လျော့နည်းသွားပြီး ရေရှည်ရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာများကို တည်ငြိမ်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ရင်းနှီးမြှုပ်နှံပြီးမှ စိတ်ပူနေရတာမျိုး မဖြစ်စေဘဲ “အမြတ်မရှာမီ ခံစစ်ကို အရင်ပြင်ပါ” ဆိုသည့်အတိုင်း Emergency Fund ကို အရင်ဆုံး စနစ်တကျ ပြင်ဆင်ထားကြဖို့ တိုက်တွန်းချင်ပါတယ်။
***မင်းတို့ရောဘယ်လိုထင်မြင်လဲ ပြောပြခဲ့ပါအုံး
@Binance Burmese #SEAstock
Carlos Rivero VZW0:
gogo
·
--
Artikel
Übersetzung ansehen
Bitcoin vs Apple: Different Ways to Invest 🍊🍎🟠 Bitcoin is a decentralized digital asset. It trades 24/7, doesn’t represent ownership in a company, and its price can be strongly influenced by market sentiment, adoption, liquidity, and global conditions. 🍎 Apple stock represents ownership in a real company. Investors can look at revenue, profits, products, cash flow, competition, and future growth when evaluating the business. The key lesson? Don’t analyze stocks exactly like crypto. A crypto chart tells only part of the story. With stocks, understanding the business behind the ticker matters too. Different assets. Different risks. Different ways to think. If you’re a crypto user exploring US Stocks or BStocks through Binance, understanding this difference is a great place to start. 📈 @BinanceKhmer #SEAstock

Bitcoin vs Apple: Different Ways to Invest 🍊🍎

🟠 Bitcoin is a decentralized digital asset. It trades 24/7, doesn’t represent ownership in a company, and its price can be strongly influenced by market sentiment, adoption, liquidity, and global conditions.
🍎 Apple stock represents ownership in a real company. Investors can look at revenue, profits, products, cash flow, competition, and future growth when evaluating the business.
The key lesson? Don’t analyze stocks exactly like crypto. A crypto chart tells only part of the story. With stocks, understanding the business behind the ticker matters too.
Different assets. Different risks. Different ways to think.
If you’re a crypto user exploring US Stocks or BStocks through Binance, understanding this difference is a great place to start. 📈
@Binance Khmer
#SEAstock
Artikel
Übersetzung ansehen
Trump Can Move the Stock Market — But How? 🇺🇸📈New to stocks? Here’s something that might surprise you: a single speech, policy announcement, or tariff decision from the US president can trigger major moves in the stock market. But why? The answer is simple: markets react to expectations. 🇺🇸 Tariffs can increase costs for companies that rely on imported goods, potentially affecting profits. 💰 Tax and economic policies can change how much businesses earn and how investors value them. 🏦 Interest-rate expectations can also move markets because rates influence borrowing costs, consumer spending, and how investors value future profits. But here’s the important part: Trump doesn’t control the stock market. Investors, companies, the Federal Reserve, economic data, global events, and millions of market participants all play a role. So don’t just react to a headline. Ask three questions: What changed? Which companies could be affected? And does it change their business outlook? For crypto users exploring US Stocks or BStocks, understanding how politics, economics, and business fundamentals connect to markets is a great place to start. If you’re a beginner, would you rather learn stocks through company fundamentals or market news first? 👇 @BinanceKhmer #SEAstock

Trump Can Move the Stock Market — But How? 🇺🇸📈

New to stocks? Here’s something that might surprise you: a single speech, policy announcement, or tariff decision from the US president can trigger major moves in the stock market.
But why?
The answer is simple: markets react to expectations.
🇺🇸 Tariffs can increase costs for companies that rely on imported goods, potentially affecting profits.
💰 Tax and economic policies can change how much businesses earn and how investors value them.
🏦 Interest-rate expectations can also move markets because rates influence borrowing costs, consumer spending, and how investors value future profits.
But here’s the important part: Trump doesn’t control the stock market. Investors, companies, the Federal Reserve, economic data, global events, and millions of market participants all play a role.
So don’t just react to a headline. Ask three questions: What changed? Which companies could be affected? And does it change their business outlook?
For crypto users exploring US Stocks or BStocks, understanding how politics, economics, and business fundamentals connect to markets is a great place to start.
If you’re a beginner, would you rather learn stocks through company fundamentals or market news first? 👇
@Binance Khmer
#SEAstock
Artikel
Übersetzung ansehen
bStocks ແມ່ນຫຍັງ? ຄູ່ມືສະຫຼຸບກ່ຽວກັບ Tokenized Stocks ເທິງ BinancebStocks ແມ່ນ Tokenized Securities ທີ່ນຳຮຸ້ນຈິງຂອງສະຫະລັດມາຢູ່ໃນ Blockchain ເພື່ອໃຫ້ຜູ້ໃຊ້ສາມາດຊື້, ຂາຍ ແລະ ຖືຄອງໄດ້ຄືກັບສິນຊັບຄຣິບໂຕ ໂດຍທຸກໆ 1 bStock ຈະຖືກຄໍ້າປະກັນດ້ວຍຮຸ້ນຈິງ 1:1 ທີ່ເກັບໄວ້ກັບ Custodian ທີ່ມີການກຳກັບດູແລ. 🔑 ຈຸດເດັ່ນຂອງ bStocks ✅ 1. ຄໍ້າປະກັນ 1:1 ທຸກ bStock ມີຮຸ້ນຈິງຮອງຮັບ 1:1 ສາມາດກວດສອບຫຼັກປະກັນໄດ້ຜ່ານ Proof of Collateral. ✅ 2. ຊື້ຂາຍໄດ້ 24/7 ບໍ່ຕ້ອງລໍຖ້າຕະຫຼາດຮຸ້ນເປີດ ສາມາດເທຣດໄດ້ຕະຫຼອດ 24 ຊົ່ວໂມງ 7 ວັນ/ອາທິດ. ✅ 3. Settlement ໄວ ການໂອນສຳເລັດໃນເວລາສັ້ນ (ໂດຍປົກກະຕິພາຍໃນບໍ່ກີ່ວິນາທີ) ບໍ່ຕ້ອງລໍຖ້າ T+1 ເຫມືອນຕະຫຼາດຮຸ້ນແບບເກົ່າ. ✅ 4. ເລີ່ມລົງທຶນໄດ້ດ້ວຍເງິນນ້ອຍ ຊື້ Fractional Shares ໄດ້ ເລີ່ມຕົ້ນພຽງ US$5. ✅ 5. Self-Custody bStocks ເປັນ Token ມາດຕະຖານ BEP-20 ເທິງ BNB Smart Chain ສາມາດຖອນໄປຍັງ Wallet ຂອງຕົນເອງໄດ້. ✅ 6. ນຳໄປໃຊ້ໃນ DeFi ສາມາດນຳ bStocks ໄປໃຊ້ໃນບໍລິການ DeFi ເຊັ່ນ Lending, Staking ແລະ ໂປຣໂຕຄອລອື່ນໆ ທີ່ຮອງຮັບ. 💰 ເງິນປັນຜົນ (Dividends) ບໍ່ໄດ້ຈ່າຍເປັນເງິນສົດ. ມູນຄ່າເງິນປັນຜົນຫຼັງຫັກພາສີຈະຖືກນຳໄປລົງທຶນຄືນໃນຮຸ້ນພື້ນຖານ ແລະ ຈຳນວນ bStocks ຂອງທ່ານຈະເພີ່ມຂຶ້ນອັດຕະໂນມັດຜ່ານລະບົບ Multiplier. ⚠️ bStocks ຄືກັບການຖືຮຸ້ນຈິງບໍ? ຄຳຕອບ: bStocks  ບໍ່ຄືກັບການຖືຮຸ້ນຈິງ. bStocks ບໍ່ໄດ້ໃຫ້ທ່ານເປັນຜູ້ຖືຮຸ້ນໂດຍກົງ ແຕ່ເປັນ Tokenized Security ທີ່ໃຫ້ການເຂົ້າເຖິງ: ການເຄື່ອນໄຫວຂອງລາຄາຮຸ້ນ ຜົນປະໂຫຍດທາງເສດຖະກິດ (ເຊັ່ນ ເງິນປັນຜົນ) ແຕ່ບໍ່ແມ່ນການເປັນຜູ້ຖືຮຸ້ນໂດຍກົງ. 📌 ສະຫຼຸບ bStocks ເປັນການນຳຮຸ້ນຈິງມາສູ່ Blockchain ເຮັດໃຫ້ນັກລົງທຶນສາມາດ: ຊື້ຂາຍໄດ້ 24/7 ລົງທຶນເປັນສ່ວນຍ່ອຍໄດ້ ຖືຄອງໃນ Wallet ຂອງຕົນເອງ ນຳໄປໃຊ້ໃນ DeFi ໄດ້ຮັບຜົນປະໂຫຍດຈາກຮຸ້ນພື້ນຖານ ພ້ອມຄວາມໂປ່ງໃສດ້ວຍການຄໍ້າປະກັນ 1:1. 📖 ອ່ານເພີ່ມເຕີມໄດ້ທີ່: [https://www.binance.com/ru/academy/articles/what-are-bstocks-a-guide-to-tokenized-stocks-on-binance](https://www.binance.com/ru/academy/articles/what-are-bstocks-a-guide-to-tokenized-stocks-on-binance) {spot}(CRCLBUSDT) {spot}(NVDABUSDT) {spot}(TSMBUSDT) @BinanceLaotian #SEABstock #SEAstock

bStocks ແມ່ນຫຍັງ? ຄູ່ມືສະຫຼຸບກ່ຽວກັບ Tokenized Stocks ເທິງ Binance

bStocks ແມ່ນ Tokenized Securities ທີ່ນຳຮຸ້ນຈິງຂອງສະຫະລັດມາຢູ່ໃນ Blockchain ເພື່ອໃຫ້ຜູ້ໃຊ້ສາມາດຊື້, ຂາຍ ແລະ ຖືຄອງໄດ້ຄືກັບສິນຊັບຄຣິບໂຕ ໂດຍທຸກໆ 1 bStock ຈະຖືກຄໍ້າປະກັນດ້ວຍຮຸ້ນຈິງ 1:1 ທີ່ເກັບໄວ້ກັບ Custodian ທີ່ມີການກຳກັບດູແລ.
🔑 ຈຸດເດັ່ນຂອງ bStocks
✅ 1. ຄໍ້າປະກັນ 1:1
ທຸກ bStock ມີຮຸ້ນຈິງຮອງຮັບ 1:1
ສາມາດກວດສອບຫຼັກປະກັນໄດ້ຜ່ານ Proof of Collateral.
✅ 2. ຊື້ຂາຍໄດ້ 24/7
ບໍ່ຕ້ອງລໍຖ້າຕະຫຼາດຮຸ້ນເປີດ
ສາມາດເທຣດໄດ້ຕະຫຼອດ 24 ຊົ່ວໂມງ 7 ວັນ/ອາທິດ.
✅ 3. Settlement ໄວ
ການໂອນສຳເລັດໃນເວລາສັ້ນ (ໂດຍປົກກະຕິພາຍໃນບໍ່ກີ່ວິນາທີ)
ບໍ່ຕ້ອງລໍຖ້າ T+1 ເຫມືອນຕະຫຼາດຮຸ້ນແບບເກົ່າ.
✅ 4. ເລີ່ມລົງທຶນໄດ້ດ້ວຍເງິນນ້ອຍ
ຊື້ Fractional Shares ໄດ້ ເລີ່ມຕົ້ນພຽງ US$5.
✅ 5. Self-Custody
bStocks ເປັນ Token ມາດຕະຖານ BEP-20 ເທິງ BNB Smart Chain ສາມາດຖອນໄປຍັງ Wallet ຂອງຕົນເອງໄດ້.
✅ 6. ນຳໄປໃຊ້ໃນ DeFi
ສາມາດນຳ bStocks ໄປໃຊ້ໃນບໍລິການ DeFi ເຊັ່ນ Lending, Staking ແລະ ໂປຣໂຕຄອລອື່ນໆ ທີ່ຮອງຮັບ.
💰 ເງິນປັນຜົນ (Dividends)
ບໍ່ໄດ້ຈ່າຍເປັນເງິນສົດ.
ມູນຄ່າເງິນປັນຜົນຫຼັງຫັກພາສີຈະຖືກນຳໄປລົງທຶນຄືນໃນຮຸ້ນພື້ນຖານ ແລະ ຈຳນວນ bStocks ຂອງທ່ານຈະເພີ່ມຂຶ້ນອັດຕະໂນມັດຜ່ານລະບົບ Multiplier.
⚠️ bStocks ຄືກັບການຖືຮຸ້ນຈິງບໍ?
ຄຳຕອບ: bStocks ບໍ່ຄືກັບການຖືຮຸ້ນຈິງ.
bStocks ບໍ່ໄດ້ໃຫ້ທ່ານເປັນຜູ້ຖືຮຸ້ນໂດຍກົງ ແຕ່ເປັນ Tokenized Security ທີ່ໃຫ້ການເຂົ້າເຖິງ:
ການເຄື່ອນໄຫວຂອງລາຄາຮຸ້ນ
ຜົນປະໂຫຍດທາງເສດຖະກິດ (ເຊັ່ນ ເງິນປັນຜົນ)
ແຕ່ບໍ່ແມ່ນການເປັນຜູ້ຖືຮຸ້ນໂດຍກົງ.
📌 ສະຫຼຸບ
bStocks ເປັນການນຳຮຸ້ນຈິງມາສູ່ Blockchain ເຮັດໃຫ້ນັກລົງທຶນສາມາດ:
ຊື້ຂາຍໄດ້ 24/7
ລົງທຶນເປັນສ່ວນຍ່ອຍໄດ້
ຖືຄອງໃນ Wallet ຂອງຕົນເອງ
ນຳໄປໃຊ້ໃນ DeFi
ໄດ້ຮັບຜົນປະໂຫຍດຈາກຮຸ້ນພື້ນຖານ ພ້ອມຄວາມໂປ່ງໃສດ້ວຍການຄໍ້າປະກັນ 1:1.
📖 ອ່ານເພີ່ມເຕີມໄດ້ທີ່: https://www.binance.com/ru/academy/articles/what-are-bstocks-a-guide-to-tokenized-stocks-on-binance
@Binance Laotian
#SEABstock #SEAstock
Artikel
📈 Wenn du schon Krypto nutzt, warum solltest du dann auch Aktien kennenlernen?📈 Viele, die sich für Krypto interessieren, haben vielleicht bereits über Bitcoin, Ethereum und Altcoins gelernt. Aber die Investment-Welt endet nicht bei nur einer Krypto-Sache. Was sind Aktien? Was ist BStocks? Worin unterscheidet sich Krypto davon?

📈 Wenn du schon Krypto nutzt, warum solltest du dann auch Aktien kennenlernen?

📈 Viele, die sich für Krypto interessieren, haben vielleicht bereits über Bitcoin, Ethereum und Altcoins gelernt. Aber die Investment-Welt endet nicht bei nur einer Krypto-Sache.
Was sind Aktien? Was ist BStocks? Worin unterscheidet sich Krypto davon?
Anmelden und weiter Inhalte entdecken
Krypto-Nutzer weltweit auf Binance Square kennenlernen
⚡️ Bleib in Sachen Krypto stets am Puls.
💬 Die weltgrößte Kryptobörse vertraut darauf.
👍 Erhalte verlässliche Einblicke von verifizierten Creators.
E-Mail-Adresse/Telefonnummer