Binance Square
#healthycommunity

healthycommunity

68 Aufrufe
3 Kommentare
Yvone Baros M4qV
·
--
Übersetzung ansehen
🌍 Clean Up Day With Binance — ပိုမိုသန့်ရှင်းသော မနက်ဖြန်အတွက် သေးငယ်သော ခြေလှမ်းတစ်လှမ်း 🍃ကျနော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝမှာ ပလတ်စတစ်ပုလင်း အလွတ်တစ်လုံး သို့မဟုတ် အမှိုက်စလေး တစ်ခုကို ပစ်ချလိုက်တာဟာ သေးငယ်တဲ့ ကိစ္စတစ်ခုလို ထင်ရသော်လည်း အဆိုပါ အမှိုက်သေးသေးလေးတွေ စုပုံလာတဲ့အခါ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက်စေပါတယ်။ မိမိတို့ရဲ့ ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးဟာ လူတစ်ဦးတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်ဘဲ ကျနော်တို့ အားလုံး ပါဝင်ဆောင်ရွက်ကြရမယ့် ဘုံတာဝန်တစ်ခု ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျနော်ဟာ #CleanUpDayWithBinance Campaign မှာ ပါဝင်ပြီး မိမိ ပတ်ဝန်းကျင်ကို သန့်ရှင်းရေး ပြုလုပ်ခဲ့ပါတယ်။ အမှိုက်တွေကို စနစ်တကျ ကောက်ယူသိမ်းဆည်းလိုက်တာဟာ သေးငယ်တဲ့ အပြုအမူလေးတစ်ခု ဖြစ်ပေမဲ့ ဒီလို သန့်ရှင်းတဲ့ နေရာတစ်ခုကို ဖန်တီးပေးနိုင်တာဟာ မိမိကိုယ်တိုင်အတွက်တင်မကဘဲ ပတ်ဝန်းကျင်မှာရှိတဲ့ သူများအတွက်ပါ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူး အများကြီး ရရှိစေတယ်ဆိုတာကို ပိုမို နားလည်သဘောပေါက်လာရပါတယ်။ သန့်ရှင်းပြီး စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်တစ်ခုကို လိုလားရခြင်းဟာ လက်ရှိ ကျနော်တို့ရဲ့ ကျန်းမာရေးနဲ့ လူနေမှုအဆင့်အတန်း တိုးတက်ဖို့အတွက်တင် မကပါဘူး။ အနာဂတ် နောက်လာနောက်သား မျိုးဆက်သစ်တွေအတွက် ပိုမိုကောင်းမွန်ပြီး နေပျော်ဖွယ်ရာ ကမ္ဘာကြီးတစ်ခုကို လက်ဆောင်အဖြစ် ချန်ထားရစ်ခဲ့ချင်တဲ့ ဆန္ဒကြောင့်လည်း ဖြစ်ပါတယ်။ လမ်းမပေါ်မှာ အမှိုက်တွေကို တွေ့မြင်နေရလျက်နဲ့ ဒီအတိုင်း ဒီအတိုင်း ကျော်လွန်သွားတာထက်စာရင် မိမိ တတ်နိုင်သလောက် လက်တွေ့ ပါဝင်ကူညီ ဆောင်ရွက်ပေးတာဟာ အလွန်ပဲ အဓိပ္ပာယ်ရှိတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ သေးငယ်တဲ့ ပါဝင်မှုတိုင်းဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖန်တီးပေးနိုင်ပါတယ်။ မိမိတို့ရဲ့ အိမ်၊ လမ်း၊ ပတ်ဝန်းကျင်ကစလို့ အမှိုက်မပစ်ခြင်း၊ စနစ်တကျ စွန့်ပစ်ခြင်း စတဲ့ အလေ့အကျင့်ကောင်းတွေကို အတူတကွ မွေးမြူကြရအောင်ပါ။ ဒီနေ့ ကျနော်တို့ ပြုလုပ်လိုက်တဲ့ သန့်ရှင်းရေး အလေ့အကျင့်လေးက ပိုမိုသာယာလှပတဲ့ မနက်ဖြန်အတွက် အခြေခံအုတ်မြစ် ဖြစ်လာမှာပါ။ Binancians တို့လည်း Binance နဲ့အတူ ကိုယ့်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် လုပ်ဆောင်ပြီး ပိုမို စိမ်းလန်းတဲ့ အနာဂတ်ဆီ အတူတကွ လျှောက်လှမ်းကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ #CleanUpDayWithBinance #Binance #CleanEnvironment #HealthyCommunity

🌍 Clean Up Day With Binance — ပိုမိုသန့်ရှင်းသော မနက်ဖြန်အတွက် သေးငယ်သော ခြေလှမ်းတစ်လှမ်း 🍃

ကျနော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝမှာ ပလတ်စတစ်ပုလင်း အလွတ်တစ်လုံး သို့မဟုတ် အမှိုက်စလေး တစ်ခုကို ပစ်ချလိုက်တာဟာ သေးငယ်တဲ့ ကိစ္စတစ်ခုလို ထင်ရသော်လည်း အဆိုပါ အမှိုက်သေးသေးလေးတွေ စုပုံလာတဲ့အခါ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက်စေပါတယ်။ မိမိတို့ရဲ့ ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးဟာ လူတစ်ဦးတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်ဘဲ ကျနော်တို့ အားလုံး ပါဝင်ဆောင်ရွက်ကြရမယ့် ဘုံတာဝန်တစ်ခု ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ကျနော်ဟာ #CleanUpDayWithBinance Campaign မှာ ပါဝင်ပြီး မိမိ ပတ်ဝန်းကျင်ကို သန့်ရှင်းရေး ပြုလုပ်ခဲ့ပါတယ်။ အမှိုက်တွေကို စနစ်တကျ ကောက်ယူသိမ်းဆည်းလိုက်တာဟာ သေးငယ်တဲ့ အပြုအမူလေးတစ်ခု ဖြစ်ပေမဲ့ ဒီလို သန့်ရှင်းတဲ့ နေရာတစ်ခုကို ဖန်တီးပေးနိုင်တာဟာ မိမိကိုယ်တိုင်အတွက်တင်မကဘဲ ပတ်ဝန်းကျင်မှာရှိတဲ့ သူများအတွက်ပါ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူး အများကြီး ရရှိစေတယ်ဆိုတာကို ပိုမို နားလည်သဘောပေါက်လာရပါတယ်။
သန့်ရှင်းပြီး စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်တစ်ခုကို လိုလားရခြင်းဟာ လက်ရှိ ကျနော်တို့ရဲ့ ကျန်းမာရေးနဲ့ လူနေမှုအဆင့်အတန်း တိုးတက်ဖို့အတွက်တင် မကပါဘူး။ အနာဂတ် နောက်လာနောက်သား မျိုးဆက်သစ်တွေအတွက် ပိုမိုကောင်းမွန်ပြီး နေပျော်ဖွယ်ရာ ကမ္ဘာကြီးတစ်ခုကို လက်ဆောင်အဖြစ် ချန်ထားရစ်ခဲ့ချင်တဲ့ ဆန္ဒကြောင့်လည်း ဖြစ်ပါတယ်။ လမ်းမပေါ်မှာ အမှိုက်တွေကို တွေ့မြင်နေရလျက်နဲ့ ဒီအတိုင်း ဒီအတိုင်း ကျော်လွန်သွားတာထက်စာရင် မိမိ တတ်နိုင်သလောက် လက်တွေ့ ပါဝင်ကူညီ ဆောင်ရွက်ပေးတာဟာ အလွန်ပဲ အဓိပ္ပာယ်ရှိတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။
သေးငယ်တဲ့ ပါဝင်မှုတိုင်းဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖန်တီးပေးနိုင်ပါတယ်။ မိမိတို့ရဲ့ အိမ်၊ လမ်း၊ ပတ်ဝန်းကျင်ကစလို့ အမှိုက်မပစ်ခြင်း၊ စနစ်တကျ စွန့်ပစ်ခြင်း စတဲ့ အလေ့အကျင့်ကောင်းတွေကို အတူတကွ မွေးမြူကြရအောင်ပါ။ ဒီနေ့ ကျနော်တို့ ပြုလုပ်လိုက်တဲ့ သန့်ရှင်းရေး အလေ့အကျင့်လေးက ပိုမိုသာယာလှပတဲ့ မနက်ဖြန်အတွက် အခြေခံအုတ်မြစ် ဖြစ်လာမှာပါ။
Binancians တို့လည်း Binance နဲ့အတူ ကိုယ့်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် လုပ်ဆောင်ပြီး ပိုမို စိမ်းလန်းတဲ့ အနာဂတ်ဆီ အတူတကွ လျှောက်လှမ်းကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
#CleanUpDayWithBinance #Binance #CleanEnvironment #HealthyCommunity
🌱 Eine saubere Umgebung kann eine bessere Zukunft für alle schaffen. Heute haben wir gemeinsam mit Binance um #CleanUpDayWithBinance teilgenommen und unsere Umgebung sauber gehalten. 🧤💛 Das Aufheben eines Stücks Müll mag wie eine kleine Handlung erscheinen, aber wenn alle so viel beitragen, wie sie können, kann eine große Veränderung entstehen. In einer sauberen Umgebung zu leben kann auch eine gesündere und sicherere Gemeinschaft schaffen. Kleine Handlungen können einen großen Unterschied machen. 🌍✨ Lasst uns ab heute selbst keinen Müll mehr wegwerfen und die Umwelt schützen. Mit Binance gemeinsam einen saubereren Tag und ein strahlenderes Morgen schaffen. 💛 #CleanUpDayWithBinance #Binance #CleanEnvironment #HealthyCommunity
🌱 Eine saubere Umgebung kann eine bessere Zukunft für alle schaffen.
Heute haben wir gemeinsam mit Binance um #CleanUpDayWithBinance teilgenommen und unsere Umgebung sauber gehalten. 🧤💛
Das Aufheben eines Stücks Müll mag wie eine kleine Handlung erscheinen, aber wenn alle so viel beitragen, wie sie können, kann eine große Veränderung entstehen. In einer sauberen Umgebung zu leben kann auch eine gesündere und sicherere Gemeinschaft schaffen.
Kleine Handlungen können einen großen Unterschied machen. 🌍✨
Lasst uns ab heute selbst keinen Müll mehr wegwerfen und die Umwelt schützen. Mit Binance gemeinsam einen saubereren Tag und ein strahlenderes Morgen schaffen. 💛
#CleanUpDayWithBinance #Binance #CleanEnvironment #HealthyCommunity
البنداق AYMEN:
🌹🌹🌹✅😘😘😘
Anmelden und weiter Inhalte entdecken
Krypto-Nutzer weltweit auf Binance Square kennenlernen
⚡️ Bleib in Sachen Krypto stets am Puls.
💬 Die weltgrößte Kryptobörse vertraut darauf.
👍 Erhalte verlässliche Einblicke von verifizierten Creators.
E-Mail-Adresse/Telefonnummer