Spot Trading for Beginners

Crypto Trading ကို စတင်လေ့လာမယ်ဆိုရင် Spot Trading က အရင်ဆုံးနားလည်ထားသင့်တဲ့ Trading ပုံစံတွေထဲက တစ်ခုပါ။

ဒါဆို Spot Trading ဆိုတာ ဘာလဲ? ဘယ်လိုအလုပ်လုပ်လဲ? Beginner တစ်ယောက်အနေနဲ့ ဘာတွေသိထားသင့်လဲ?

💡 Spot Trading ဆိုတာဘာလဲ?

အလွယ်ပြောရရင် Spot Trading ဆိုတာ Crypto Asset တစ်ခုကို လက်ရှိ Market Priceမှာ ဝယ်ယူပြီး ကိုယ်ပိုင် Asset အဖြစ် ကိုင်ဆောင်ထားတာ၊ ဒါမှမဟုတ် ကိုင်ထားတဲ့ Asset ကို ပြန်ရောင်းတာ ဖြစ်ပါတယ်။

ဥပမာ $BTC ကို $60,000 နဲ့ ဝယ်ပြီး နောက်ပိုင်း $65,000 ရောက်တဲ့အချိန်မှာ ရောင်းလိုက်ရင် Price Difference ကနေ Profit ရနိုင်ပါတယ်။

တစ်ဖက်မှာလည်း BTC Price ကျသွားရင် Loss ဖြစ်နိုင်တာကို သတိထားရပါမယ်။

🛒 Spot Trading ဘယ်လိုလုပ်လဲ?

Spot Trading မှာ အခြေခံအားဖြင့် Buy နဲ့ Sell ဆိုတဲ့ Order နှစ်မျိုးကို အဓိကအသုံးပြုပါတယ်။

Buy order: ကိုယ်ဝယ်ချင်တဲ့ Crypto ကို ရွေးပြီး သတ်မှတ်ထားတဲ့ Price နဲ့ ဝယ်ယူခြင်း။

Sell order: ကိုယ်ပိုင်ထားတဲ့ Crypto ကို သတ်မှတ်ထားတဲ့ Price နဲ့ ပြန်ရောင်းခြင်း။

Trade တစ်ခုမလုပ်ခင် ဘယ်လောက်ဝယ်မလဲ၊ ဘယ် Price မှာ ဝယ်မလဲ၊ ဘယ်အခြေအနေမှာ ရောင်းမလဲဆိုတာ ကြိုတင်စဉ်းစားထားတာက အရေးကြီးပါတယ်။

🌱 Beginner တွေအတွက် Spotက ဘာကြောင့် နားလည်ရလွယ်လဲ?

Spot Trading မှာ Futures လို Leverage နဲ့ Liquidation ကို တစ်ခါတည်း ထည့်စဉ်းစားစရာမလိုတာကြောင့် Trading ရဲ့ အခြေခံကို စတင်လေ့လာဖို့ ပိုရိုးရှင်းပါတယ်။

ဒါပေမယ့် ရိုးရှင်းတယ်ဆိုတာ Risk မရှိဘူးလို့ မဆိုလိုပါဘူး။ Crypto Price တွေက မြန်မြန်ဆန်ဆန် တက်နိုင်သလို ကျနိုင်တာကြောင့် ကိုယ့်ရဲ့ Risk ကို အမြဲထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

🧠 Spot Trading မလုပ်ခင် သိထားသင့်တာတွေ

Beginner တစ်ယောက်အနေနဲ့ အရင်ဆုံး

- ကိုယ် Trade လုပ်မယ့် Asset ကို လေ့လာပါ။

- ကိုယ်ဆုံးရှုံးနိုင်တဲ့ Amount ကို သတ်မှတ်ထားပါ။

- Fees တွေကို နားလည်ထားပါ။

- FOMO ဖြစ်ပြီး အလျင်စလို မဝယ်ပါနဲ့။

- Profit ရဖို့ထက် Risk Management ကို အရင်လေ့လာပါ။

Trading ဆိုတာ Buy လုပ်ပြီး Price တက်တာကို စောင့်ရုံတင်မဟုတ်ပါဘူး။ ကိုယ်ဘာကြောင့် ဝယ်တာလဲ၊ ဘယ်လောက် Risk ယူနိုင်လဲ၊ ဘယ်အချိန်မှာ ထွက်မလဲဆိုတာ နားလည်ထားဖို့လည်း လိုပါတယ်။

Spot Trading ရဲ့ အခြေခံကို သေချာနားလည်ထားခြင်းက နောက်ထပ် Trading Concepts တွေကို ဆက်လက်လေ့လာဖို့ ကောင်းတဲ့ Starting Point တစ်ခု ဖြစ်နိုင်ပါတယ်။

⚠️ Disclaimer: ဤ Content သည် Educational Purpose အတွက်သာ ဖြစ်ပြီး Financial Advice မဟုတ်ပါ။ Crypto Trading တွင် အမြတ်ရနိုင်သလို ငွေကြေးဆုံးရှုံးနိုင်သည့် Risk လည်း ရှိပါသည်။ Trade မပြုလုပ်မီ သက်ဆိုင်ရာ Product Details, Fees, Risks နှင့် Terms များကို ကိုယ်တိုင်လေ့လာပြီး မိမိ၏ Financial Situation နှင့် Risk Tolerance အပေါ်မူတည်၍ ဆုံးဖြတ်ပါ။

#SpotTrading. #Beginnersguide #Falcon