တစ်ခါတလေ ကိုယ့်ပတ်ဝန်းကျင်မှာ အမှိုက်တွေကို စည်းကမ်းမရှိဘဲ စွန့်ပစ်နေတာကိုမြင်ရင် “ဒီလေးတွေကို ဒီလိုမပစ်ကြရင် ကောင်းမှာပဲ” လို့ တွေးမိပါတယ်။
ဘာလို့လဲဆိုတော့ အမှိုက်တွေကို စည်းကမ်းမရှိဘဲပစ်မိရာကနေ ရေမြောင်းတွေ ပိတ်ဆို့လာမယ်။ ရေမြောင်းတွေ ပိတ်ဆိုတာနဲ့ ခြင်တွေလည်း ပေါက်ဖွားလာနိုင်တဲ့အတွက် ခြင်ကနေတစ်ဆင့် ကူးစက်ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။ ထို့အတူပဲ ရေစီးရေလာ မကောင်းတော့တဲ့အတွက် အခုလို မိုးရာသီမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာစေပါတယ်။ သန့်ရှင်းနေတဲ့ လမ်းတွေ၊ သန့်ရှင်းနေတဲ့ ရေတွေ၊ စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေကြားမှာ နေထိုင်ရတာကို လူတိုင်း လိုချင်ကြမယ်ထင်ပါတယ်။ ဒါပေမယ့် သန့်ရှင်းတဲ့ကမ္ဘာကြီးကို လိုချင်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ်တိုင်လည်း အစပြုဖို့လိုတယ်။ ကိုယ်တိုင်စပြီး အမှိုက်တွေကို စနစ်တကျ စွန့်ပစ်သင့်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းကောင်းမှလည်း ပိုသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မလိုချင်တာက ဒီနေ့အတွက် သန့်ရှင်းတဲ့ပတ်ဝန်းကျင်တစ်ခုတင် မဟုတ်ပါဘူး။ မနက်ဖြန်မှာ ကျွန်မတို့ချစ်ရတဲ့သူတွေ၊ နောက်မျိုးဆက်သစ်လေးတွေ သန့်ရှင်းလှပတဲ့ကမ္ဘာကြီးထဲမှာ အသက်ရှင်နေထိုင်နိုင်ဖို့ ဖြစ်ပါတယ်။ အမှိုက်တစ်စကို ကောက်လိုက်တာက ဘာမှမပြောပလောက်တဲ့ လုပ်ရပ်တစ်ခု ဖြစ်နိုင်ပေမယ့် လူတိုင်းက ကိုယ့်အပိုင်းကိုယ် တာဝန်ယူလာရင် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။
ဒီနေ့ Binance နဲ့အတူ Clean Up Day မှာ ပါဝင်ရင်း ကျွန်မရဲ့ ဆန္ဒတစ်ခုကို မျှဝေချင်ပါတယ်။
ကျွန်မတို့နေထိုင်တဲ့ကမ္ဘာကြီးကို သန့်ရှင်းသာယာလှပတဲ့ကမ္ဘာအဖြစ်ထားရုံမက၊ နောက်မျိုးဆက်တွေဆီကိုလည်း သန့်ရှင်းပြီး စိမ်းလန်းစိုပြေတဲ့ကမ္ဘာကြီးတစ်ခုအဖြစ် လက်ဆင့်ကမ်းပေးချင်မိပါတယ်။လက်ဆင့်ကမ်းပေးနိုင်အောင်လည်း ကြိုးစားနေပါတယ်။ တစ်ဦးတစ်ယောက်ကောင်းရုံနဲ့ မလုံလောက်တာကြောင့် အားလုံးအတူတူ ပါဝင်ပေးကြဖို့အတွက်လည်း တိုက်တွန်းလိုက်ရပါတယ်ရှင့်။We can do it.🥰💪🍀🫰🍊
