DCA ဆိုတာဘာလဲ?

DCA (Dollar-Cost Averaging) — bu kripto bozori katta narxlar o‘zgaruvchan bo‘lib turgan paytda, Crypto Coin’lardan bittasini (yoki bir nechta Coin’larni) ma’lum vaqt oralig‘ida, masalan 4 soatda bir marta 20$ miqdorida, haftasiga 20$, oyiga 50$ miqdorida belgilab, narx ko‘tarilgan-ko‘tarilmaganidan qat’i nazar asta-sekin xarid qilib borish usulini anglatadi.

DCA ကို ဘာကြောင့်လုပ်သင့်လဲ?

ကိုယ်က ရေရှည် Coin တွေကို HODL မယ်ဆိုရင် အဆင်ပြေတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ ဈေးမတည်မငြိမ် ဖြစ်နေတဲ့အချိန်မျိုးမှာ ဈေးအမြင့်မှာ အလုံးအရင်းနဲ့ ဝယ်လိုက်တဲ့အခါ Loss ဖြစ်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ DCA နည်းနဲ့ ဝယ်မယ်ဆိုရင် Risk Control လည်း လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Risk-Free တော့မဟုတ်ပါ။

DCA လုပ်တဲ့အခါမှာ ကိုယ်ရွေးချယ်မယ့် Coin/project တွေက ခိုင်မာဖို့လည်း အဓိကကျပါသေးတယ်။ Potential ရှိတဲ့ Coin မျိုးတွေကိုပဲ အဓိကထား လုပ်စေချင်ပါတယ်။ (ဥပမာ— BTC၊ ETH)

ကိုယ်က ဒီ Coin / Project တစ်ခုကို စတင် DCA လုပ်မယ်ဆိုရင်လည်း ဒီ Coin/Project က Strong ဖြစ်ရဲ့လား၊ Potential ကော ရှိရဲ့လား ဆိုတာကို အရင်သိထားဖို့လိုပါသေးတယ်။

DCA နည်းဟာဆိုရင် Long term investment လုပ်ဖို့အတွက်လည်း သင့်လျော်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ DCA ကို ပုံမှန်လုပ်သွားရင် အချိန်တစ်ခုရောက်တဲ့အခါ ကောင်းမွန်တဲ့ အမြတ်တစ်ခု ရလဒ်တစ်ခုကို ပေးနိုင်မှာ ဖြစ်ပါတယ်။

Binance မှာ DCA ကိုဘယ်လိုလုပ်မလဲ?

Binance App > > Trade > > Convert > > Recurring ကနေလုပ်လို့ရပါတယ်။

ပထမဆုံး ကိုယ်ဘယ် Coin ကနေ ဘယ် Coinကို ဝယ်မလဲဆိုတာကို အများဆုံး အသုံးပြုကြတာကတော့ USDT၊ USDC နဲ့ FDUSD တို့ပါ။

From မှာ Stable Coin (USDC၊ USDT၊ FDUSD) ကို ရွေးပါ။

To မှာ BTC တစ်ခုထဲနဲ့ DCA လုပ်မလား၊ ဒါမှမဟုတ် Add ကိုနှိပ်ပြီး BTC၊ BNB၊ ETH သုံးခုလုပ်မလား ရွေးပါ။ Percentage တွေကတော့ အချိုးကျ ဝယ်ပေးမယ့် သဘောဖြစ်ပါတယ်။ BTC 50% ဖိုး၊ BNB 25%၊ ETH 25% ဖိုး ဆိုပြီး ကိုယ်ပိုဝယ်ချင်တဲ့ Coin ကို Percentage ပြောင်းပြီးထားလို့ရပါတယ်။

Frequency မှာဆိုရင် ကိုယ်ဘယ်အချိန်မှာ ဝယ်မလဲဆိုတာကို ရွေးချယ်ပေးရပါဖြစ်ပါတယ်။

Plan အမည်ကတော့ အဆင်ပြေတာထားပါ။

Assets Destination မှာဆိုရင် ကိုယ် DCA လုပ်ထားတဲ့ Coin ကို Spot ထဲထားမလား၊ Earn ထဲထည့်ပြီး အတိုးယူသွားမလားဆိုပြီး သတ်မှတ်လို့ရပါတယ်။

အပေါ်က အချက်တွေ ထည့်ပြီး ကိုယ်စိတ်တိုင်းကျပြီဆိုလျှင် Confirm ကိုနှိပ်ပေးလိုက်လို့ရပါပြီ။

#DCA #BinanceSquare #BinanceMyanmar

DOGE
DOGE
0.08816
+3.12%