Traditional Finance မှာ Public Company တွေက လည်ပတ်နေတဲ့ Shares အရေအတွက်ကို လျှော့ချဖို့ Stock Buyback ပြုလုပ်လေ့ရှိပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျန်ရှိနေတဲ့ Shares တွေရဲ့ တန်ဖိုးကို မြင့်တက်စေနိုင်ပါတယ်။ Web3 မှာ ဒီလို Mechanism နဲ့ ဆင်တူတာကတော့ "Coin Burn" ဖြစ်ပါတယ်။

Coin Burn ဆိုတာက Project တစ်ခုက သူတို့ရဲ့ Token အချို့ကို Blockchain ပေါ်မှာ အသုံးပြုလို့မရနိုင်တော့တဲ့ “Eater” ဒါမှမဟုတ် “Dead Address” ဆီကို ပို့ပြီး Circulation ထဲကနေ အပြီးအပိုင် ဖယ်ရှားလိုက်တာကို ဆိုလိုပါတယ်။

Project တစ်ခုရဲ့ ရေရှည်တည်တံ့နိုင်မှုကို အကဲဖြတ်တဲ့အခါ Token ထုတ်ပေးတဲ့နှုန်း (Issuance Rate) နဲ့ Token Burn ပြုလုပ်တဲ့ အစီအစဉ် (Burn Schedule) နှစ်ခုလုံးကို နားလည်ထားဖို့ အလွန်အရေးကြီးပါတယ်။
#coinburn #Falcon
@Binance Academy