🌕✨ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ ဆုတောင်း ✨🕯️
ဒီကနေ့ဟာ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့လေးပါ။ ဒီလိုညဟာ ဆေးပေါင်းခတဲ့ည၊ ဆုတောင်းပြည့်တဲ့ညလို့ ဆိုကြပါတယ်။
ဒါ့ကြောင့် ဆုတောင်းချင်တာကတော့...
✨ ငါ့အတွက် ကံကောင်းခြင်းတွေ ပိုင်ဆိုင်ပါရစေ။
✨ လုပ်သမျှကိုင်သမျှ အဆင်ပြေချောမွေ့ပါစေ။
✨ စီးပွားလာဘ်လာဘ ပေါကြွယ်ဝပါရစေ။
✨ ဥစ္စာဓန ဒီရေအလား တိုးတက်ပါရစေ။
✨ ပြည့်လျှံပေါများပြီး ပေးကမ်းစွန့်ကြဲနိုင်တဲ့ လက်တစ်စုံ ဖြစ်ပါရစေ။
မိသားစုအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။ ငါ့မိတ်ဆွေသူငယ်ချင်းများအားလုံးလည်း ထပ်တူရကြပါစေ။
မြန်မာပြည်ကြီးလည်း အမြန်အေးချမ်းပါစေ။ မိသားစုတွေ ပြန်လည်စုံစည်းပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးမှာ ပျော်ရွှင်စွာ နေနိုင်ကြပါစေ။ 🙏💛

#တန်ဆောင်တိုင်
#ဆေးပေါင်းခတဲ့ည