Binance Feed လုပ်ဆောင်ချက် အပ်ဒိတ် ဗားရှင်း 2.67
မင်္ဂလာပါ Binancian များ၊ အသုံးပြုသူများနှင့် ဖန်တီးသူများ နှစ်ဖက်စလုံး၏ အတွေ့အကြုံကို ပိုမိုကောင်းမွန်စေရန်အတွက် Binance Feed ဗားရှင်း 2.67 တွင် မကြာသေးမီက ပြုလုပ်ထားသော အပ်ဒိတ်များကို ဝမ်းမြောက်စွာ မျှဝေပေးလိုက်ပါသည်။
Crypto Box Quiz
ဖန်တီးသူများနှင့် အသုံးပြုသူများအကြား ထိတွေ့ဆက်ဆံမှု ပိုမိုကောင်းမွန်လာစေရန် Crypto Box Quiz လုပ်ဆောင်ချက်ကို မိတ်ဆက်ပေးလိုက်ပါသည်။ ဖန်တီးသူများသည် ယခုအခါ ၎င်းတို့၏အကြောင်းအရာများကို ပို့စ်တင်သည့်အခါ Crypto Box များကို မျှဝေနိုင်ပါပြီ။ အသုံးပြုသူများသည် မေးခွန်းများကို မှန်ကန်စွာဖြေဆိုရုံဖြင့် ဖန်တီးသူများပေးပို့သော Crypto Box များကို ရယူနိုင်ပါသည်။ Binance Feed တွင် ဖန်တီးသူများနှင့် ရှာဖွေလေ့လာ၊ ထိတွေ့ဆက်ဆံ၊ အပြန်အလှန်ဆက်သွယ်နိုင်မည့် အခွင့်အရေးကို လက်လွတ်မခံပါနှင့်။ (ဤလုပ်ဆောင်ချက်ကို EN နှင့် CN အသုံးပြုသူများအတွက်သာ ရရှိနိုင်ပါမည်။)