cryptonews ၏ ဖော်ပြချက်အရ Bitcoin ၏ ဈေးနှုန်းသည် သိသာထင်ရှားစွာ ပြန်လည်မြင့်တက်လာခဲ့ပြီး အရေးပါသော $25.000 ပံ့ပိုးမှုအဆင့်မှ $1.800 ကျော် သိသိသာသာ မြင့်တက်လာခဲ့သည်။
ဤအတက်လမ်းကြောင်းကြောင့် ဈေးနှုန်းကျဆင်းမှုကို အခွင့်ကောင်းယူကာ Bitcoin များ စုဆောင်းနေကြနိုင်သည့် “ဝေလငါးများ” ဟုခေါ်သော ဈေးကွက်တွင် သြဇာကြီးမားသူများ၏ ရုတ်တရက် လုပ်ဆောင်မှုများအပေါ် ခန့်မှန်းပြောဆိုမှုများ ပေါ်ပေါက်လာခဲ့သည်။
၁၃ နှစ်ကြာ လှုပ်ရှားမှုမရှိခဲ့ပြီးနောက် BTC တန်ဖိုး $1.2 Million ကျော် လွှဲပြောင်းခဲ့
သိသာထင်ရှားသော ဖြစ်ရပ်တစ်ခုအဖြစ် ၁၃ နှစ်ကျော် အသုံးမပြုဘဲ ရှိနေခဲ့သည့် တန်ဖိုး $1.2 million ကျော်ရှိသော Bitcoin များကို ရုတ်တရက် ရွှေ့ပြောင်းခဲ့သည်။ ဘလော့ချိန်းဒေတာအရ ဝေလငါးတစ်ကောင်သည် ကြာသပတေးနေ့တွင် BTC 50 ကို အခြားပိုက်ဆံအိတ်တစ်ခုသို့ လွှဲပြောင်းခဲ့သည်။
ရက်အနည်းငယ်အကြာတွင်လည်း ရေရှည်ရင်းနှီးမြှုပ်နှံသူတစ်ဦး သို့မဟုတ် အများအပြားက 11 နှစ်ကြာ လှုပ်ရှားမှုမရှိခဲ့ပြီးနောက် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတန်ဖိုး $11 million ကို ရွှေ့ပြောင်းခဲ့သည်။
ကာလရှည်ကြာစွာ မလှုပ်ရှားခဲ့သော Bitcoin များကို ရွှေ့ပြောင်းမှုများက ယင်းလွှဲပြောင်းမှုများနောက်ကွယ်ရှိ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ မေးခွန်းများ ပေါ်ပေါက်စေသည်။
ထို့အပြင် ဤရွေ့လျားမှုများကြောင့် စိတ်ဝင်စားမှုနှင့် အရောင်းအဝယ်လုပ်ဆောင်မှုများ မြင့်တက်လာခြင်းသည် ရောင်းလိုအားနှင့် ဝယ်လိုအား၏ အခြေအနေများကို သက်ရောက်စေပြီး ရေတိုကာလအတွင်း Bitcoin ၏ စုစုပေါင်းဈေးနှုန်းကိုပါ ထိခိုက်စေနိုင်သည်။
Bitcoin ဈေးနှုန်းခန့်မှန်းချက်
$26.800 အဆင့်ကို ကျော်တက်ပြီးနောက် Bitcoin သည် အတက်ဘက်အရှိန်ကို ရရှိလာနေသည်။ နည်းပညာပိုင်းအရ လေးနာရီအချိန်ဘောင်ကို ကြည့်ပါက Bitcoin သည် အရေးပါသော $26.000 ခုခံမှုအဆင့်ကို ကျော်တက်ခဲ့သည်။ $26.200 အဆင့်အထက်တွင် ဈေးပိတ်နိုင်ခြင်းက အတက်ဈေးကွက်အပေါ် ယုံကြည်မှုက လွှမ်းမိုးနေကြောင်း ပြသသည်။

ထို့အပြင် Bitcoin သည် $26.800 ဝန်းကျင်ရှိ အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့ပြီး အနည်းငယ် ဈေးပြန်ကျဆင်းမှုကို ကြုံတွေ့ခဲ့သည်။ ယခင်က စမ်းသပ်ခဲ့သော $26.250 ခုခံမှုအဆင့်တွင် ဈေးထောက်ခံမှု ရရှိခဲ့ပြီး၊ ယခုအခါ ယင်းအဆင့်သည် ထောက်ခံမှုအဆင့်အဖြစ် လုပ်ဆောင်နေသည်။ ထို့ကြောင့် BTC သည် အတက်လမ်းကြောင်းကို ဆက်လက်သွားနိုင်ပြီး နောက်ထပ်ခုခံမှုအဆင့်ဖြစ်သော $27.100 ကို ရည်မှန်းကာ ထိုထက်ပို၍လည်း တက်နိုင်သည်။
**ဤသည်မှာ ကိုယ်ပိုင်အမြင်သာဖြစ်သည်။ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်သည့်အခါ သတိထားပါ။