✅ TRON ရဲ့ Bridge ကြောင့် အရှိန်ရခဲ့တဲ့ ဈေးတက်မှု အဆုံးသတ်သွားပြီလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ Altcoin တွေမှာ ဈေးတက်နိုင်ခြေ ပိုများပါတယ်

✳️ Layer-1 blockchain protocol ဖြစ်တဲ့ Tron ရဲ့ မူရင်း TRX တိုကင်ဈေးတက်မှုဟာ အဆုံးသတ်သွားတော့မယ့်ပုံ ရပါတယ်။

TRX ဟာ သီတင်းပတ်ကုန်မှာ တစ်နှစ်အတွင်း အမြင့်ဆုံးဖြစ်တဲ့ $0.085 ကျော်အထိ တက်ခဲ့ပြီး၊ သီတင်းပတ်ကို ၆% နီးပါး အမြတ်နဲ့ ပိတ်ခဲ့ပါတယ်။ Tron နဲ့ Ethereum blockchain တွေအကြား တိုကင်တွေကို အဆင်ပြေချောမွေ့စွာ လွှဲပြောင်းနိုင်စေတဲ့ BitTorrent Bridge ပလက်ဖောင်းကို စတင်မိတ်ဆက်ခဲ့တာက အထောက်အကူဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ TRX ဟာ တနင်္လာနေ့မှာ ၃% ကျော် ပြန်ကျသွားပြီး $0.08 အောက်ကို ပြန်ရောက်သွားပါတယ်။
#Binance #SEC