အီတလီအထက်လွှတ်တော်အမတ်တစ်ဦးသည် ပါလီမန်အဖွဲ့ဝင်များမသိရှိဘဲ ဉာဏ်ရည်တု (AI) က လုံးဝရေးသားဖန်တီးထားသော မိန့်ခွန်းတစ်ရပ်ကို အီတလီပါလီမန်အဖွဲ့ဝင်များရှေ့တွင် ပြောကြားခဲ့သည်။

မေလ ၃၁ ရက်နေ့ ပါလီမန်အစည်းအဝေးတွင် အီတလီအထက်လွှတ်တော်အမတ် မာကို လွမ်ဘာဒိုသည် AI အသုံးပြုမှုကြောင့် အရေးပါနေသည့်အရာများနှင့် ရှေ့ဆက်ဖြစ်လာနိုင်သည့်အရာများအကြောင်း လုပ်ဖော်ကိုင်ဖက်များအကြား “လေးနက်သော ဆွေးနွေးမှု” ဖြစ်ပေါ်စေရန် ထိုသို့လုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။