🔶 Cross (ခရော့စ်) နှင့် Isolated (အိုင်ဆိုလိတ်တက်) မာဂျင်

🔶 Isolated Margin:**သင့်ရဲ့ Futures Wallet ထဲမှာ ရန်ပုံငွေ $500 ရှိတယ်လို့ ယူဆပါ။ Isolated Margin မှာ $50 သုံးပြီး ကုန်သွယ်မှုတစ်ခု ဖွင့်လိုက်တယ်။ အဲဒီနောက် ဈေးကွက်က သင့်ကို ဆန့်ကျင်ဘက်ရွေ့လျားပြီး အရှုံးပေါ်လာတယ်ဆိုပါစို့။ အရှုံးက $50 မရောက်မချင်း သင့်ရဲ့ ပိုဇီရှင်းက ဖွင့်ထားမှာဖြစ်ပြီး ကျန်တဲ့ $450 ကိုတော့ ကာကွယ်ထားမှာဖြစ်သလို အသုံးပြုမှာလည်း မဟုတ်ပါဘူး။ ဒီအခြေအနေမှာ ဒီပိုဇီရှင်းအတွက် Isolated Margin ထဲကို ရန်ပုံငွေ ထပ်ထည့်နိုင်ပါတယ်။

🔶Cross Margin:**တစ်ဖက်မှာ Cross Margin ကို အသုံးပြုတဲ့အခါ သင့်ရဲ့ Futures Wallet ထဲက ရန်ပုံငွေအားလုံးကို ထည့်တွက်ပြီး သင့်ရဲ့ကုန်သွယ်မှုကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။ အရင်ကလိုပဲ $50 ကို Cross Margin နဲ့ အသုံးပြုထားပြီး ကုန်သွယ်မှုက သင့်အရှုံးဘက်ကို ဆက်သွားနေကာ တစ်ချိန်ချိန်မှာ $50 ထက်ပိုပြီး အရှုံးပေါ်လာရင် ကျန်ရှိတဲ့ $450 ထဲကနေ အလိုအလျောက် ဖြတ်တောက်သွားမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ Liquidation Price တစ်ခုရှိပြီး အဲဒီစျေးနှုန်းကို ရောက်သွားတဲ့အခါ သင့်ရဲ့ရန်ပုံငွေအားလုံးကို Liquidate လုပ်သွားမှာပါ။ ဆိုလိုတာက သင့်ရဲ့ Futures Wallet လက်ကျန်ငွေဟာ သုညဖြစ်သွားမှာပါ။

**ဒါက Cross နဲ့ Isolated Margin ဖြစ်ပါတယ်**