1️⃣ အရင်ဆုံး Market ကို နားလည် အောင်လ့လာပါ။

Stock ဆိုတာဘာလဲ၊ Stock Price ဘာကြောင့်တက်/ကျတာလဲ၊ Market Order နဲ့ Limit Order ဘာကွာလဲဆိုတာ အရင်လေ့လာပါ။

2️⃣ Company ကို လေ့လာပြီးမှ Stock ကို လေ့လာပါ

Chart တစ်ခုတည်းကြည့်ပြီး မဆုံးဖြတ်ပါနဲ့။

Company ရဲ့ Business Model၊ Revenue၊ Profit၊ Debt နဲ့ အနာဂတ်အခြေအနေတွေကိုလည်း လေ့လာပါ။

3️⃣ ပထမဆုံး Trade ကို သေးသေးလေးနဲ့ စပါ

အစမှာ ရည်ရွယ်ချက်က အမြတ်အများကြီးရဖို့ မဟုတ်ပါဘူး။Platform ဘယ်လိုအလုပ်လုပ်သလဲ၊ Order ဘယ်လိုတင်ရလဲ၊ Price ဘယ်လိုရွေ့လဲဆိုတာကို လက်တွေ့နားလည်ဖို့ပါ။

4️⃣ Risk Management ကို Strategy ထက် အရင်သင်ပါ

Pro Trader တွေက Trade တစ်ခုမှာ “ဘယ်လောက်ရမလဲ” ထက်

“မှားသွားရင် ဘယ်လောက်ဆုံးရှုံးမလဲ?” ကို အရင်တွက်တတ်ကြပါတယ်။

ကိုယ်ဆုံးရှုံးနိုင်တာထက်ပိုတဲ့ငွေနဲ့ မရင်းနှီးမြှုပ်နှံပါနဲ့။

5️⃣ FOMO ကို ထိန်းပါ

Stock တစ်ခု တက်နေတာမြင်ပြီး “နောက်ကျသွားပြီ” ဆိုပြီး အလျင်စလို လိုက်မဝယ်ပါနဲ့။

သူများရဲ့ Profit Screenshot က ကိုယ့်အတွက် Trading Signal မဟုတ်ပါဘူး။

6️⃣ Trading နဲ့ Investing ကို ခွဲခြားပါ

Short-term Trading လုပ်မလား၊ Long-term Investing လုပ်မလား ကိုယ့်ရဲ့ရည်ရွယ်ချက်ကို အရင်သတ်မှတ်ပါ။

Strategy မရှိဘဲ ဝယ်ပြီး “တက်ရင်ရောင်းမယ်၊ ကျရင်စောင့်မယ်” ဆိုတာမျိုး မလုပ်ပါနဲ့။

7️⃣ Trade တိုင်းကို မှတ်တမ်းတင်ပါ

ဘာကြောင့်ဝယ်ခဲ့လဲ၊ ဘယ်ဈေးမှာဝယ်ခဲ့လဲ၊ ဘာကြောင့်ရောင်းခဲ့လဲ၊ အမှားကဘာလဲဆိုတာ မှတ်ထားပါ။

တကယ့်တိုးတက်မှုက Profit တစ်ခုတည်းကနေ မလာပါဘူး။

ကိုယ့်အမှားတွေကို ပြန်လေ့လာပြီး နောက် Trade မှာ မထပ်လုပ်နိုင်တဲ့အခါမှ Trader တစ်ယောက်အနေနဲ့ တိုးတက်လာတာပါ။

🎯 Beginner တစ်ယောက်အတွက် ကျွန်တော့်ရဲ့ အရေးကြီးဆုံးအကြံ

“အမြတ်ရဖို့ အလျင်မလိုပါနဲ့။ Market ထဲမှာ ကြာကြာနေနိုင်ဖို့ အရင်လေ့လာပါ။”

ပထမဆုံးရည်မှန်းချက်က ပိုက်ဆံအများကြီးရှာဖို့ မဟုတ်ဘဲ ကိုယ့်ပိုက်ဆံကို စနစ်တကျ စီမံတတ်ဖို့ ဖြစ်သင့်ပါတယ်။