August လ ကတော့ တကယ့် အမှတ်တရလ ပါပဲ၊ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား အထိမ်းအမှတ် prediction event မှာ ဆုရခဲ့တာက reward hub ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့ ငွေယားလေးကလည်း ရှိနေတာပေါ့။ အဲတော့ ဘာပြောကောင်းမလဲ ၊ အသစ် list လာတဲ့ GRVT token ကလည်း future trade event ဆိုပြီး ရှိနေတော့ ယုံကြည်မှု အပြည့်နဲ့ grvt ကို Perp trade ချပစ်လိုက်တယ်။ စ ပြီး ဝင်တော့ pnl ကောင်းကောင်းကြီး ရနေတာကို တွေ့တော့ ငါတော့ ဟုတ်ပြီပေါ့၊ ဆရာကြီးပေါ့၊ TP ကို အမြင့်ကြီးတင်ထားလိုက်တယ်။ TPလည်းစား၊ event reward လည်း eligible ပေါ့၊ ဘယ်ဟုတ်မလဲ ၊ သကောင့်သား token က တညလည်း အိပ်ပြီးရော TP ဘက်ကို မသွားပဲ SL ဘက်ကို ထိုးတက်သွားပါရောလား၊ မနက်လင်းလို့ binance ဖွင့်ကြည့်တော့ ကုန်ပါပြီကွာ! လို့သာ တခွန်းတည်း အော်မိတဲ့ အဖြစ်ရယ်ပါ။
အော် ဒီလ တွတ်ပီ ကံမကောင်းပါလား 🥴
#ShareYourStoryWithBinanceAugust