စက်တင်ဘာ ၁၅ ရက်မှာ US Senate က CLARITY Act ကို အတည်ပြုဖို့မဟုတ်ဘဲ နောက်တစ်ဆင့် ဆက်လက်ဆွေးနွေးနိုင်ရေးအတွက် လိုအပ်တဲ့ procedural vote ကို 49 မဲထောက်ခံ၊ 50 မဲကန့်ကွက် နဲ့ မကျော်နိုင်ခဲ့တာဖြစ်ပြီး၊ အနည်းဆုံး 60 မဲလိုအပ်ခဲ့တာပါ။ ဒီရလဒ်နောက်ပိုင်း Bitcoin က 4% ဝန်းကျင်ကျဆင်းပြီး $75,000 အောက်အထိ ရောက်ရှိခဲ့သလို Ethereum က 5% ကျော်၊ XRP က 10% ကျော်၊ Solana နဲ့ DOGE တို့လည်း ကျဆင်းခဲ့ပါတယ်။ Crypto market တစ်ခုလုံးရဲ့ market cap လည်း 3% နီးပါး လျော့ကျခဲ့ပြီးတော့ liquidation တွေလည်း တိုးလာခဲ့ပါတယ်။
အဓိကကတော့ CLARITY Act မတိုးနိုင်တာကြောင့် US Crypto Industry အတွက် regulatory clarity ရရှိမယ့်အချိန်ကာလ ပိုမိုမသေချာလာပြီး investor sentiment ကိုလည်း ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။ သို့သော် ဒီဈေးကျဆင်းမှုဟာ CLARITY Act တစ်ခုတည်းကြောင့်လို့ မဆိုနိုင်ဘဲ အဲ့ဒီအချိန်က broader market conditions နဲ့ Fed interest-rate expectations တွေကလည်း သက်ရောက်မှုရှိခဲ့ပါတယ်။
#CryptoNote $BTC