🚨🚀🔥 #ETH က $2,700 ကို ရောက်လာပြီ။ ငွေလည်း ပြန်ရွှင်လာကြပြီ… ဟိဟိ 🤭

ဒါပေမယ့် တဖက်မှာ ရောင်းလိုအားတွေ တောက်လျှောက်မြင့်လာနေတော့ $2,700 ကို ထိန်းနိုင်ပါ့မလား? ပြန်ကျတော့မလား? ဆိုတာက စိတ်ဝင်စားစရာပါ

ပြီးခဲ့တဲ့တစ်လအတွင်း ETH ဈေးကွက် လှုပ်ရှားတာတွေက သိသိသာသာတက်လာတယ်။ Trading Volume နဲ့ Open Interest နှစ်ခုလုံးလည်း လှုပ်ရှားမှုကြီးလာတယ်

ဒါပေမယ့် အခု ETH ဘက်မှာ Selling Pressure တိုးလာတဲ့ Signal တွေ ပြတာ ပိုများလာနေတယ်

Derivative Market ဘက်မှာရော Spot Market ဘက်မှာပါ ရောင်းအားတက်လာနေတယ်။ September လက အားကောင်းခဲ့တဲ့ ETH က အခု $2,700 Level ကို ပြန်ကာကွယ်ရမယ့်အခြေအနေ ရောက်လာခဲ့ပြီ

.

October 5 မှာ ETH က $2,721.83 ဝန်းကျင်မှာ Trade ဖြစ်နေပြီး $2,660 ကိုခဏကျခဲ့တယ်

ဒါပေမယ့် Price ပြန်တက်နေပေမယ့် Binance ပေါ်က Trader Positioning ကတော့ Price Action နဲ့ ဆန့်ကျင်ဘက်ဘက်ကို ရွေ့လာနေတယ်၊ ဆိုလိုတာက ရောင်းလိုအား များနေတယ်လို့ ပြောတာ

Chart ထဲမှာလည်း မြင်ရသလို Cumulative Volume Delta — CVD က August ကတည်းက Negative ဘက်ကို တဖြည်းဖြည်းဆင်းလာတယ်

အလွယ်ပြောရရင် Market Buy ထက် Market Sell ပိုများလာတယ်

ETH က 2016 နောက်ပိုင်း အကောင်းဆုံး September လကို ပိတ်နိုင်ခဲ့ပေမယ့် အခုချိန်ထိ Higher Price Range တစ်ခုဆီကို ချက်ချင်း Breakout ဖြစ်မယ့် Signal မပြသေးဘူး၊ အချိန်ယူပြီး ဈေးတက်တာက အတည်ဖြစ်မလားဆိုတာ စောင့်ကြည့်ရဦးမယ်

Sentiment ကတော့ လောဘကြီးတဲ့ Greed ဘက်မှာရှိနေတုန်းပဲ

သူ့ရဲ့ Score က 65 Points ဝန်းကျင်ရှိပြီး Greed Zone ထဲမှာပဲ ရှိနေသေးတယ်

.

ဒါကြောင့် Selling Pressure ရှိနေပေမယ့် Bullish Expectation နဲ့ ဝယ်လိုအားက ပြန် Balance လုပ်ပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လည်း ရှိနေတယ်

Spot Market မှာတော့ Whale တစ်ယောက်က သူ့ရဲ့ ETH Reserve ထဲက 13,330 ETH ကို ရောင်းထုတ်ခဲ့တယ်

ထူးခြားတာက အဲ့ဒီ ETH တွေကို ICO ကာလတုန်းက $0.31 per ETH နဲ့ ရခဲ့သူပါ။ အခုတော့ အဲ့လောက်ငွေနဲ့ ထောနေပြီပေါ့

.

လက်ရှိအခြေအနေက တစ်ဖက်တည်း Risk ရှိနေတာမဟုတ်ဘူး

Long Side ရော Short Side ရော Liquidation Risk မြင့်နေတယ်

ETH က နောက်ထပ် $100 ဝန်းကျင် တက်နိုင်ရင် Short Position တွေ ထိနိုင်တဲ့အခြေအနေ ရှိတယ်

အဲ့ဒီလိုဖြစ်လာရင် Short Liquidation တွေက Price ကို ပိုတွန်းတင်နိုင်တယ်

ဒါပေမယ့် တစ်ဖက်မှာ Bullish Sentiment များနေတဲ့အတွက် Price ကို အောက်ဆွဲပြီး Long Position တွေကို Liquidate လုပ်ဖို့ Sell Pressure ထပ်ဝင်လာနိုင်တဲ့ Risk လည်းရှိနေသေးတယ်

အဓိကကြည့်ရမယ့် ETH အတွက် Battle Zone က

$2,600 — Long Side Defense

$2,700 — လက်ရှိအရေးကြီး Level

$2,750–$2,800 — Short Pressure Zone

$3,000 — Liquidity စုပြုံနေတဲ့ Upper Zone

ဒါကြောင့် အခု ETH က Price ပြန်တက်နေပေမယ့် CVD က ဆင်းနေတယ်၊ Open Interest က တက်နေတယ် ဆိုတဲ့ Mixed Signal ဖြစ်နေတယ်

ဆိုတော့ “ETH $2,700 ကို ထိန်းနိုင်မလား?” ဆိုတာထက်

“ဒီ Selling Pressure ကို Spot Demand က ခံနိုင်မလား?” ဆိုတာ ပိုအရေးကြီးလာတယ်

အခုဈေးတွေက တရွေ့ရွေ့ပြန်တက်နေတော့ ညီကိုတို့ရော Crypto တွေဝယ်နေပြီလား? ဘယ်လောက်တွေဝယ်ထားပြီးပြီလဲ? အောက်က Comment မှာ ပြောပြပါဦး