
CEO Binance အဟောင်း CZ က Donald Trump မိသားစုဟာ Binance US ကို ဝယ်မယ်ဆိုတာ ငြင်းဆိုလိုက်ပါတယ်။ Donald Trump မိသားစုဟာ Binance US ကို အပိုင်ဝယ်ယူဖို့ ဒါမှမဟုတ် ရှယ်ယာရှင်အဖြစ် ပါဝင်ဖို့ ဆွေးနွေးမှုတွေ ရှိနေသလို CEO Binance အဟောင်း CZ ဟာလည်း Donald Trump ဆီက လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆိုထားကြောင်း Wall Street Journal မှာ ဖော်ပြထားခဲ့တာပါ။
.
ဒါပေမယ့် CZ ကတော့ ဒီသတင်းတွေဟာ မမှန်ကြောင်း ငြင်းဆိုလိုက်ပြီး Wall Street Journal ရဲ့ ဆောင်းပါးဟာ သမ္မတနဲ့ crypto ကြား ရန်တိုက်ပေးသလိုဖြစ်နေပြီး Biden လက်ထက် “crypto နဲ့တိုက်ပွဲဖြစ်ခဲ့တဲ့ အကြွင်းအကျန်” တွေဟာ အခုချိန်ထိ ရှိနေသေးကြောင်း ဆိုထားပါတယ်။
.
သမိုင်းဇာတ်လမ်း
CZ ဟာ သူပိုင်တဲ့ Binance exchange မှာ ငွေကြေးခဝါချမှုတွေတိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး US မှာ ထောင် 4 လကျခံခဲ့ရပြီးတဲ့နောက် Binance မှာလည်း အရေးပါအရာရောက်တဲ့ စီမံခန့်ခွဲမှုပိုင်းတွေမှာ ပါဝင်ခွင့်မရှိတော့ကြောင်း US တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ အခု လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုထားတာ ရသွားတယ်ဆိုရင်တော့ Binance မှာ CZ ကို CEO အနေနဲ့ ပြန်တွေ့ကောင်းတွေ့လာရနိုင်ပါတယ်။
.
ဒါ့အပြင် Binance US မှာ Donald Trump တို့ရဲ့ ပါဝင်ပတ်သက်မှု ရှိလာပြီဆိုရင်လည်း Binance US ဟာ US အခြေစိုက် exchange တွေနဲ့ ပြန်ယှဉ်လာနိုင်ပြီး အပြိုင်အဆိုင်တွေ ပြန်ကြမ်းလာနိုင်ပါတယ်။
ဒါပေမယ့် CZ ကတော့ ဒီသတင်းတွေဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားတာကြောင့် ပွဲကြီးပွဲကောင်းတွေ ကြည့်ရမယ့် အခွင့်အရေးတွေ လွတ်သွားတာပါပဲ။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL