Binance Square
#burmese

burmese

734 penayangan
9 Berdiskusi
Htet Jr -
·
--
Artikel
Lihat terjemahan
My Crypto Learning Diaryအားလုံး အဆင်ပြေကြပါစေဗျ 🧠 Crypto Trading မှာ အကြီးမားဆုံးပြိုင်ဘက်က Market မဟုတ်ဘဲ ကိုယ့်စိတ်ကိုယ်တိုင် ဖြစ်နေနိုင်တယ်။ Crypto Market မှာ Trade လုပ်တဲ့အခါ Chart ကြည့်တတ်ဖို့၊ Support & Resistance နားလည်ဖို့တွေက အရေးကြီးပါတယ်။ ဒါပေမယ့် အဲဒီအရာတွေကို နားလည်ထားရုံနဲ့ အမြဲတမ်း အောင်မြင်တဲ့ Trade တွေ လုပ်နိုင်မယ်လို့တော့ မဆိုလိုသေးပါဘူး။ တခါတလေ ကိုယ်သိထားတဲ့ Strategy ရှိနေရင်တောင် လောဘ၊ ကြောက်စိတ်နဲ့ စိတ်လှုပ်ရှားမှုတွေကြောင့် ကိုယ်တိုင်မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမိတတ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ Crypto Trading မှာ Beginner တွေ သိထားသင့်တဲ့ Trading Psychology အကြောင်းကို မျှဝေချင်ပါတယ်။ 👇 1️⃣ FOMO — သူများရနေတဲ့ Profit ကို ကိုယ်လည်း လိုချင်လာခြင်း Coin တစ်ခု ဈေးအရမ်းတက်နေတာကို မြင်လိုက်ရတယ်။ Social Media မှာလည်း လူတွေ Profit ရနေကြတယ်။ အဲဒီအချိန်မှာ “ငါ အခုမှ မဝယ်ရင် နောက်ကျသွားတော့မယ်” ဆိုတဲ့စိတ် ဖြစ်လာနိုင်ပါတယ်။ ဒီလိုစိတ်နဲ့ ကိုယ်တိုင် မလေ့လာဘဲ လိုက်ဝယ်မိတာက FOMO ဖြစ်ပါတယ်။ 📌 မှတ်ထားသင့်တာက ဈေးတက်နေတဲ့ Coin တိုင်းကို လိုက်ဝယ်ဖို့ မလိုပါဘူး။ ကိုယ့်ရဲ့ Entry Plan နဲ့ Risk ကိုက်ညီမှသာ ဆုံးဖြတ်သင့်ပါတယ်။ 2️⃣ Greed — Profit ရနေပြီဆိုပေမယ့် မလုံလောက်သေးဘူးလို့ ခံစားရခြင်း Trade တစ်ခုမှာ Profit ရနေပြီဆိုပါစို့။ ဒါပေမယ့် “နည်းနည်းထပ်စောင့်လိုက်ရင် ပိုရဦးမှာပါကွာ” ဆိုတဲ့စိတ်ကြောင့် ကိုယ့် Plan ကို မလိုက်နာတော့တာမျိုး ဖြစ်တတ်ပါတယ်။ နောက်ဆုံးမှာ Market ပြန်ကျသွားပြီး ရထားတဲ့ Profit တွေ လျော့သွားနိုင်ပါတယ်။ ဒါကြောင့် Trade မဝင်ခင်ကတည်းက ဘယ်အခြေအနေမှာ Profit ယူမလဲ၊ ဘယ်အချိန်မှာ ထွက်မလဲဆိုတာ စီစဉ်ထားဖို့ လိုပါတယ်။ 📊 3️⃣ Fear — ကြောက်စိတ်ကြောင့် ဆုံးဖြတ်ချက်မှားခြင်း Market နည်းနည်းကျတာနဲ့ ကိုယ်ဝယ်ထားတဲ့ Coin ကို အရှုံးနဲ့ ချက်ချင်းရောင်းချင်လာတာမျိုး ရှိတတ်ပါတယ်။ တဖက်မှာလည်း အရှုံးကို လက်မခံချင်လို့ ရောင်းသင့်တဲ့အချိန်မှာ မရောင်းဘဲ ဆက်ကိုင်ထားတာမျိုး ဖြစ်နိုင်ပါတယ်။ Fear ကို လုံးဝဖယ်ရှားဖို့ မလွယ်ပေမယ့် ကိုယ့်ရဲ့ Trading Plan နဲ့ Risk Management ကို ကြိုတင်သတ်မှတ်ထားခြင်းက စိတ်ခံစားချက်အပေါ် မူတည်ပြီး ဆုံးဖြတ်မိတာကို လျှော့ချပေးနိုင်ပါတယ်။ 4️⃣ Revenge Trading — အရှုံးကို ချက်ချင်းပြန်ယူချင်ခြင်း Trade တခု ရှုံးသွားတယ်။ အဲဒီအရှုံးကို ပြန်ရဖို့ နောက်ထပ် Trade တခုကို အလျင်စလို ဝင်လိုက်တယ်။ နောက်တခုလည်း ရှုံးသွားပြန်တယ်။ ဒီလိုနဲ့ ဆုံးရှုံးမှုတွေ ပိုများလာနိုင်ပါတယ်။ ⚠️ ဒါကြောင့် Trade တခု ရှုံးသွားတဲ့အခါ ချက်ချင်းပြန်ဝင်ဖို့ မကြိုးစားဘဲ ခဏနားပြီး ကိုယ့်ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်သင့်ပါတယ်။ 5️⃣ Discipline — ကိုယ့် Plan ကို လိုက်နာနိုင်ခြင်း Trading မှာ Strategy တခု ရှိထားတာက အရေးကြီးပါတယ်။ ဒါပေမယ့် အဲဒီ Strategy ကို စိတ်ကြိုက်ပြောင်းလဲနေမယ်၊ စည်းကမ်းမလိုက်နာနိုင်ဘူးဆိုရင် အကျိုးရှိဖို့ ခက်ခဲနိုင်ပါတယ်။ ကိုယ့်ရဲ့ Entry၊ Exit နဲ့ Risk ကို ကြိုတင်စီစဉ်ထားပါ။ Market အခြေအနေကြောင့် Plan ကို ပြန်သုံးသပ်ဖို့ လိုလာနိုင်ပေမယ့် လောဘနဲ့ ကြောက်စိတ်ကြောင့် အလျင်စလို ပြောင်းလဲတာမျိုးကိုတော့ သတိထားသင့်ပါတယ်။ Discipline ဆိုတာ Trade တိုင်း အနိုင်ရဖို့ မဟုတ်ပါဘူး။ ကိုယ်ချမှတ်ထားတဲ့ စည်းကမ်းတွေကို တသမတ်တည်း လိုက်နာနိုင်ဖို့ပါ။ 🧠 ကျတော်လည်း Crypto အကြောင်းကို လေ့လာရင်း ပိုနားလည်လာအောင် ကြိုးစားနေဆဲပါပဲ။ တိုင်ပတ်နေဆဲပါပဲ။ ဒီအကြောင်းကို လေ့လာရင်း သတိထားမိတာက— Market ကို ကိုယ်လိုချင်တဲ့အတိုင်း လှုပ်ရှားအောင် လုပ်လို့မရပေမယ့် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကိုတော့ ပိုကောင်းလာအောင် လေ့ကျင့်လို့ရပါတယ်။ 📚 Profit ရဖို့ပဲ အာရုံစိုက်နေမယ့်အစား ကိုယ့်စိတ်ခံစားချက်တွေကို နားလည်ဖို့နဲ့ Risk ကို ထိန်းချုပ်ဖို့လည်း အရေးကြီးပါတယ်။ 👇 မေးခွန်းလေးတခု မေးချင်ပါတယ်။ Crypto Trading မှာ သင်တို့အတွက် အခက်ခဲဆုံးက ဘယ်အချက်ဖြစ်မလဲ? 🔹 FOMO 🔹 Greed 🔹 Fear 🔹 Revenge Trading Comment မှာလည်း ကိုယ့်အမြင်လေးတွေ မျှဝေပေးခဲ့ပါအုံး။ အတူတူ လေ့လာကြရအောင်။ #TradingPsychology #CryptoEducation #CryptoForBeginners #RiskManagement #Burmese

My Crypto Learning Diary

အားလုံး အဆင်ပြေကြပါစေဗျ
🧠 Crypto Trading မှာ အကြီးမားဆုံးပြိုင်ဘက်က Market မဟုတ်ဘဲ ကိုယ့်စိတ်ကိုယ်တိုင် ဖြစ်နေနိုင်တယ်။
Crypto Market မှာ Trade လုပ်တဲ့အခါ Chart ကြည့်တတ်ဖို့၊ Support & Resistance နားလည်ဖို့တွေက အရေးကြီးပါတယ်။
ဒါပေမယ့် အဲဒီအရာတွေကို နားလည်ထားရုံနဲ့ အမြဲတမ်း အောင်မြင်တဲ့ Trade တွေ လုပ်နိုင်မယ်လို့တော့ မဆိုလိုသေးပါဘူး။
တခါတလေ ကိုယ်သိထားတဲ့ Strategy ရှိနေရင်တောင် လောဘ၊ ကြောက်စိတ်နဲ့ စိတ်လှုပ်ရှားမှုတွေကြောင့် ကိုယ်တိုင်မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမိတတ်ပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ Crypto Trading မှာ Beginner တွေ သိထားသင့်တဲ့ Trading Psychology အကြောင်းကို မျှဝေချင်ပါတယ်။ 👇
1️⃣ FOMO — သူများရနေတဲ့ Profit ကို ကိုယ်လည်း လိုချင်လာခြင်း
Coin တစ်ခု ဈေးအရမ်းတက်နေတာကို မြင်လိုက်ရတယ်။
Social Media မှာလည်း လူတွေ Profit ရနေကြတယ်။
အဲဒီအချိန်မှာ “ငါ အခုမှ မဝယ်ရင် နောက်ကျသွားတော့မယ်” ဆိုတဲ့စိတ် ဖြစ်လာနိုင်ပါတယ်။
ဒီလိုစိတ်နဲ့ ကိုယ်တိုင် မလေ့လာဘဲ လိုက်ဝယ်မိတာက FOMO ဖြစ်ပါတယ်။
📌 မှတ်ထားသင့်တာက ဈေးတက်နေတဲ့ Coin တိုင်းကို လိုက်ဝယ်ဖို့ မလိုပါဘူး။ ကိုယ့်ရဲ့ Entry Plan နဲ့ Risk ကိုက်ညီမှသာ ဆုံးဖြတ်သင့်ပါတယ်။
2️⃣ Greed — Profit ရနေပြီဆိုပေမယ့် မလုံလောက်သေးဘူးလို့ ခံစားရခြင်း
Trade တစ်ခုမှာ Profit ရနေပြီဆိုပါစို့။
ဒါပေမယ့် “နည်းနည်းထပ်စောင့်လိုက်ရင် ပိုရဦးမှာပါကွာ” ဆိုတဲ့စိတ်ကြောင့် ကိုယ့် Plan ကို မလိုက်နာတော့တာမျိုး ဖြစ်တတ်ပါတယ်။
နောက်ဆုံးမှာ Market ပြန်ကျသွားပြီး ရထားတဲ့ Profit တွေ လျော့သွားနိုင်ပါတယ်။
ဒါကြောင့် Trade မဝင်ခင်ကတည်းက ဘယ်အခြေအနေမှာ Profit ယူမလဲ၊ ဘယ်အချိန်မှာ ထွက်မလဲဆိုတာ စီစဉ်ထားဖို့ လိုပါတယ်။ 📊
3️⃣ Fear — ကြောက်စိတ်ကြောင့် ဆုံးဖြတ်ချက်မှားခြင်း
Market နည်းနည်းကျတာနဲ့ ကိုယ်ဝယ်ထားတဲ့ Coin ကို အရှုံးနဲ့ ချက်ချင်းရောင်းချင်လာတာမျိုး ရှိတတ်ပါတယ်။
တဖက်မှာလည်း အရှုံးကို လက်မခံချင်လို့ ရောင်းသင့်တဲ့အချိန်မှာ မရောင်းဘဲ ဆက်ကိုင်ထားတာမျိုး ဖြစ်နိုင်ပါတယ်။
Fear ကို လုံးဝဖယ်ရှားဖို့ မလွယ်ပေမယ့် ကိုယ့်ရဲ့ Trading Plan နဲ့ Risk Management ကို ကြိုတင်သတ်မှတ်ထားခြင်းက စိတ်ခံစားချက်အပေါ် မူတည်ပြီး ဆုံးဖြတ်မိတာကို လျှော့ချပေးနိုင်ပါတယ်။
4️⃣ Revenge Trading — အရှုံးကို ချက်ချင်းပြန်ယူချင်ခြင်း
Trade တခု ရှုံးသွားတယ်။
အဲဒီအရှုံးကို ပြန်ရဖို့ နောက်ထပ် Trade တခုကို အလျင်စလို ဝင်လိုက်တယ်။
နောက်တခုလည်း ရှုံးသွားပြန်တယ်။
ဒီလိုနဲ့ ဆုံးရှုံးမှုတွေ ပိုများလာနိုင်ပါတယ်။ ⚠️
ဒါကြောင့် Trade တခု ရှုံးသွားတဲ့အခါ ချက်ချင်းပြန်ဝင်ဖို့ မကြိုးစားဘဲ ခဏနားပြီး ကိုယ့်ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်သင့်ပါတယ်။
5️⃣ Discipline — ကိုယ့် Plan ကို လိုက်နာနိုင်ခြင်း
Trading မှာ Strategy တခု ရှိထားတာက အရေးကြီးပါတယ်။
ဒါပေမယ့် အဲဒီ Strategy ကို စိတ်ကြိုက်ပြောင်းလဲနေမယ်၊ စည်းကမ်းမလိုက်နာနိုင်ဘူးဆိုရင် အကျိုးရှိဖို့ ခက်ခဲနိုင်ပါတယ်။
ကိုယ့်ရဲ့ Entry၊ Exit နဲ့ Risk ကို ကြိုတင်စီစဉ်ထားပါ။
Market အခြေအနေကြောင့် Plan ကို ပြန်သုံးသပ်ဖို့ လိုလာနိုင်ပေမယ့် လောဘနဲ့ ကြောက်စိတ်ကြောင့် အလျင်စလို ပြောင်းလဲတာမျိုးကိုတော့ သတိထားသင့်ပါတယ်။
Discipline ဆိုတာ Trade တိုင်း အနိုင်ရဖို့ မဟုတ်ပါဘူး။ ကိုယ်ချမှတ်ထားတဲ့ စည်းကမ်းတွေကို တသမတ်တည်း လိုက်နာနိုင်ဖို့ပါ။ 🧠
ကျတော်လည်း Crypto အကြောင်းကို လေ့လာရင်း ပိုနားလည်လာအောင် ကြိုးစားနေဆဲပါပဲ။ တိုင်ပတ်နေဆဲပါပဲ။
ဒီအကြောင်းကို လေ့လာရင်း သတိထားမိတာက—
Market ကို ကိုယ်လိုချင်တဲ့အတိုင်း လှုပ်ရှားအောင် လုပ်လို့မရပေမယ့် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကိုတော့ ပိုကောင်းလာအောင် လေ့ကျင့်လို့ရပါတယ်။ 📚
Profit ရဖို့ပဲ အာရုံစိုက်နေမယ့်အစား ကိုယ့်စိတ်ခံစားချက်တွေကို နားလည်ဖို့နဲ့ Risk ကို ထိန်းချုပ်ဖို့လည်း အရေးကြီးပါတယ်။
👇 မေးခွန်းလေးတခု မေးချင်ပါတယ်။
Crypto Trading မှာ သင်တို့အတွက် အခက်ခဲဆုံးက ဘယ်အချက်ဖြစ်မလဲ?
🔹 FOMO
🔹 Greed
🔹 Fear
🔹 Revenge Trading
Comment မှာလည်း ကိုယ့်အမြင်လေးတွေ မျှဝေပေးခဲ့ပါအုံး။ အတူတူ လေ့လာကြရအောင်။
#TradingPsychology #CryptoEducation #CryptoForBeginners #RiskManagement
#Burmese
Artikel
Buku Harian Belajar Crypto Saya📊 Apa perbedaan Spot Trading dan Futures Trading? 2 hal yang wajib diketahui oleh semua yang ingin mulai crypto! Semoga malam ini aman dan penuh berkah ya. Saat mulai belajar crypto, kalian mungkin sering menemukan istilah “Spot” dan “Futures”.

Buku Harian Belajar Crypto Saya

📊 Apa perbedaan Spot Trading dan Futures Trading? 2 hal yang wajib diketahui oleh semua yang ingin mulai crypto!
Semoga malam ini aman dan penuh berkah ya.
Saat mulai belajar crypto, kalian mungkin sering menemukan istilah “Spot” dan “Futures”.
Artikel
Buku Harian Belajar KriptokuSemoga harimu aman dan penuh berkah... ₿ Mengapa Bitcoin begitu menarik perhatian banyak orang? 🤔 Semua orang yang mulai belajar tentang kripto pasti pernah mendengar nama Bitcoin. Namun, apakah kamu benar-benar memahami apa itu Bitcoin dan mengapa Bitcoin bernilai?

Buku Harian Belajar Kriptoku

Semoga harimu aman dan penuh berkah...
₿ Mengapa Bitcoin begitu menarik perhatian banyak orang? 🤔
Semua orang yang mulai belajar tentang kripto pasti pernah mendengar nama Bitcoin.
Namun, apakah kamu benar-benar memahami apa itu Bitcoin dan mengapa Bitcoin bernilai?
Artikel
Buku Harian Belajar Kripto SayaSemoga hari Anda menyenangkan 🖼️$ 📚 Kalau baru mulai belajar kripto, ada beberapa hal dasar yang perlu diketahui terlebih dahulu sebelum bertanya, “Koin apa yang harus saya beli?” Seperti yang saya sampaikan di postingan kemarin, saya akan terus berbagi di sini tentang hal-hal yang saya pelajari selama belajar kripto.

Buku Harian Belajar Kripto Saya

Semoga hari Anda menyenangkan 🖼️$
📚 Kalau baru mulai belajar kripto, ada beberapa hal dasar yang perlu diketahui terlebih dahulu sebelum bertanya, “Koin apa yang harus saya beli?”
Seperti yang saya sampaikan di postingan kemarin, saya akan terus berbagi di sini tentang hal-hal yang saya pelajari selama belajar kripto.
Artikel
Jurnal Pembelajaran Kripto SayaSemoga harimu menyenangkan... 🚀 Mulai hari ini, saya juga akan menulis di Binance Square. Seiring belajar tentang kripto, saya ingin berbagi dengan orang lain hal-hal yang saya ketahui dan pahami, daripada menyimpannya sendiri. Karena itu, mulai sekarang saya memutuskan untuk menulis dalam bahasa Myanmar dengan jelas, seperti menulis buku harian.

Jurnal Pembelajaran Kripto Saya

Semoga harimu menyenangkan...
🚀 Mulai hari ini, saya juga akan menulis di Binance Square.
Seiring belajar tentang kripto, saya ingin berbagi dengan orang lain hal-hal yang saya ketahui dan pahami, daripada menyimpannya sendiri. Karena itu, mulai sekarang saya memutuskan untuk menulis dalam bahasa Myanmar dengan jelas, seperti menulis buku harian.
Masuk untuk menjelajahi konten lainnya
Bergabunglah dengan pengguna kripto global di Binance Square
⚡️ Dapatkan informasi terbaru dan berguna tentang kripto.
💬 Dipercayai oleh bursa kripto terbesar di dunia.
👍 Temukan wawasan nyata dari kreator terverifikasi.
Email/Nomor Ponsel