🚀 #SpaceX, #OpenAI, #Anthropic... ဒီကုမ္ပဏီသုံးခုရဲ့ နာမည်ကို မိတ်ဆွေ ကြားဖူးမှာပါ။ လက်ရှိလည်း မိတ်ဆွေတို့ နေ့တိုင်း #Code ရေး၊ #ဟိုမေးဒီမေးဖို့ သုံးနေတဲ့ အမေရိကန်က AI Company တွေပေါ့
🔥 အခု Listing လုပ်တော့မှာဆိုတော့ ဈေးဖွင့်တာကို Anthropic က $83 နဲ့သတ်မှတ်ထားတယ်။ အဲဒီဈေးကနေ $100, $110, $120 ရောက်ရင် အမြတ်ရှယ်ရမှာမို့ ရောက်နိုင်လားဆိုတာ Analysis လုပ်ပြပါမယ်၊ ကဲ… စကြမယ်
❌ ဒီိလို နိုင်ငံခြား Compay ရဲ့ ရှယ်ယာတွေကိုဝယ်ယူဆိုတာ မြန်မာနိုင်ငံသားတွေအတွက်တော့ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒါပေမယ့် အခု နည်းပညာတွေတိုးတက်လာတော့ မြန်မာနိုင်ငံမကလို့ ဘယ်နေရာကိုပဲရောက်နေပါစေ ပိုက်ဆံရှိရင်တော့ ဝယ်လို့ရပြီ
🤔 ဒါပေမယ့် "ဒီကုမ္ပဏီတွေ အခု ဈေးဘယ်လောက်ရှိလဲ" လို့ မေးလိုက်ရင် ဘယ်သူမှ အတိအကျ မသိဘူး
🔒 ဘာလို့လဲဆိုတော့ ဒီကုမ္ပဏီတွေက Stock ဈေးကွက်ပေါ် မရောက်သေးလို့ပါ
🔔 သူတို့ရဲ့ ဈေးကို တကယ်မြင်ရဖို့ဆိုရင် IPO နေ့ကို စောင့်ဖို့လိုတယ်။ Nasdaq မှာ ခေါင်းလောင်းထိုးတဲ့နေ့ကျမှ တကယ့်ရောင်းဝယ်လို့ရတဲ့ ဈေးဆိုတာ ပေါ်လာတယ်
⚡ ဒါက အရင်ကပါ။ ဒါပေမယ့် အခုတော့ Nasdaq မှာ ခေါင်းလောင်းမထိုးခင်ကတည်းက Binance ပေါ်မှာ ရောင်းဝယ်လို့တောင် ရနေပါပြီ
---
🧩 ဒါကို Pre-IPO Perps လို့ ခေါ်တယ်
📌 အလွယ်ဆုံးပြောရရင် — Stock Market ပေါ် မတက်ရသေးတဲ့ ကုမ္ပဏီတစ်ခုကို ဈေးကွက်က ဘယ်လောက်တန်တယ်လို့ ထင်လဲ၊ အဲ့ဒီအထင်အမြင်အတိုင်း ဈေးလိုက်ပြောင်းနေတဲ့ Contract ပါ
⚠️ ဒီနေရာမှာ တစ်ခုတော့ ကျွန်တော် ကြိုပြောထားချင်တယ်။ ဒါက တကယ့်ရှယ်ယာတော့ မဟုတ်ဘူး။ ဒီ Contract ကိုင်ထားလို့ ကုမ္ပဏီရဲ့ အစိတ်အပိုင်းတစ်ခုကို ပိုင်သွားတာမျိုးလည်း မဟုတ်ဘူး။ ဈေးအတက်အကျကိုပဲ လိုက်ပြီး အရောင်းအဝယ်လုပ်တာပါ
🌙 ပြီးတော့ ဒီဈေးကွက်က 24 နာရီ၊ 7 ရက်လုံး ဖွင့်တယ်။ Wall Street ပိတ်နေတဲ့ ညတွေ၊ စနေ တနင်္ဂနွေတွေမှာလည်း အရောင်းအဝယ်က လုပ်လို့ရတယ်
---
🔍 ဒါဆို ဒီဈေးကွက်မှာ Trader တွေ ဘယ်မှာ စုနေလဲ? အဲ့ဒါကို သိဖို့ ဆိုရင် — Open Interest ကိုသိထားဖို့လိုတယ်
🧠 Open Interest ဆိုတာက Trader တွေက Position တွေကို မပိတ်ဘဲနဲ့ တောက်လျှောက်ကိုင်ထားတဲ့ ဈေးကွက်ထဲကစုစုပေါင်းတန်ဖိုး ကိုပြောတာပါ။
🏠 ဥပမာ ပေးရရင် Volume ဆိုတာ ဆိုင်ထဲ ဝင်ထွက်သွားတဲ့ လူအရေအတွက်ဆိုရင် OI ကတော့ ဆိုင်ထဲမှာ ဆက်ပြီးထိုင်နေကြတဲ့ လူအရေအတွက်ကိုပြောတာပါ။
🏆 Kaiko ရဲ့ Data အရဆိုရင် ဒီကုမ္ပဏီ သုံးခုလုံးမှာ Trader တွေ အများဆုံး ကျက်စားနေတဲ့နေရာက Binance ပါ — ဒီဇယားကိုကြည့်လို့ရတယ်
• Anthropic — 84% ($85.8M ထဲက $72.0M) | 2 Nov, 2026 အထိ
• SpaceX — 80% ($275M ထဲက $221M) | 11 Jun, 2026၊ Listing မတိုင်ခင် တစ်ရက်
• OpenAI — 44% (စုစုပေါင်း $27.8M ထဲက) | 2 Nov, 2026 အထိ
🧭 ဒါပေမယ့် ဒီနံပါတ်တွေက ဘာကိုဆိုလိုလဲ? ဒီဈေးကွက်က တကယ်ရော အလုပ်ဖြစ်လား? ဒါကို နားလည်ဖို့ ဆိုရင် လက်ရှိ အရောင်းအဝယ်ဖြစ်နေတဲ့ SpaceX ကုမ္ပဏီကိုဥပမာ အနေနဲ့ ပြောပြပါမယ်
---
🛰️ ဒီသုံးခုထဲမှာ Pre-IPO Perp ကနေ တကယ့် Stock Market ပေါ်အထိ ရောက်တာဆိုလို့ SpaceX တစ်ခုပဲ ရှိသေးတယ်။ Jun, 12, 2026 မှာ Nasdaq ပေါ် တက်သွားတယ်
📅 SpaceX ရဲ့ ဇာတ်လမ်းက Listing တဲ့နေ့ ရက်စွဲ သေချာသွားတဲ့နေ့ကစတာပဲ။ Jun 3 မှာ SpaceX က ရှယ်ယာ ဘယ်နှစ်စု ထုတ်မယ်၊ တစ်စု $135 နဲ့ ရောင်းမယ်ဆိုတာ တရားဝင် တင်လိုက်တယ်
📈 ရက်စွဲသေချာသွားတာနဲ့ လူတွေက ကြည့်ရုံ ကြည့်နေတာကနေ တကယ် Position ဝင်ယူလာကြတယ်။ Listing မတိုင်ခင် ၃ ပတ်အလိုမှာ OI က ၁၁ ဆနီးပါး တက်ပြီး $275M ထိ ရောက်သွားတယ်
🏠 Listing နေ့ကျတော့လည်း $5.84B နဲ့ — တစ်နေ့တည်း Volume ရဲ့ 64% ကို Binance ပေါ်မှာပဲ ဖြစ်ခဲ့တယ်
🎯 ဒီမှာ စိတ်ဝင်စားစရာ အကောင်းဆုံးအပိုင်းက SpaceX က ရှယ်ယာကို $135 လို့ ဈေးသတ်မှတ်ထားတယ်။ ဒါပေမယ့် Listing မတိုင်ခင်ရက်မှာ Perps ဈေးက အဲ့ဒီ $135 ထက် 26% လောက် ပိုမြင့်နေပြီ
🔔 နောက်တစ်နေ့ Stock Market ပေါ် တကယ်တက်တော့ ပထမနေ့မှာတင် $161 ဈေးပိတ်ခဲ့တယ်။ Perps ဈေးကလည်း အဲ့ဒီ $161 နဲ့ 0.3% တောင် မကွာဘူး
💡 ဆိုလိုတာက ကုမ္ပဏီကိုယ်တိုင် သတ်မှတ်ထားတဲ့ $135 ထက် Trader တွေ ပေးထားတဲ့ Perps ဈေးက ပထမနေ့ တကယ်ဖြစ်လာတဲ့ ဈေးနဲ့ ပိုနီးခဲ့တယ်။ ဒါက ကျွန်တောတို့ လက်ရှိ Anthropic ကို Trade ရင် အနီးစပ်ဆုံး မြင်ကြည့်လို့ရတယ်
⚠️ ဒါပေမယ့် ဒါက SpaceX အကြောင်းပါ။ Perps တွေက IPO ဈေးကို အမြဲမှန်အောင် ကြိုသိတယ်လို့ ပြောတာတော့ မဟုတ်ဘူး။ ဒီဈေးဖြစ်မယ်လို့လည်း မပြောဘူးနော်။ အဓိက သင်ခန်းစာ တစ်ခုအနေနဲ့ပဲ ကြည့်စေချင်တာပါ။
---
🤖 SpaceX က ဒီဈေးကွက် ဘယ်လိုလည်ပတ်လဲဆိုတာ အစအဆုံး ပြသွားပြီ။ ဒါဆို အခု ကမ္ဘာက စောင့်ကြည့်နေတဲ့ နောက် Share တစ်ခုက ဘာလဲ? Anthropic ပါ
📄 Anthropic က Oct 26 မှာ IPO အတွက် လိုအပ်တဲ့ S-1 စာရွက်စာတမ်းကို Public ချလိုက်တယ်။ Nov 2 မှာ ပြင်သင့်တာတွေ ပြင်ပြီး ထပ်တင်တယ်။ အခု Nasdaq ပေါ်မှာ ANT ဆိုတဲ့ နာမည်နဲ့ တက်ဖို့ ပြင်ဆင်နေပြီ
📈 ဒီမှာ SpaceX တုန်းက မြင်ခဲ့ရတဲ့ ပုံစံကို ပြန်မြင်ရတယ်။ IPO သတင်း တစ်ခုထွက်တိုင်း OI က လှေကားထစ်လို တစ်ဆင့်ချင်း တက်လာတယ် —
• S-1 Public ဖြစ်ပြီး တစ်ပတ်အတွင်း Total OI 46% တက်ပြီး $85.8M ရှိခဲ့တယ်
• Aug 1 ကနေ Nov 2 အထိ Binance ပေါ်က Anthropic OI 13 ဆ တက်ပြီး $72.0M
• Binance Share 84% — Jun 2 မှာ ဒီ Contract စကတည်းက အမြင့်ဆုံးဖြစ်နေတယ်
⚖️ ဒါပေမယ့် တက်တာချည်းပဲတော့ မဟုတ်ဘူး။ S-1 ထွက်ပြီး တစ်ပတ်ထဲမှာပဲ Binance ပေါ်က ဈေးက 13% ကျသွားတယ်
🧠 ဈေးကျနေရက်နဲ့ Position တွေ မလျော့ဘူး။ ဘာလို့လဲဆိုတော့ ဈေးတက်မယ်ထင်တဲ့သူရော၊ ကျမယ်ထင်တဲ့သူရော နှစ်ဘက်လုံးက ဝင်နေကြလို့ပါ။ Anthropic ဘယ်လောက်တန်လဲဆိုတဲ့ မေးခွန်းမှာ အမြင်မတူတဲ့သူတွေ ဆုံနေတဲ့ ဈေးကွက်တစ်ခု ဖြစ်လာနေပြီ
---
🌙 ဒီဈေးကွက်ရဲ့ တကယ့်အစွမ်းကို မြင်ရတာကတော့ ပြီးခဲ့တဲ့ စနေနေ့ကပါ
🗞️ Sep 12 စနေနေ့ မှာ Sam Altman က OpenAI ကို 2026 မှာ IPO မလုပ်ဘူးလို့ အတည်ပြုလိုက်တယ်။ အဲ့ဒီနေ့မှာပဲ Anthropic CEO ကလည်း Frontier AI Development ကို နှေးအောင်လုပ်မယ့် Plan ကို ချပြတယ်
🔒 သတင်းကြီး နှစ်ခု တစ်ပြိုင်တည်းထွက်တယ်။ ဒါပေမယ့် Stock Market က ပိတ်ထားတယ်။ ပုံမှန်ဆိုရင် တနင်္လာနေ့ ဈေးဖွင့်တဲ့အထိ ထိုင်စောင့်ရမှာ
⚡ Pre-IPO Perps ကတော့ မပိတ်ဘူး။ သတင်းထွက်တာနဲ့ ဈေးက ချက်ချင်း တုံ့ပြန်တယ်
📉 Binance ပေါ်က OpenAI Perp က သောကြာနေ့ ဈေးပိတ် $1,531 ကနေ တနင်္ဂနွေမှာ $1,380 အထိ 9.9% ကျသွားတယ်။ တနင်္လာနေ့ကျတော့ $1,467 အထိ ပြန်တက်လာတယ်
🔁 Volume ကလည်း စနေ $14.3M ကနေ တနင်္ဂနွေ $27.9M အထိ နှစ်ဆ ဖြစ်သွားတယ်။ ဒါပေမယ့် OI ကတော့ $20M နားမှာပဲ ငြိမ်နေတယ်
🧠 ဒါက ဘာကိုပြလဲဆိုတော့ — ရှိပြီးသား Trader တွေက သတင်းအသစ်အပေါ် မူတည်ပြီး ဈေးကို ပြန်တွက်နေကြတယ်
🛡️ Anthropic ဘက်ကတော့ 2.7% ပဲ ကျတယ်။ ဘာလို့ သေးသေးလေးပဲ လှုပ်လဲဆိုတော့ အဲ့ဒီသတင်းက Anthropic ရဲ့ IPO အစီအစဉ်ကို မပြောင်းခဲ့လို့ပါ
---
🇲🇲 မြန်မာက ကျွန်တော်တို့အတွက်ကတော့ ကမ္ဘာ့ကုမ္ပဏီကြီးတွေရဲ့ IPO သတင်းဆိုတာ ဖတ်ရုံပဲ ရှိခဲ့တာ။ မြင်သာမြင် မကျင်ရတဲ့ဘဝပေါ့။ ဒါပေမယ့် အခုတော့ ဝယ်ရောင်းလို့ရပါပြီ။ SpaceX ရှယ်ယာဖြစ်ခဲ့တာကို ကြည့်ပြီး အနီးစပ်ဆုံးတော့ Trade လို့ရကြမယ်လို့မြင်တယ်
📱 အခု Anthropic ကုမ္ပဏီ ဘယ်လောက်တန်လဲဆိုတာ Binance ပေါ်ကနေ ၂၄ နာရီလုံး စောင့်ကြည့်လို့ရလာပြီ
⚠️ ဒါပေမယ့် သတိထားရမှာက — ဒါ Derivatives ပါ။ ဈေးအတက်အကျ ကြမ်းတယ်၊ Risk များတယ်။ ဘာပဲလုပ်လုပ် ကိုယ့် Risk ကို သေချာနားလည်မှ လုပ်စေချင်တယ်။ ဆုံးရှုံးနိုင်ခြေရှိတာ မို့လို့ပါ။
---
🔔 ဆိုတော့ အကျဉ်းချုပ် Recap ပြောရရင် — အရင်က Private Company တွေမှာ ဈေးမရှိခဲ့ဘူး။ အခုတော့ ဈေးရှိလာပြီ။ ပြီးတော့ အဲ့ဒီဈေးက 24 နာရီလုံး လည်ပတ်နေတယ်
🛰️ SpaceX က ဒီဈေးကွက် ဘယ်လိုအလုပ်လုပ်လဲဆိုတာ ပြသွားပြီ။ Anthropic ကတော့ နောက်ထပ် စောင့်ကြည့်စာရင်းထဲပါနေတဲ့တစ်ခုပါ
💬 အခု Anthropic က Listing လုပ်တော့မှာဆိုတော့ သူတို့ ဈေးစဖွင့်တာကို ဒီနေ့ ကြာသပတေးက $83 နဲ့သတ်မှတ်ထားတယ်။ Binance Pre-IPO မှာက $100 ရောက်နေပြီ
ဒီတော့ ညီကိုတို့ ဘယ်လောက်ထိ တက်မယ်လို့ထင်လဲ? ကျွန်တော်ကတော့ $120 တက်မယ်လို့ ခန့်မှန်းထားတယ်။ Trade လည်း ဝင်ထားတယ်
ညီကိုတို့လည်း ဒီလို Trade ဖို့ Binance ရှိဖို့လိုလိမ့်မယ်။ အကောင့်ဖွင့်ဖို့
20% OFF Referral Code 👉 ZOEAI ကို သုံးပါ
👉 အကောင့်ဖွင့်းရန် Link: https://www.binance.com/join?ref=ZOEAI
DISCLAIMER: NOT FINANCIAL ADVICE PLEASE DYOR

