🇷🇺 ရုရှားမှာ Crypto ကို ဘဏ်လုပ်ငန်းထဲ ပိုမိုထည့်သွင်းလာပြီ

ရုရှားနိုင်ငံရဲ့ အကြီးဆုံးဘဏ်ဖြစ်တဲ့ Sber က စက်တင်ဘာ ၁ ရက်ကစပြီး အသက်ဝင်လာမယ့် Crypto Regulation အသစ်တွေနဲ့အတူ Bitcoin (BTC), Ethereum (ETH) နဲ့ USDT တို့ကို ချေးငွေရယူတဲ့အခါ Collateral (အာမခံပစ္စည်း) အဖြစ် လက်ခံဖို့ စီစဉ်နေပါတယ်။
ဒီလိုလုပ်ဆောင်လာတာက Crypto Asset တွေကို ရိုးရိုး Investment Asset တစ်ခုအနေနဲ့သာမက ဘဏ်လုပ်ငန်းနဲ့ ချေးငွေစနစ်ထဲမှာပါ အသုံးချနိုင်တဲ့ Financial Asset တစ်ခုအဖြစ် တဖြည်းဖြည်း လက်ခံလာနေတဲ့ လက္ခဏာတစ်ခုလို့ မြင်နိုင်ပါတယ်။
အထူးသဖြင့် ရုရှားလို နိုင်ငံတစ်ခုရဲ့ အကြီးဆုံးဘဏ်က BTCETH နဲ့ USDT ကို Loan Collateral အဖြစ် အသုံးပြုဖို့ စီစဉ်လာတာဟာ Crypto Adoption အတွက် စိတ်ဝင်စားစရာကောင်းတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
$BTC
$ETH