Binance Square

missingpiece

40 vues
2 mentions
BroKok
·
--
နည်းပညာတွေကြားမှာ ကျွန်တော်တို့ ဘာတွေ မေ့နေခဲ့သလဲ?Crypto လောကထဲကို ကျွန်တော် စခြေချခဲ့တာ ၈ နှစ်ရှိပါပြီ။ ၂၀၁၈ ကနေ ဒီနေ့အထိ Bitcoin စျေးတွေ တက်လိုက် ကျလိုက်၊ နည်းပညာအသစ်တွေ တစ်ခုပြီးတစ်ခု ထွက်လာလိုက်နဲ့ သံသရာလည်နေတာကို စောင့်ကြည့်ခဲ့ရတယ်။ ဒါပေမဲ့ ဒီနေ့အထိ Crypto လောကမှာ တစ်ခုခု လိုနေသလိုပဲ ကျွန်တော် ခံစားရတယ်။ အဲ့ဒါက ဘာလဲဆိုတော့ "Human Connection & Trust" ပါပဲ။ ​ကျွန်တော်တို့ တစ်နေကုန် စကားပြောနေကြတာတွေက L2 လား၊ TPS ဘယ်လောက်လဲ၊ Yield ဘယ်လောက်ရလဲ ဆိုတဲ့ နည်းပညာပိုင်းဆိုင်ရာတွေချည်းပါပဲ။ ဒါပေမဲ့ သာမန်လူတစ်ယောက်အတွက်တော့ ဒါတွေက နားလည်ရ ခက်လွန်းနေတုန်းပဲ။ Crypto ကို "Investment Asset" တစ်ခုထက် "Daily Utility" တစ်ခုအဖြစ် ပြောင်းလဲဖို့ဆိုတာ နည်းပညာတစ်ခုတည်းနဲ့ မရပါဘူး။ ​နည်းပညာက ရှိနေပြီးသား၊ ဒါပေမဲ့ Storytelling က လိုနေသေးတယ်။ ​အနုပညာရှင်တစ်ယောက်အနေနဲ့ ကျွန်တော် မြင်တာကတော့... သီချင်းတစ်ပုဒ်ဟာ နားထောင်သူရဲ့ နှလုံးသားကို ထိမှသာ အောင်မြင်သလိုမျိုး၊ Crypto ဟာလည်း လူတွေရဲ့ နေ့စဉ်ဘဝထဲက ပြဿနာတွေကို တကယ်ဖြေရှင်းပေးနိုင်မှ (ဒါမှမဟုတ် ဖြေရှင်းပေးနိုင်တယ်ဆိုတာကို လူတွေ နားလည်အောင် ပြောပြနိုင်မှ) တကယ့် Mass Adoption ဆိုတာ ဖြစ်လာမှာပါ။ ​ကျွန်တော်တို့ လိုအပ်နေတာက ပိုမြန်တဲ့ Blockchain တွေတင် မဟုတ်ဘဲ၊ ပိုပြီး ရိုးရှင်းတဲ့ "နားလည်လွယ်တဲ့ စကားလုံးတွေ" နဲ့ "ယုံကြည်မှု" ပါ။ ​Binance Square မှာ ကျွန်တော် Content တွေ ရေးနေတာဟာလည်း ဒီ Missing Piece ကို ဖြည့်ဆည်းဖို့ပါပဲ။ နည်းပညာနဲ့ လူသားတွေကြားမှာ တံတားတစ်စင်းအဖြစ် ရှိနေချင်တာပါ။ Crypto ဆိုတာ ဂဏန်းတွေ၊ သင်္ကေတတွေတင် မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ငွေကြေးလွတ်လပ်ခွင့်အတွက် အနာဂတ် "Story" တစ်ခု ဖြစ်လာရပါမယ်။ ​ဒီ Missing Piece ကို ဖြည့်ဖို့ Bro တို့ရော ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နေကြလဲ? ​Comment မှာ ဆွေးနွေးသွားကြရအောင်! ​#CryptoPerspective #Web3 #MissingPiece #CryptoLifestyle #CommunityFirst

နည်းပညာတွေကြားမှာ ကျွန်တော်တို့ ဘာတွေ မေ့နေခဲ့သလဲ?

Crypto လောကထဲကို ကျွန်တော် စခြေချခဲ့တာ ၈ နှစ်ရှိပါပြီ။ ၂၀၁၈ ကနေ ဒီနေ့အထိ Bitcoin စျေးတွေ တက်လိုက် ကျလိုက်၊ နည်းပညာအသစ်တွေ တစ်ခုပြီးတစ်ခု ထွက်လာလိုက်နဲ့ သံသရာလည်နေတာကို စောင့်ကြည့်ခဲ့ရတယ်။ ဒါပေမဲ့ ဒီနေ့အထိ Crypto လောကမှာ တစ်ခုခု လိုနေသလိုပဲ ကျွန်တော် ခံစားရတယ်။
အဲ့ဒါက ဘာလဲဆိုတော့ "Human Connection & Trust" ပါပဲ။
​ကျွန်တော်တို့ တစ်နေကုန် စကားပြောနေကြတာတွေက L2 လား၊ TPS ဘယ်လောက်လဲ၊ Yield ဘယ်လောက်ရလဲ ဆိုတဲ့ နည်းပညာပိုင်းဆိုင်ရာတွေချည်းပါပဲ။ ဒါပေမဲ့ သာမန်လူတစ်ယောက်အတွက်တော့ ဒါတွေက နားလည်ရ ခက်လွန်းနေတုန်းပဲ။ Crypto ကို "Investment Asset" တစ်ခုထက် "Daily Utility" တစ်ခုအဖြစ် ပြောင်းလဲဖို့ဆိုတာ နည်းပညာတစ်ခုတည်းနဲ့ မရပါဘူး။
​နည်းပညာက ရှိနေပြီးသား၊ ဒါပေမဲ့ Storytelling က လိုနေသေးတယ်။
​အနုပညာရှင်တစ်ယောက်အနေနဲ့ ကျွန်တော် မြင်တာကတော့... သီချင်းတစ်ပုဒ်ဟာ နားထောင်သူရဲ့ နှလုံးသားကို ထိမှသာ အောင်မြင်သလိုမျိုး၊ Crypto ဟာလည်း လူတွေရဲ့ နေ့စဉ်ဘဝထဲက ပြဿနာတွေကို တကယ်ဖြေရှင်းပေးနိုင်မှ (ဒါမှမဟုတ် ဖြေရှင်းပေးနိုင်တယ်ဆိုတာကို လူတွေ နားလည်အောင် ပြောပြနိုင်မှ) တကယ့် Mass Adoption ဆိုတာ ဖြစ်လာမှာပါ။
​ကျွန်တော်တို့ လိုအပ်နေတာက ပိုမြန်တဲ့ Blockchain တွေတင် မဟုတ်ဘဲ၊ ပိုပြီး ရိုးရှင်းတဲ့ "နားလည်လွယ်တဲ့ စကားလုံးတွေ" နဲ့ "ယုံကြည်မှု" ပါ။
​Binance Square မှာ ကျွန်တော် Content တွေ ရေးနေတာဟာလည်း ဒီ Missing Piece ကို ဖြည့်ဆည်းဖို့ပါပဲ။ နည်းပညာနဲ့ လူသားတွေကြားမှာ တံတားတစ်စင်းအဖြစ် ရှိနေချင်တာပါ။ Crypto ဆိုတာ ဂဏန်းတွေ၊ သင်္ကေတတွေတင် မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ငွေကြေးလွတ်လပ်ခွင့်အတွက် အနာဂတ် "Story" တစ်ခု ဖြစ်လာရပါမယ်။
​ဒီ Missing Piece ကို ဖြည့်ဖို့ Bro တို့ရော ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နေကြလဲ?
​Comment မှာ ဆွေးနွေးသွားကြရအောင်!
#CryptoPerspective #Web3 #MissingPiece #CryptoLifestyle #CommunityFirst
Connectez-vous pour découvrir d’autres contenus
Découvrez les dernières actus sur les cryptos
⚡️ Prenez part aux dernières discussions sur les cryptos
💬 Interagissez avec vos créateurs préféré(e)s
👍 Profitez du contenu qui vous intéresse
Adresse e-mail/Nº de téléphone