Bitcoin Halving Cycle ကို ဗဟိုပြုတဲ့ ၄ နှစ်တာ ဈေးကွက် လည်ပတ်ပုံ (4-Year Market Cycle) ဟာ သမိုင်းကြောင်းအရ အမြဲမှန်ကန်လေ့ရှိပါတယ်။ ဒီ Chart ကို သုံးသပ်ပြီး နောက်လာမယ့် အချိန်တွေအတွက် ဘာတွေ ပြင်ဆင်ထားသင့်လဲဆိုတာကို ကြည့်လိုက်ရအောင်!
သမိုင်းက သင်ခန်းစာ (Halving Cycle ၏ အဓိက အဆင့်များ)
Chart ထဲက အချက်အလက်တွေအရ Halving တစ်ခုစီတိုင်းမှာ ဈေးကွက်ဟာ အဆင့် (၃) ဆင့်ကို အမြဲ ဖြတ်သန်းလေ့ရှိပါတယ်။
၁။ ဝယ်ယူစုဆောင်းချိန် (DCA / Accumulation Phase)
အချိန်ကာလ: Halving မတိုင်ခင် ၁ နှစ်ခွဲမှ ၂ နှစ်အကြာ (ဈေး အနိမ့်ဆုံး ရောက်ချိန်)။
ဒီအချိန်ဟာ စျေးကွက်စိတ်ဝင်စားမှု အနိမ့်ဆုံးဖြစ်ပြီး၊ စျေးနှုန်းကလည်း ပြင်းထန်စွာ ပြုတ်ကျပြီး ပြန်တက်ဖို့ စတင်နေတဲ့ အချိန်ပါ။ ၂၀၂၂-၂၀၂၃ ကာလမှာ $13K-$25K ဝန်းကျင်မှာ DCA (Cost Averaging) ပြုလုပ်ဖို့ အကောင်းဆုံး အချိန်ဖြစ်ခဲ့ပါတယ်။
ဈေးကွက် ဆိုးဝါးနေချိန်မှာ စိတ်ရှည်လက်ရှည် ဝယ်ယူစုဆောင်းခြင်း ဟာ အမြတ်အစွန်း အများဆုံး ဖြစ်စေနိုင်ပါတယ်။
၂။ အမြတ်စတင်ရယူချိန် (Profit Start)
အချိန်ကာလအားဖြင့် Halving ဖြစ်ပြီးနောက် ၆ လမှ ၉ လအကြာ။
BTC ဈေးဟာ စတင်ခုန်တက်လာပြီး အဟုန်ရလာတဲ့ အချိန်ပါ။ ၂၀၂၀ Halving ပြီးနောက် ၂၀၂၁ နှစ်လယ် မှာ စတင်ခဲ့သလို၊ ၂၀၂၄ Halving ပြီးနောက် ၂၀၂၅ နှစ်ဆန်းပိုင်း မှာလည်း ဈေးနှုန်းမြင့်တက်လာတာကို Chart မှာ တွေ့ရပါတယ်။
သင်ခန်းစာအနေနှင့် ဒီအချိန်မှစ၍ တစ်စိတ်တစ်ပိုင်း အမြတ်စတင်ရယူခြင်း (Take Profit) ကို စဉ်းစားသင့်ပါပြီ။
၃။ ဈေးကွက် အမြင့်ဆုံး (Peak / Profit End)
အချိန်ကာလအားဖြင့် Halving ဖြစ်ပြီးနောက် ၁၂ လမှ ၁၈ လအကြာ။
ဒီအချိန်ဟာ ဈေးကွက် အမြင့်ဆုံး (All-Time Highs) ကို ရောက်ရှိပြီး လူတိုင်း စိတ်လှုပ်ရှားမှု အထွတ်အထိပ် ရောက်နေတဲ့ အချိန်ပါ။ ၂၀၂၅ ခုနှစ်၊ နှစ်လယ်ပိုင်း (Halving ပြီး ၁၅ လခန့်) မှာ ဈေးနှုန်းဟာ $130K ဝန်းကျင်အထိ ရောက်ရှိပြီး Cycle ရဲ့ အဆုံးသတ် ဖြစ်ခဲ့ပါတယ်။
ဒီအချိန်ဟာ စုဆောင်းထားသမျှကို ရောင်းချပြီး အမြတ်အစွန်း သိမ်းဆည်းရန် အကောင်းဆုံးအချိန် ဖြစ်နိုင်ပါတယ်။
လက်ရှိ အနေအထား (၂၀၂၅၊ ဒီဇင်ဘာလ)-
Chart အရ လက်ရှိ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဟာ Profit End (အမြတ်သိမ်းဆည်းရမည့်အချိန်) ကာလထဲမှာ ပါဝင်နေပြီး၊ ဈေးနှုန်းဟာ $130,000 ဝန်းကျင်ကနေ ပြန်လည် ပြုတ်ကျနေတဲ့ အနေအထားကို ပြသနေပါတယ်။
Bitcoin Halving Cycle က ငါတို့ကို ဘာပြောနေလဲဆိုရင်...
1. လောဘ မကြီးပါနဲ့-
ဈေး အလွန်အမင်း တက်နေတဲ့ Euphoria Phase (Peak) မှာ လောဘကို ထိန်းချုပ်ပြီး ရောင်းဖို့ အရေးကြီးပါတယ်။
2. ကြောက်စိတ်ကို ထိန်းချုပ်ပါ-
ဈေး အလွန်အမင်း ကျနေတဲ့ Bear Phase မှာ ကြောက်စိတ်ကို ထိန်းချုပ်ပြီး ဝယ်ယူစုဆောင်းဖို့ (DCA) အရေးကြီးပါတယ်။
3. အချိန်ကိုက် ရင်းနှီးပါ-
Halving သည် စျေးကွက်ရဲ့ အတက်အကျ အဆင့် (Phase) တွေကို ရှင်းရှင်းလင်းလင်း ပြသထားတဲ့အတွက် ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှု အချိန်ကိုက်ညီအောင် ပြင်ဆင်ထားသင့်ပါတယ်။
Chart ပုံစံနှင့် သုံးသပ်ချက်များသည် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များပေါ်တွင် အခြေခံထားခြင်းသာဖြစ်ပြီး၊ အနာဂတ်မှာ အတိအကျ ဖြစ်လာမယ်လို့ အာမမခံပါ။ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်မီ မိမိကိုယ်တိုင် လုံ့လဝီရိယရှိစွာ လေ့လာသုံးသပ်ပါရန် အထူး အကြံပြုအပ်ပါသည်။
#BitcoinHalving #BTC #CryptoCycle #DCA #FinancialEducation
