🚨🔐 #ကင်ဂျုံအမ်တို့အဖွဲ့ မြောက်ကိုရီးယား #Hacker တွေ #Binance ဆီက $6.3 Billion Hack ခံရအပြီးမှာ #

💰 Richard Teng က Fox နဲ့ CNBC တို့ရဲ့ Interview တွေမှာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အသေးစိတ်ရှင်းပြလာတယ်

ဒါက Hacker တစ်ယောက်က Phishing Link တစ်ခု ပို့လိုက်လို့ဖြစ်သွားတဲ့ သာမန် Cyberattack တော့မဟုတ်ဘူး

🕵️‍♂️ Richard Teng ပြောတာက တိုက်ခိုက်သူတွေဟာ လပေါင်းများစွာ အချိန်ယူပြီး Fake Job Interview တွေ၊ Developer Tool အယောင်ဆောင် Malware တွေနဲ့ AI နည်းပညာတွေကို အသုံးပြုပြီးတော့ Binance ရဲ့ System ထဲကို အဆင့်ဆင့် ဝင်ရောက်ခဲ့ကြတယ်လို့ ပြောတယ်

🇰🇵 ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ မြောက်ကိုရီးယား Hacker တွေရှိကြောင်း #FBI ကသတ်မှတ်ထားတယ်လို့လည်း Richard Teng က ထပ်ပြောထားတယ်

⚠️ ဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာ Binance က အခု ၂၀၂၆ အတွင်း မြောက်ကိုရီးယားနဲ့ ဆက်နွယ်တယ်လို့ သံသယရှိတဲ့ Cyberattack ဖြစ်စဉ် ၅၇ ခုကို ကြိုတင်ဖော်ထုတ်ပြီး တားဆီးနိုင်ခဲ့တယ်ဆိုတဲ့အချက်ပါ

ဒါပေမဲ့ ကံဆိုးတယ်လို့ ပြောရမလားပဲ၊ အောက်တိုဘာ ၂၉ ရက် တိုက်ခိုက်မှုကိုတော့ Binance ဘက်က မတားဆီးနိုင်ခဲ့ဘူး။

🔐 ဒါဆို ဆုံးရှုံးသွားတာတွေအတွက် Binance က ဘယ်လိုတာဝန်ယူခဲ့လဲ?

ဒါကို Richard Teng ပြောတာက Hack ခံရတာကြောင့် သုံးစွဲသူတွေ အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့အတွက် သူ့အနေနဲ့ တောင်းပန်ပါတယ်လို့အကြိမ်ကြိမ် ပြောထားတယ်။ ဒီဆုံးရှုံးမှုအားလုံးကိုလည်း Binance က တာဝန်ယူမယ်လို့ ပြောခဲ့ပါတယ်

🛡️ သူ့ရဲ့ နိုဝင်ဘာ ၃ ရက်နေ့က Interview ပြောစကားအရ

💰 ထိခိုက်ခဲ့တဲ့ Crypto Asset တွေရဲ့ 98% ကို ပြန်ပြီး ဖြည့်ထားနိုင်ခဲ့ပြီးပြီ။

🏦 ပြီးတော့ Hack ကြောင့် ဆုံးရှုံးခဲ့တဲ့ပမာဏထက်တောင် ပိုများတဲ့ ကုမ္ပဏီပိုင်ငွေတွေကို ကြိုပြီးသီးသန့်ဖယ်ထားပြီးပြီလို့လည်း Richard Teng က ပြောတယ်

🔍 Customer တွေကိုယ်တိုင်လည်း Proof of Reserves ကနေ ပိုင်ဆိုင်မှုစာရင်းကို စစ်ဆေးနိုင်တယ်လို့ပြောထားတယ်

ကျန်နေသေးတဲ့ 2% က Liquidity နည်းတဲ့ Token တွေဖြစ်တာကြောင့် ဝယ်လိုက်ရင် ရုတ်တရက်ဈေးမတည်ငြိမ်တာတွေ ဖြစ်မှာစိုးလို့ OTC ကနေ တဖြည်းဖြည်း ပြန်ဝယ်နေတယ်လို့ ဆိုပါတယ်

💸 Hack ခံရအပြီး Withdrawal တွေပြန်ဖွင့်ချိန်မှာလည်း ငွေထုတ်တာတွေအများကြီးရှိခဲ့ပေမယ့် Richard Teng ထပ်ပြောတာက နောက်ပိုင်းမှာ Hourly Deposit နဲ့ Withdrawal တွေက အရင်ကလိုပဲ ပုံမှန်အခြေအနေဆီ ပြန်ရောက်လာနေပါပြီလို့ပြောတယ်

🚨 နောက်ထပ် ပိုပြီးတော့ အရေးကြီးတဲ့အချက်က ခိုးယူခံထားရတဲ့ Crypto တွေကိုပြန်ယူဖို့အတွက်ပါ ထပ်ပြောထားတယ်

❤️‍🔥 Binance ရဲ့ ထုတ်ပြန်ချက်အရ ဥပဒေအဖွဲ့တွေ Stablecoin ထုတ်တဲ့သူတွေနဲ့ Blockchain Intelligence ကုမ္ပဏီတွေရဲ့ အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် $2.85 Billion ဝန်းကျင်ကို Freeze လုပ်နိုင်ခဲ့ပြီး လွှဲပြောင်းတာတွေကို တားဆီးနိုင်ခဲ့တာပါ

⛓️ Blockchain ပေါ်မှာ Crypto တွေကို Borderless လို့ခေါ်တဲ့ နိုင်ငံမခြား ရွှေ့ပြောင်းနိုင်ပေမဲ့ Transaction တွေကို ခြေရာခံနိုင်တဲ့ Transparency ကလည်း ခိုးယူခံရတဲ့ Asset တွေကို ပြန်လည်ထိန်းချုပ်ရာမှာ အထောက်အကူဖြစ်ခဲ့ပါတယ်

🤖 ဒါ့အပြင် Richard Teng ထပ်ပြီး ပိုပြီးလေးလေးနက်နက်သတိပေးခဲ့တာက AI Cyberattack တွေအကြောင်းပါ

အရင်က Cyberattack က တစ်လတစ်ကြိမ် ဖြစ်နေရာကနေ တစ်ပတ်တစ်ကြိမ်ဖြစ်လာခဲ့တယ်။ အခုဆိုရင် တစ်ရက်တည်းတောင် Exchange လေးခုအထိ တိုက်ခိုက်ခံရတဲ့အခြေအနေမျိုးတွေ ရှိလာတယ်လို့ သူက ထောက်ပြခဲ့တယ်

AI ကြောင့် Hacker တွေက Social Engineering, Malware Development နဲ့ Attack တွေကိုအကောင်အထည်ဖော်ရာမှာ ပိုမြန်မြန်ဆန်ဆန် လုပ်ဆောင်လာနိုင်တဲ့အထိ AI ရဲ့စွမ်းအားတွေကြီးလာခဲ့တယ်။

🛡️ ဒါကြောင့် Binance ကလည်း တိုက်ခိုက်သူတွေ အသုံးပြုခဲ့တဲ့ Entry Point တွေကိုပိတ်ထားပြီး ထိခိုက်ခဲ့တဲ့ System တွေကို ပြန်လည်တည်ဆောက်ထားပြီးပြီလို့ ဆိုပါတယ်

ဒါ့အပြင် Device Security, Wallet Risk Control နဲ့ AI မူမမှန်တာ၊ မသာမာမှုရှာဖွေတာ တွေကိုလည်း ပိုမိုတင်းကျပ်ထားကြောင်း ပြောပါတယ်

💡 ဆိုတော့ အကျဉ်းချုပ် Recap ပြန်လုပ်ရရင် ဒီ Hack တာကို ခံခဲ့ရာကနေ ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာအများကြီး မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်လို့တောင် ပြောရမယ်။ ဘာသင်ခန်းစာတွေလဲဆိုတော့

🏦 Crypto Exchange တစ်ခု ဘယ်လောက်ကြီးနေပါစေ Cyberattack ကို 100% ကာကွယ်နိုင်တယ်လို့ အာမခံလို့မရဘူး

💸 နောက်ပြီး Exchange တစ်ခုတည်းမှာ ငွေတွေစုပုံမထားဘဲနဲ့ Trading လုပ်တဲ့ ပမာဏကိုပဲ ထားသင့်တယ် သင်ပေးခဲ့တယ်

ပြီးတော့ အရေးကြီးဆုံးက မတော်တဆ လုံခြုံရေးကျိုးပေါက်တာတစ်ခု ဖြစ်လာတဲ့အခါ အရေးကြီးတာက Hacker တွေကို ဘယ်လောက်မြန်မြန် တားဆီးနိုင်လဲ၊ သုံးစွဲသူတွေရဲ့ပိုင်ဆိုင်မှုတွေကို ဘယ်လောက်အထိ ကာကွယ်နိုင်လဲ၊ ဆုံးရှုံးမှုတွေကို ဘယ်လိုတာဝန်ယူဖြေရှင်းပေးလဲဆိုတဲ့ ကိုယ်သုံးနေတဲ့ Exchange တွေကိုပြန်ကြည့်ဖို့လိုပါတယ်

🚀 ဒါ့အပြင် AI က Cyberattack တွေကို ပိုပြီးအဆင့်မြင့်လာစေသလို Cybersecurity System တွေမှာလည်း AI ကို ပိုပြီး အတွင်းကျကျ အသုံးချဖို့ လိုအပ်လာနေပြီဆိုတာကို အခုသက်သေပြနေပြီ

Richard Teng ရဲ့ စကားကိုပြန်ယူသုံးရမယ်ဆိုရင် AI နဲ့ အရှိန်မြှင့်တိုက်ခိုက်လာတဲ့ Hacker တွေကို ခုခံတုန့်ပြန်ဖို့အတွက် Security System တွေကလည်း AI ရဲ့ အမြန်နှုန်းနဲ့ လုပ်နိုင်ဖို့ လိုပါတယ်။ ဆိုလိုတာက AI နဲ့ တိုက်ခိုက်လာတာကို AI နဲ့ ပြန်ခုခံရမယ်ဆို့လိုတာတာပါ။

💬 ညီကိုတော့ရော Binance ​Hack ခံရတုန်းက စိတ်သောက၊ စိတ်ကင်ဆာ ဘယ်လောက်ထိ ရလိုက်လဲ? အကုန်ဆုံးရှုံးပြီလို့ရော ထင်ခဲ့လား? အခုရော ခံစားနေရတာတွေ သက်သာသွားပြီလား? လက်ရှိရော Crypto တွေကို ဘယ်လိုသိမ်းထားလဲ? Binance မှာပဲ ဆက်သိမ်းထားလားဆိုတာ အောက်က Comment မှာ တခြားသူတွေပါ သိအောင် မဖြစ်မနေ ဆွေးနွေးပေးပါဦး