Crypto Market မှာ October ရောက်ရင် ဈေးတက်လာတတ်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ “Uptober” လို့ ခေါ်ကြပေမယ့် ဒီနှစ် October ကတော့ မျှော်လင့်ထားသလို ဖြစ်မလာသေးပါဘူး။ ပြီးခဲ့တဲ့အပတ်မှာ Bitcoin ETF တွေကနေ အသားတင် ဒေါ်လာ 681.1 Million ထွက်သွားခဲ့ပြီး ဒီတစ်ပတ်မှာလည်း ဒေါ်လာ 228.6 Million ထပ်မံထွက်သွားခဲ့တာကြောင့် နှစ်ပတ်အတွင်း စုစုပေါင်း ဒေါ်လာ 909.7 Million အထိ ရှိလာခဲ့ပါတယ်။ ETF တွေကနေ ငွေထွက်မှုများလာတာဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဝယ်လိုအား လျော့နည်းလာတာ ဒါမှမဟုတ် လက်ရှိဈေးကွက်အခြေအနေအပေါ် သတိထားလာတာကို ဖော်ပြနိုင်ပါတယ်။ ဒါပေမဲ့ ETF တွေမှာ ငွေထွက်တယ်ဆိုတာနဲ့ Bitcoin ဈေးက မဖြစ်မနေကျမယ်လို့တော့ မဆိုလိုပါဘူး။ Trader တွေအနေနဲ့လည်း “Uptober ဆိုတော့ ဈေးတက်ရမယ်” ဆိုတဲ့ မျှော်လင့်ချက်တစ်ခုတည်းကို အခြေခံပြီး Trade ဝင်တာထက် ETF Flow၊ Trading Volume၊ Open Interest နဲ့ အရေးကြီးတဲ့ Support/Resistance Level တွေကိုပါ တွဲဖက်လေ့လာသင့်ပါတယ်လို့ အကြံပေးချင်ပါတယ်ခင်မျာ။