ဒီနှစ် Halloween မှာ ကျွန်မက အိမ်မှာပဲ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲဖို့ စီစဉ်ထားပါတယ်။ ပထမဆုံး ခြံထဲမှာ အဝါ‌ေရာင်မီးလုံး‌ေတွ ၊ သရဲပုံ‌ေတွအလှဆင်ပစ္စည်းတွေနဲ့ အလှဆင်မယ်။ အလှဆင်မှုတွေထဲမှာ Binance ရဲ့ အဝါရောင်ကိုလည်း ထည့်သွင်းပြီး crypto-themed Halloween အငွေ့အသက်လေး ဖန်တီးမယ်။🎃✨

ပြီးတော့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အစားအသောက်bar နေရာ လေး တွေ၊သီချင်းနားဆင်ဖို့ Dj တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင်ဖန်တီးထားမယ်။

ညနေပိုင်းမှာ ပွဲနေရာကို ရောက်သွားတာနဲ့ စီးကြိုနေတာက “BINANCE HALLOWEEN PARTY” ဆိုတဲ့ မီးထွန်းဘုတ်ကြီးနဲ့ ဂြိုဟ်သားတွေ၊ နတ်ဆိုးတွေကြားထဲက Bull နဲ့ Bear Mascot ကြီးတွေ! 🐂🐻 စျေးကွက်ထဲမှာ အပြိုင်အဆိုင် ဖြစ်နေကျ နွားနဲ့ ဝက်ဝံတို့ ပွဲထဲမှာ ပျော်ပျော်ပါးပါး ကခုန်နေကြတာတွေ့ရမှာ တကယ့်ကို ဆန်းသစ်တဲ့ မြင်ကွင်းပဲ!🥰
ဝတ်စုံတွေကလည်း သာမန်မဟုတ်ဘဲ
ဂြိုဟ်သားဝတ်စုံတွေ၊ ဇာတ်ကောင်ဆန်းဆန်းတွေအပြင် "To the Moon" ကို အရောက်သွားမယ့် အာကာသယာဉ်မှူး ဝတ်စုံနဲ့ မိတ်ဆွေတွေကိုလည်း စုံလင်နေအောင်ဖိတ်မယ်။ costumeပြိုင်ပွဲ တွေပါလုပ်မယ်🧑‍🚀👽

ပြီးရင်Halloween သီချင်းတွေ ဖွင့်ထားပြီး ကြောက်စရာရုပ်ရှင်တွေ ကြည့်ကြမယ်။  ပွဲထဲမှာ ကျွေးမွေးတဲ့ မုန့်တွေကိုလည်း အလွန်ချစ်စရာကောင်းပြီး ဆန်းပြား‌ေအာင်ပြင်ထားမယ်!
Genesis Block လို့ ရေးထားတဲ့ ဘီစကစ်သေတ္တာလေးတွေ၊ Bitcoin လိုဂိုပါတဲ့ သီးသန့် ကိတ်မုန့်တွေအပြင် Crypto Cocktails ဘား တွေမှာ မြူးထူးကြမယ်။🍸🍹
အချို့အချိန်တွေမှာ မီးပိတ်ပြီး flashlight လေးတွေနဲ့ သရဲဇာတ်လမ်းတွေ ပြောကြမယ်။ ကြောက်စရာကောင်းပေမယ့် နောက်ဆုံးမှာ အားလုံးရယ်မောရမယ့် ပျော်စရာညတစ်ည ဖြစ်လာမှာ သေချာပါတယ်။ 😂

Halloween ရဲ့ အဓိကအလှကတော့ ကြောက်ရွံ့မှုတစ်ခုတည်း မဟုတ်ဘဲ မိသားစုနဲ့သူငယ်ချင်းတွေကို ပိုမိုနီးကပ်စေတဲ့ အချိန်ကောင်းတစ်ခု ဖြစ်တာပါပဲ။ ဒီနှစ်မှာလည်း အားလုံးအတူတူ ပျော်ရွှင်စွာ ဆင်နွှဲပြီး မမေ့နိုင်တဲ့အမှတ်တရတွေ ဖန်တီးချင်ပါတယ်။

Binance Community အားလုံးလည်း ကိုယ့်စိတ်ကြိုက်ဝတ်စုံဝတ်ဆင်ပြီး အလှဆင်မှုတွေ ပြုလုပ်ကာ Halloween ရဲ့ ပျော်ရွှင်မှုကို အတူတူခံစားကြပါစို့။ ကြောက်စရာနည်းနည်း၊ ရယ်မောမှုများများနဲ့ မှော်ဆန်တဲ့ Halloween ညတစ်ည ဖြစ်ပါစေ! 💛🎃
#SEAPumpkinFrenzy