☀️🔥 Crypto သမားတွေ Stock Market ထဲ ဝင်လာကြပြီ။Stock Broker company တွေတော့ ထမင်းငတ်တော့မယ်🥹

အရင်က Crypto သမားတွေဆိုရင် Bitcoin, Ethereum, Altcoin တွေပဲ ဝယ်ကြ၊ ရောင်းကြတယ်

Stock ဝယ်ချင်ရင်တော့ သီးသန့် Broker Account ဖွင့်ရမယ်၊ နိုင်ငံအလိုက် စည်းမျဉ်းတွေရှိမယ်၊ သက်ဆိုင်ရာ Stock Market ဖွင့်ချိန်ကိုလည်း စောင့်ရမယ် စတာတွေနဲ့ အတော်လေးရှုပ်တယ်

ဒါပေမယ့် ကိုယ့်မှာ Binance လို Crypto Exchange ရှိရင် Broker Account လည်းမလိုဘူး၊ နိုင်ငံအလိုက် စည်းမျဉ်းတွေလည်းမလို၊ 24 နာရီပတ်လုံး အချိန်နေရာမရွေး Stock ကို တိုက်ရိုက်ဝယ်လို့ရပြီ

ပိုစိတ်ဝင်စားဖို့ကောင်းတာက Binance က ဒီဈေးကွက်ထဲ ဝင်လာတာ သုံးလလောက်ပဲရှိသေးတယ်။ Market Share လေးပုံတစ်ပုံနီးပါး လက်ဝါးကြီးအုပ်ထားလိုက်ပြီ

.

ဘယ်လိုလက်ဝါးကြီးအုပ်နိုင်တာလဲဆိုတာကိုသိဖို့ အရင်ဆုံး Tokenized Stock က ဘာလဲ? ဆိုတာကို အရင်သိထားဖို့လိုတယ်

Tokenized Stock ဆိုတာက အရိုးရှင်းဆုံးနဲ့ အလွယ်ပြောရရင် တကယ့် Stock တစ်ခုကို Blockchain ပေါ်ကို ရွှေ့လိုက်တဲ့ပုံစံမျိုးပါ။ ဆိုလိုတာက "ရန်ကုန်က ကားတစ်စင်းကို ကော့သောင်းကို နေရာရွှေ့လိုက်တဲ့သဘောပါ"

ဥပမာ မိတ်ဆွေက အမေရိကန် Stock တစ်ခုကို ဝယ်ချင်တယ်ဆိုပါစို့

အရင်က သက်ဆိုင်ရာ Broker ကနေ Stock ကို ဝယ်မယ့်နေရာမှာ အခုက Tokenized Stock တစ်ခုကို သုံးပြီးတော့ အဲ့ဒီ Stock ရဲ့ ဈေးနှုန်းလှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ Investment Exposure ရယူလိုက်တာမျိုးပါ

ဒါပေမယ့် Tokenized Stock တိုင်းက တကယ့် Stock ကို တိုက်ရိုက်ပိုင်ဆိုင်တာနဲ့တော့ မတူဘူး

ဥပမာ Binance bStocks တွေက တကယ့် Real Stock တွေနဲ့ 1:1 ကျောထောက်နောက်ခံပြုထားတဲ့ ထုတ်ကုန်တွေဖြစ်ပေမယ့် ရှယ်ယာကို တိုက်ရိုက်ပိုင်ဆိုင်တာမဟုတ်ဘူး၊ သက်ဆိုင်ရာ Securities အပေါ် အကျိုးခံစားခွင့်ကို ကိုယ်စားပြုထားတာမျိုးပါ

.

ဒါဆို လူတွေ ဘယ်လောက်တောင် စိတ်ဝင်စားလာကြတာလဲ?

The Block Research ရဲ့ October 5 Report အရ Stablecoin တွေကို ဖယ်တွက်ထားတဲ့ Blockchain ပေါ်က Real-World Assets တန်ဖိုးက 2025 အစမှာ $10.2 Billion ရှိခဲ့ရာကနေ အခု September 2026 မှာ $39.3 Billion အထိ တိုးလာခဲ့တယ်

ဒါက 4x နီးပါးပဲ

အဲ့ဒီထဲမှာ Tokenized Stocks တွေရဲ့ တန်ဖိုးကလည်း 2026 အစမှာ $678 Million ပဲရှိခဲ့ရာကနေ September မှာ $3.15 Billion အထိတောင် ရောက်လာခဲ့တယ်၊ အတော်လေးအားကောင်းတယ်လို့ ပြောရမယ်

ဒါပေမယ့် ကျွန်တော် ပိုစိတ်ဝင်စားတာက ဈေးကွက်တန်ဖိုးထက် Holder အရေအတွက်ပါ

အခု September အရဆိုရင် Tokenized Stock Holder အရေအတွက်က 3.77 Million အထိ ရှိလာပြီ။ ဒါက RWA Holder စုစုပေါင်းရဲ့ 82% ဝန်းကျင်ပဲ

ဆိုလိုတာက ဒီဈေးကွက်မှာ ပိုက်ဆံပမာဏတစ်ခုတည်း တိုးလာတာမဟုတ်ဘူး၊ အသုံးပြုသူတွေလည်း တိုးလာနေတာပါ

.

ဒီနေရာမှာ Binance bStocks က ဘယ်လိုပါလာတာလဲ? ကိုဆက်ကြည့်ရအောင်

Binance က bStocks ကို June 11, 2026 မှာ မိတ်ဆက်ခဲ့တယ်

ဒါပေမယ့် သုံးလလောက်ပဲရှိသေးတယ် Blockchain ပေါ်က Tokenized Stock တန်ဖိုး $772 Million အထိ ရောက်လာခဲ့တယ်

ဒါက Tokenized လုပ်ထားတဲ့ Stock ဈေးကွက်တစ်ခုလုံးရဲ့ လေးပုံတစ်ပုံနီးပါးကိုသိမ်းပိုက်ထားတယ်။

ပထမပြေးနေတဲ့ Ondo ရဲ့ $881 Million နောက်မှာ သူကဒုတိယနေရာမှာရှိနေတာပေါ့

ဒီထက်ပိုကြမ်းတာက bStocks ရဲ့ စုစုပေါင်း Trading Volume က အခုဆိုရင် $35.8 Billion ဝန်းကျင်အထိ ရှိလာတာပဲ။ အဲ့ဒီထဲက 70% ဝန်းကျင်က Blockchain ပေါ်ကနေလာတာပါ

.

အခုချိန်မှာ Tokenized လုပ်နေတာ တခြား Exchange တွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် Binance က ဘာလို့ ဒီလောက်မြန်မြန် ကြီးထွားလာတာလဲ? ပေါ့

ကျွန်တော့်အမြင်မှာတော့ ဒီအပိုင်းက အခုပြောခဲ့တာတွေအားလုံးထက် ပိုအရေးကြီးတယ်

Binance က Stock အသစ်တစ်ခု မိတ်ဆက်တာနဲ့ လူတွေကို အစကနေ ပြန်ရှာစရာမလိုဘူး

ဘာလို့လဲဆိုတော့ Binance မှာ Crypto ကို Trade လုပ်နေပြီးသား၊ Digital Asset တွေကို ကိုင်ထားပြီးသား User တွေ အစကတည်းက 333 Million တောင်ရှိနေပြီးသား

နောက်ပြီး အခုဆိုရင် bStocks ကိုပါ Collateral အဖြစ်လည်း သုံးနိုင်လာပြီ။ အရင်က Crypto တွေကိုပဲ Collateral အဖြစ်ထားလို့ရတယ်

ဆိုလိုတာက ကိုယ်ကိုင်ထားတဲ့ Asset ကို အာမခံပစ္စည်းအဖြစ် အသုံးချပြီး အခြား Trading Position တွေ ဖွင့်နိုင်လာတာမျိုးပါ

ဒါပေမယ့် Collateral တန်ဖိုးကျသွားရင် Margin Call နဲ့ Liquidation Risk ရှိနိုင်တာကြောင့် ဒီအပိုင်းကလည်း သေချာနားလည်မှ အသုံးပြုသင့်တယ်

ဒီ Collateral အကြောင်း လေ့လာပြီး ငွေထပ်ရှာချင်ရင်တော့ ဒီ Video မှာကြည့်လို့ရပါတယ်

.

ဆိုတော့ အကျဉ်းချုပ် Recap ပြန်ပြောရမယ်ဆိုရင်

အရင်က လူတွေ Blockchain ဆိုရင် Bitcoin၊ Altcoin နဲ့ Memecoin တွေကိုပဲ အဓိကမြင်ကြတယ်

ဒါပေမယ့် အခုတော့ ရိုးရာဘဏ္ဍာရေးဈေးကွက်က ပိုင်ဆိုင်မှုတွေပါ Blockchain နဲ့ တဖြည်းဖြည်း ချိတ်ဆက်လာနေပြီ

Blockchain က Crypto တွေ အရောင်းအဝယ်လုပ်တဲ့နေရာတစ်ခုတည်း မဟုတ်တော့ဘဲ ရိုးရာပိုင်ဆိုင်မှုတွေကိုပါ အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးအခြေခံစနစ်တစ်ခု ဖြစ်လာနေပြီ

ဒါပေမယ့် Tokenized Stocks တွေမှာလည်း Stock ဈေးကျနိုင်တဲ့ Risk အပြင် ထုတ်ပေးသူ၊ ထိန်းသိမ်းသူနဲ့ သက်ဆိုင်ရာစည်းမျဉ်းဆိုင်ရာ Risk တွေရှိတယ်၊ ဒီစည်းမျဉ်းတွေကတော့ အမြဲရှိနေမှာပဲ

ဒါကြောင့် တကယ့် Stock ဝယ်မရတဲ့ ကျွန်တော်တို့ မြန်မာအတွက်တော့ Tokenized Stocks ငွေရှာဖို့အခွင့်အလမ်းအသစ်တစ်ခု ပေးလိုက်သလိုပဲ

အရေးကြီးတာက နောက်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေမှာဆိုရင် Crypto နဲ့ Traditional Finance က အရင်လို တစ်ယောက်တကမ္ဘာစီ သီးခြာဖြစ်နေတော့မှာ မဟုတ်ဘူး

မိတ်ဆွေတို့ရော Crypto Exchange ကနေ Stock တွေကိုပါ ဝယ်ဥလာနိုင်တဲ့ အပြောင်းအလဲကို ဘယ်လိုမြင်လဲ? အခုရော Stock မဝယ်ရလို့ စိတ်ညစ်နေသူတွေရှိလား? အခုရော ဘာတွေဝယ်ထားလဲဆိုတာ အောက်က Comment မှာ ရေးခဲ့ပေးပါဦး

Binance အကောင့်ဖွင့်ဖို့

20% OFF Referral Code 👉 ZOEAI ကို သုံးပါ

👉 အကောင့်ဖွင့်းရန် Link: https://www.binance.com/join?ref=ZOEAI

DISCLAIMER: NOT FINANCIAL ADVICE PLEASE DYOR