🌤️🚀#Bitcoin ဈေး $126,000 ကျော်နေတုန်းက “$150,000 ရောက်တော့မယ်၊ $200,000 ရောက်တော့မယ်” ဆိုပြီး လူအများစု ထင်ထဲ့ကြတယ်။ ကျွန်တော်လည်း တက်မယ်ထင်ပြီး ဝယ်တာဝယ်တာဆိုတာ... အခုတော့ ဈေးကျပြီး ငိုနေရပြီ၊ မပျော်တော့ဘူး.. နောင်တတွေရနေပြီ😭

အခု Bitcoin က $58,000 အထိ ကျသွားတော့ အရင်က Crypto ကို အရမ်းချစ်တယ်၊ ထားမသွားဘူးဆိုတဲ့ Bullish သမားတွေတောင် အခုသဲတွေကွဲနေပြီ (Brokern Heart ပေါ့)

ဒါပေမယ့် ကံကောင်းတာက Bitcoin က အဲ့ဒီအနိမ့်ဆုံးဈေးကနေ 47% နီးပါး ပြန်တက်လာခဲ့ပြီ။ $58,000 ဝန်းကျင်နဲ့ ဝယ်မိတဲ့သူတွေတော့ အခုချိန် မြတ်နေကြလောက်ပြီ (ရေးးး Nice!)

အဲ့ဒီမှာ လူအများစုမေးကြတာက Bear Market ကြီး ပြီးဆုံးသွားပြီလား? Bull Run အသစ် ပြန်စတော့မှာလား? ဆိုတာပဲ

ဒီမေးခွန်းကို Binance Research ရဲ့ October 5 Report ထဲက Data တွေနဲ့ ပိုသေချာအောင် ပြန်ကြည့်ပြီး ပြောပြမယ်

.

Bitcoin က အောက်ဆုံးဈေး Bottom ရောက်ခဲ့ပြီလား? ဆိုတာနဲ့ စလိုက်ရအောင်

Bitcoin က October 2025 မှာ $126,200 ဝန်းကျင်အထိ ရောက်ခဲ့ပေမယ့် အခု July 1, 2026 မှာ $57,800 အထိ ကျသွားတာ တွေ့တယ်မလား?

ဒါက ATH ကနေဆိုရင် 54.2% ကျခဲ့တယ်

ဒီလိုနဲ့ October 1 မှာ $84,880 အထိ ပြန်တက်လာခဲ့တယ်။ ဒါက အနိမ့်ဆုံးဈေးကနေ 46.9% ပြန်တက်ခဲ့တယ်

ဒါပေမယ့် တချို့တွေနေကြသလို -54% ကျပြီး +47% ပြန်တက်လာက မူလဈေး ပြန်မရောက်သေးဘူး

ဥပမာပြောပြမယ်။ $100 ရှိတဲ့ Investment က 50% ကျရင် $50 ပဲကျန်မယ်၊ အဲ့ဒီကနေ 50% ပြန်တက်ဦးတော့ အဲ့တာက $75 ပဲ ရှိဦးမယ်။ တကယ်က 100% ပြန်တက်မှာ $100 ပြန်ရမှာ

ဒါကြောင့် 47% ပြန်တက်လာတာက Recovery လို့ပြောလို့ရပေမယ့် Bottom Confirm ဖြစ်ပြီလို့တော့ ပြောလို့မရသေးဘူး

.

ပိုသေချာအောင် အရင် Bear Market တွေနဲ့ ဘာကွာလဲ? ဆိုတာ ထပ်ပြောပြပေးမယ်။ ကြည့်လိုက်ရအောင်

Bitcoin ရဲ့ အရင် Bear Market သုံးကြိမ်မှာ 86.9%၊ 84.1% နဲ့ 77.6% ဆိုပြီး ကျခဲ့တယ်။ ဒါပေမယ့် အခု Cycle မှာက 54.2% ပဲကျထားသေးတယ်

ဒီမှာကောင်းတာတခုက တကယ်တော့ Bitcoin ရဲ့ Volatility — ဈေးအတက်အကျ လှုပ်ရှားတာတွေက အရင်ထက်တော့ လျော့လာတယ်။ အတက်အကျက ဝုန်းဒိုင်းမဖြစ်တော့ဘူး

Binance Research က Volatility နဲ့ပါ ချိန်ညှိထားတာအရဆိုရင် အခုဈေးကျတာရဲ့ Risk အတိုင်းအတာက အရင် Bear Market တွေနဲ့ သိပ်မကွာဘူးလို့ ပြောထားတယ်

ဒါပေမယ့် Risk ကတော့ အရင်တိုင်းများနေတုန်းပဲ။ ပိုက်ဆံနဲ့လုပ်ရတဲ့ ဘယ်အလုပ်မဆို Risk ကတော့ ရှိမှာပဲလေ.... နော

နောက်ပြီး 2011 ကနေ 2023 အတွင်း Bitcoin က အနိမ့်ဆုံးဈေးကနေ 40% ကျော် ပြန်တက်ပေမယ့် ATH အောက်မှာ 25% ကျော် ကျန်နေသေးတဲ့ အခြေအနေကလည်း ၇ ကြိမ်တောင်ရှိခဲ့တယ်

အဲ့ဒီထဲက ဈေးကျတာ သိပ်မများတဲ့အခြေအနေကနေ ပြန်တက်ခဲ့တဲ့ ၅ ကြိမ်မှာ ၄ ကြိမ်က အရင်အနိမ့်ဆုံးဈေးကို ထပ်ပြန်ကျခဲ့တယ်၊ ကျပြီးမှ ပြန်တက်သွားတယ်ပေါ့... အ့လို

ဒါက အခုလည်း သေချာပေါက် ဈေးပြန်ကျမယ်လို့ ပြောတာမဟုတ်ဘူးနော်။ ဒါပေမယ့် ဈေးပြန်တက်လာရုံနဲ့လည်း Bear Market ပြီးပြီလို့ မဆုံးဖြတ်သင့်ဘူး ဆိုတာကိုလည်း သတိထားရမယ်

.

အဲ့ဆို Bear Market က မပြီးသေးဘူးလို့လည်းပြောတယ်၊ ဒါဆို ဈေးတွေ ဘာလို့ ပြန်တက်လာတာလဲ? လို့မေးစရာရှိတယ်

Binance Research ရဲ့ Report အရ အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုကိုတိုင်းတဲ့ PCE Data က မျှော်လင့်ထားတာထက် နည်းလာပြီး အလုပ်အကိုင်ဈေးကွက်ကလည်း အားနည်းလာနေတယ်

ပြီးတော့ အခု October Fed Meeting မှာ အတိုးနှုန်းထပ်တိုးနိုင်ခြေက 70% နီးပါးကနေ 30% အောက် အထိ ပြန်ကျဆင်းသွားပြီ

ဒါက Crypto အတွက် ဈေးတက်ဖို့လမ့်ဖွင့်ပေးလိုက်သလိုပဲ

ဒါပေမယ့် Treasury Yield တွေမြင့်နေသေးတော့ Fed ဘက်က သတင်းကောင်း ထွက်လာရုံနဲ့ Bitcoin ဈေးတွေ တောက်လျှောက်တက်မယ်လို့ အတိအကျက ပြောလို့မရပြန်ဘူး

.

Crypto bro တွေပြောနေကြသလို October က တကယ်ပဲ Uptober လား? ဆိုတာကို အဖြေထပ်ရှာကြည့်ရအောင်

အဲ့အကြောင်းကို ပြောဖို့က Canendar ကို ပြန်ကြည့်ဖို့လိုလိမ်မယ်

Crypto Community ထဲမှာတော့ October လကို Uptober လို့ ခေါ်ကြတယ်

ဘာလို့ Uptober လို့ခေါ်တာလဲဆိုတော့ အရင်က Bitcoin က October လတွေမှာ ဈေးတက်၊ အားကောင်းတဲ့ Performance တွေ ရရှိခဲ့ဖူးလို့ပါ

Bitcoin က September တုန်းက 6.4% တက်ခဲ့တယ်။ အဲ့တာက 2017 နောက်ပိုင်း ဒုတိယအကောင်းဆုံး September လ ဖြစ်လာခဲ့ပြီလို့ ပြောလို့ရတယ်

ပြီးခဲ့တဲ့ ၉ နှစ်အတွင်း Bitcoin က October လကို ၇ နှစ်အထိ ဈေးတက်နဲ့သွားတာ

2013 နောက်ပိုင်း October လတွေရဲ့ Median Return က +12.7% ဝန်းကျင်ရှိတယ်

ဒါပေမယ့် သမိုင်းကြောင်းရှိတယ်ဆိုတာနဲ့ ဒီနှစ်လည်း အဲ့ဒီအတိုင်း ဈေးတက်မယ်လို့ မဆိုလိုဘူးနော်

.

အခုပြောခဲ့တာတွေအားလုံးထက် ပိုစိတ်ဝင်စားဖို့ကောင်းတာက Money Flow ပါ

September 28 ကနေ October 2 အတွင်း Binance ပေါ်က Stock နဲ့ဆက်စပ်နေတဲ့ထုတ်ကုန်တွေဆီကို ငွေအဝင် $163 Million တောင်ဝင်လာခဲ့တယ်

.

အရင်တစ်ပတ်ကဆိုရင်လည်း $73 Million ရှိခဲ့တာဆိုတော့ နှစ်ဆကျော်တောင် တက်လာခဲ့တယ်

ထူးခြားတာက Crypto နဲ့ ဆက်စပ်နေတဲ့ Company တွေထဲကိုပါ ငွေဝင်လာတာတွေ့ရတယ်

- Circle — $35.6 Million

- Strategy — $21.8 Million

- BitMine — $14 Million

ဒီ Company သုံးခုတည်းကိုပဲ ပေါင်းလိုက်ရင် $71.4 Million တောင်ရှိတယ်။ ဒါက စုစုပေါင်း Net Inflow ရဲ့ 44% ဝန်းကျင်ပဲ

ဒါက Binance ပေါ်က Equity Product တွေရဲ့ ငွေအဝင်တွေပဲရှိသေးတယ်။ ကမ္ဘာ့ Stock Market တစ်ခုလုံးရဲ့ ငွေဝင်မှုတော့ မဟုတ်ဘူး

ဒါပေမယ့် Investor တွေရဲ့ စိတ်ဝင်စားမှုက Bitcoin နဲ့ Altcoin တွေအပြင်ကိုမှ Crypto နဲ့ ဆက်စပ်တဲ့ Company တွေဆီ ခုဏကလို Circle တို့ Strategy တို့ BitMine တို့ရဲ့ Stock တွေကိုပါ ဝယ်လာနေတယ်ဆိုတာ တွေ့ရတယ်။ ဒါက စိတ်ဝင်စားစရာပါ။ ညီကိုတော့ရော အဲဒီ Stock တွေဝယ်ထားကြလား?​ အဲ့တာ Binance ပေါ်က bStock ကနေ ဝယ်လို့ရတယ်

.

ဒါကြောင့် ဒီ Post တစ်ခုလုံးကို Recap ပြန်လုပ်ရရင်

Bitcoin ဈေးက အခုချက်ချင်း ATH အသစ်ရောက်တော့မယ်လို့ ပြောတာ မဟုတ်ဘူးနော်

နောက်ပြီး တစ်ဖက်မှာလည်း Bear Market ဆက်ရှိနေဦးမယ်လို့လည်း မဟုတ်ပြန်ဘူး

အဓိကပေးချင်တဲ့ Message က ဈေးပြန်တက်နိုင်တဲ့ အခြေအနေတွေ ပေါ်လာနေတယ်။ ဒါပေမယ့် အောက်ဆုံးဈေး Bottom ကို အတည်ပြုဖို့ နောက်တစ်ပတ်နှစ်ပတ်လောက် ထပ်စောင့်ရင်တော့ ကောင်းတယ်

ပြီးတော့ အခု Bitcoin ဈေးပြန်တက်နေတယ်ဆိုတာတော့ မှန်တယ်၊ နောက်ပြီး Fed ဘက်က အခြေအနေတချို့ ပိုကောင်းလာတာလည်းရှိတယ်၊ Crypto ထဲငွေဝင်လာတာလည်း ရှိနေတယ်၊ အဲ့တာတွေက ဈေးတက်ဖို့ လမ်းကြောင်းဖွင့်ပေးလိုက်သလိုပဲ

ဒါပေမယ့် Market က အရင်ဦးဆုံး ဟိုးအနိမ့်ဆုံးဈေးကို ထပ်မကျတော့ဘူး၊ ထပ်မစမ်းတော့ဘူးလို့ ဘယ်သူမှ အာမခံလို့မရသေးဘူး

ရင်းနှီးမြှုပ်နှံမှုလုပ်ရင် အရေးကြီးတာက Market တက်မယ်လို့ ယုံကြည်နေရုံနဲ့ လုပ်လို့မရသေးဘူး။ တကယ်လို့ ကိုယ်ယုံကြည်ထားတာမှားသွားရင် ဘာဆက်လုပ်မလဲဆိုတဲ့ Plan ABC ရှိနေဖို့လည်းလိုတယ်

ဆိုတော့ Bitcoin က အမှောင်မိုက်ဆုံးညတွေ ကုန်သွားပြီလို့ မိတ်ဆွေတို့ရော ထင်လား? ဒါမှမဟုတ် နောက်ထပ် အနိမ့်ဆုံးဈေးကို ထပ်ဆင်းနိုင်သေးတယ်လို့ရော မြင်လား?

Bullish လား? Bearish လား? ဆိုတာကို အောက်က Comment မှာ ဆွေးနွေးပေးပါဦး

Binance အကောင့်ဖွင့်ဖို့

20% OFF Referral Code 👉 ZOEAI ကို သုံးပါ

👉 အကောင့်ဖွင့်းရန် Link: https://www.binance.com/join?ref=ZOEAI

DISCLAIMER: NOT FINANCIAL ADVICE PLEASE DYOR