တစ်ခါတလေ ကိုယ့်ပတ်ဝန်းကျင်မှာ အမှိုက်တွေကိုစည်းကမ်းမရှိစွန့်ပစ် နေတာကိုမြင်ရင်“ဒါလေးတွေကို ဒီလိုမပစ်ကြရင် ကောင်းမှာပဲ” လို့ တွေးမိပါတယ်။
ဘာလို့လဲဆို အမှိုက် တွေကိုစည်းကမ်းမရှိပစ်မိရာကနေရေမြောင်းတွေပိတ်ဆို့လာမယ်။ရေမြောင်းတွေပိတ်ဆိုရာကနေခြင်တွေလည်းပေါက်ဖွားလာနိုင်တဲ့အတွက်ခြင်ကတဆင့်ကူးစက်ရောဂါတွေလည်းဖြစ်လာနိုင်ပါတယ်။ထို့အတူပဲရေစီးရေလာမကောင်းတော့အခုလိုမိုးရာသီမှာရေကြီးရေလျှံတာတွေလညိးဖြစ်ပေါ်လာစေပါတယ်။သန့်ရှင်း နေတဲ့လမ်းတွေ၊ သန့်ရှင်း နေတဲ့ရေတွေ၊ စိမ်းလန်းစို ပြေတဲ့သစ်ပင်တွေကြားမှာ နေထိုင်ရတာကို လူတိုင်းလိုချင်ကြမယ်ထင်ပါတယ်။ဒါပေမယ့် သန့်ရှင်းတဲ့ကမ္ဘာကြီးကို လိုချင်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ်တိုင်လည်း အစပြုဖို့လိုတယ်။ကိုယ်တိုင်စပြီးအမှိုက် တွေကိုစနစ်တကျစွန့်ပစ်သင့်ပါတယ်။တစ်ဦးတစ်ယောက်ချင်းကောင်းမှလည်းပိုသန့်ရှင်းတဲ့ပတ်ဝန်းကျင်ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ကျွန်မလိုချင်တာက ဒီနေ့အတွက် သန့်ရှင်းတဲ့ပတ်ဝန်းကျင်တစ်ခုတင် မဟုတ်ပါဘူး။မနက်ဖြန်မှာ ကျွန်မတို့ချစ်ရတဲ့သူတွေ၊ နောက်မျိုးဆက်သစ် လေးတွေသန့်ရှင်းလှပတဲ့ကမ္ဘာကြီးထဲမှာ အသက်ရှင် နေထိုင်နိုင်ဖို့ဖြစ်ပါတယ်။အမှိုက်တစ်စကို ကောက်လိုက်တာက ဘာမှမပြောပလောက်တဲ့လုပ်ရပ်တစ်ခုဖြစ်နိုင်ပေမယ့်လူတိုင်းက ကိုယ့်အပိုင်းကိုယ် တာဝန်ယူလာရင် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။
ဒီနေ့ Binance နဲ့အတူ Clean Up Day မှာ ပါဝင်ရင်းကျွန်မရဲ့ ဆန္ဒတစ်ခုကို မျှဝေချင်ပါတယ်။
ကျွန်မတို့နေထိုင်တဲ့ကမ္ဘာကြီးကို သန့်ရှင်းသာယာလှပတဲ့ကမ္ဘာအဖြစ်ထားရုံမက၊ နောက်မျိုးဆက်တွေထံ သန့်ရှင်းပြီးစိမ်းလန်းစို ပြေတဲ့ကမ္ဘာကြီးတစ်ခုအဖြစ် လက်ဆင့်ကမ်းပေးချင်မိပါတယ်ကမ်းပေးနိုင်အောင်လည်းကြိုးစားနေပါတယ်တစ်ဦးတစ်ယောက်ကောင်းရုံနင့်မရတာအမို့ အားလုံးအတူတူပါဝင်ပေးကြဖို့အတွက်လည်းတိုက်တွန်းလိုက်ရပါတယ်ရှင့်။We can do it.🥰💪🍀🫰🍊
