Crypto Trading လုပ်တဲ့အခါ အမြတ်ရခဲ့တဲ့ Trade တွေကိုတော့ လူတိုင်းမှတ်မိကြမှာပါ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ အမြတ်ရခဲ့တဲ့ Trade ထက် ပိုမှတ်မိနေတဲ့ Trade တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော်နဲ့ ကျွန်တော့်အကိုဝမ်းကွဲတစ်ယောက် အတူတူ FUN ဆိုတဲ့ Crypto ကို Trade လုပ်ခဲ့တဲ့အချိန်ပါ။

အဲ့ဒီတုန်းက ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ ယုံကြည်ချက်က ရိုးရိုးလေးပါပဲ ဒီ Coin ကတော့ ကျတော့မယ် ဆိုတာ 😂

ဒါနဲ့ ကျမယ်ထင်ပြီး Short လုပ်လိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ထင်တဲ့အတိုင်း မကျဘဲ ပြန်တက်လာပါတယ်။ နည်းနည်းတက်လာတော့ ခဏနေရင် ပြန်ကျမှာပါ ဆိုပြီး ဆက်စောင့်တယ်။ နောက်ဆုံးတော့ Liquidation ထိသွားပါတယ်။

ဒီမှာတင် မပြီးသေးပါဘူး။

ဒီတစ်ခါတော့ သေချာပေါက်ကျမယ် ဆိုပြီး ပြန် Short လုပ်ပါတယ်။ ဒါပေမယ့် Market က ကျွန်တော်တို့ကို နားမလည်နိုင်အောင် ဆက်ပြီး ပြန်တက်လာတယ်။ ဒီတစ်ခါတော့ Stop Loss ထိပြန်ရော။

အဲ့ဒီအချိန်မှာ ကျွန်တော်တို့နှစ်ယောက်ကြားက စကားတွေကတော့ Trade ထက်တောင် ပိုရယ်စရာကောင်းပါတယ်။ ကျမယ် လို့ထင်တိုင်း Short လုပ်၊ မကျဘဲတက်၊ ပြန် Short လုပ်၊ ထပ်ပြီး Stop Loss ထိ အဲ့လိုနဲ့ Market ကို ကိုယ်ကခန့်မှန်းနေတာလား၊ Market က ကိုယ့်ကိုလာကစားနေတာလားတောင် မသိတော့ပါဘူး 😂

ပြီးတော့ အဆိုးဆုံးက ပြန်ဝင်ရမလားစောင့်ရမလားစဥ်းစားနေချိန်မှာပဲMarket က ဝုန်းခနဲ ကျသွားတဲ့အချိန်ပါ။ အဲ့ဒီအချိန်မှာတော့ ဒီတစ်ခါတော့ မမှီလိုက်ပြန်ဘူး ဆိုတဲ့ခံစားချက်မျိုး ဖြစ်သွားပါတယ်။

အဲ့ဒီ Trade ကနေ အမြတ်တော့ မရခဲ့ပါဘူး။ တစ်ဖက်မှာ ရယ်လည်းရယ်ရတယ်၊ တစ်ဖက်မှာလည်း ကိုယ့်ပိုက်ဆံတွေ လျော့သွားတော့ စိတ်လည်းညစ်ရပါတယ်။ ဒါပေမယ့် အချိန်ကြာလာတဲ့အခါ ပြန်တွေးတိုင်း ရယ်မိနေတဲ့ Trade တစ်ခုဖြစ်သွားပါတယ်။

အဲ့ဒီနေ့က ကျွန်တော်သင်ယူခဲ့တာက Market ကို ကိုယ်ထင်သလို လွယ်လွယ်နဲ့ ခန့်မှန်းလို့မရဘူးဆိုတာပါ။ ကျတော့မယ် ဆိုတဲ့ယုံကြည်ချက်တစ်ခုတည်းနဲ့ Short ဝင်တာထက် Risk Management၊ Stop Loss နဲ့ ကိုယ့်ရဲ့ Trading Plan က ပိုအရေးကြီးတယ်ဆိုတာ နားလည်လာခဲ့ပါတယ်။

အခု ပြန်စဉ်းစားကြည့်ရင် အဲ့ဒီ Trade က ကျွန်တော့်ရဲ့ အကောင်းဆုံး Trade မဟုတ်ပါဘူး။ ဒါပေမယ့် မမေ့နိုင်ဆုံး Trade တစ်ခုတော့ သေချာပါတယ်။

တစ်ခါတလေ Crypto Trading မှာ ကိုယ်ရတဲ့အမြတ်ထက် ကိုယ်ရှုံးခဲ့တဲ့ Trade က သင်ခန်းစာပိုပေးတတ်ပါတယ်။ 😂

မင်းတို့မှာလည်း အဲ့တုန်းက ဘာလို့ ဒီလို Trade လုပ်မိတာလဲ လို့ ပြန်တွေးတိုင်း ရယ်မိတဲ့ Trade Story ရှိလား?

#ShareYourStoryWithBinanceAugust