Binance Square

cryptojobwindow

251 zobrazení
Diskutuje: 2
ZawZawAungMM
--
Přeložit
Crypto လောကရဲ့ တံခါးပေါက် Crypto လောကထဲကို အသစ်ဝင်လာတဲ့ Project တွေက သူတို့ရဲ့ လုပ်ငန်းတွေ ဆက်ပြီးလည်ပတ်နိုင်ဖို့အတွက် ရန်ပုံငွေရှာကြတဲ့အခါ အသုံးအများဆုံး နည်းလမ်း (၃) ခုကတော့ ICO, IEO နဲ့ IDO တို့ပဲ ဖြစ်ပါတယ်။ . ICO (Initial Coin Offering) ICO ဆိုတာကတော့ Crypto နယ်ပယ်မှာ ရှေးအကျဆုံး ရန်ပုံငွေရှာတဲ့ နည်းလမ်းဖြစ်ပြီး Project တစ်ခုက သူတို့ရဲ့ Token တွေကို ရင်းနှီးမြှုပ်နှံသူတွေဆီ တိုက်ရိုက်ရောင်းချတာ ဖြစ်ပါတယ်။ Project ပိုင်ရှင်တွေက သူတို့ရဲ့ Website ကနေတစ်ဆင့် Token တွေကို ရောင်းတာဖြစ်လို့ Project အဖွဲ့ဝင်တွေအတွက်တော့ စရိတ်သက်သာနိုင်ပါတယ်။ ဒါပေမဲ့ ကြားခံစစ်ဆေးမဲ့သူမရှိလို့ Scam ခံရနိုင်ချေလည်းရှိပါတယ်။ . IEO (Initial Exchange Offering) IEO ကတော့ နာမည်ကြီး Exchange တွေပေါ်မှာ Token တွေကို ရောင်းချတဲ့ နည်းလမ်းဖြစ်ပြီး Project တစ်ခုကို သေချာစစ်ဆေးပြီးမှ သူတို့ရဲ့ Exchange ပေါ်မှာ ရောင်းခွင့်ပေးတာမျိုးပါ။ Exchange ဘက်ကစစ်ဆေးပေးတာဖြစ်လို့ ယုံကြည်စိတ်ချရတာမျိုးရှိပေမဲ့ Project ဘက်ကတော့ ကုန်ကျစရိတ်ပိုများနိုင်ပါတယ်။ . IDO (Initial DEX Offering) IDO ကတော့ Decentralized Exchange (DEX) တွေပေါ်မှာ Token တွေကို ရောင်းချတာပါ။ Liquidity Pool တွေကို သုံးပြီး Token တွေကို ချက်ချင်း အရောင်းအဝယ်လုပ်နိုင်အောင် စီစဉ်ပေးထားပါသေးတယ်။ လူတိုင်း လွတ်လပ်စွာပါဝင်နိုင်လို့ ငွေဖော်ရ လွယ်ကူပေမဲ့ ဈေးနှုန်းအတက်အကျ မြန်တာမျိုးတော့ ကြုံရနိုင်ပါတယ်။ . ICO, IEO နဲ့ IDO ဆိုတာ Crypto လောကရဲ့ တံခါးပေါက်တွေပါပဲ။ နည်းလမ်း ၃ ခုလုံးမှာ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေ ရှိတာကြောင့် ကိုယ်က ဘယ်လိုရင်းနှီးမြှုပ်နှံမှုမျိုးနဲ့ ကိုက်ညီလဲဆိုတာကို အရင်ဆုံးဆန်းစစ်ဖို့တော့ လိုပါတယ်။ ကြီးမားတဲ့ အကျိုးအမြတ်တွေရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ စွန့်စားရမှုတွေလည်းရှိနိုင်ပါတယ်။ ဒါကြောင့် ဘယ် Project မှာပဲ ရင်းနှီးမြှုပ်နှံပါစေ (DYOR - Do Your Own Research) လုပ်ပြီး ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကိုကာကွယ်ဖို့ အရမ်းကိုအရေးကြီးပါတယ်။ #cryptouniverseofficial #cryptojobwindow

Crypto လောကရဲ့ တံခါးပေါက်

Crypto လောကထဲကို အသစ်ဝင်လာတဲ့ Project တွေက သူတို့ရဲ့ လုပ်ငန်းတွေ ဆက်ပြီးလည်ပတ်နိုင်ဖို့အတွက် ရန်ပုံငွေရှာကြတဲ့အခါ အသုံးအများဆုံး နည်းလမ်း (၃) ခုကတော့ ICO, IEO နဲ့ IDO တို့ပဲ ဖြစ်ပါတယ်။
.
ICO (Initial Coin Offering)
ICO ဆိုတာကတော့ Crypto နယ်ပယ်မှာ ရှေးအကျဆုံး ရန်ပုံငွေရှာတဲ့ နည်းလမ်းဖြစ်ပြီး Project တစ်ခုက သူတို့ရဲ့ Token တွေကို ရင်းနှီးမြှုပ်နှံသူတွေဆီ တိုက်ရိုက်ရောင်းချတာ ဖြစ်ပါတယ်။ Project ပိုင်ရှင်တွေက သူတို့ရဲ့ Website ကနေတစ်ဆင့် Token တွေကို ရောင်းတာဖြစ်လို့ Project အဖွဲ့ဝင်တွေအတွက်တော့ စရိတ်သက်သာနိုင်ပါတယ်။ ဒါပေမဲ့ ကြားခံစစ်ဆေးမဲ့သူမရှိလို့ Scam ခံရနိုင်ချေလည်းရှိပါတယ်။
.
IEO (Initial Exchange Offering)
IEO ကတော့ နာမည်ကြီး Exchange တွေပေါ်မှာ Token တွေကို ရောင်းချတဲ့ နည်းလမ်းဖြစ်ပြီး Project တစ်ခုကို သေချာစစ်ဆေးပြီးမှ သူတို့ရဲ့ Exchange ပေါ်မှာ ရောင်းခွင့်ပေးတာမျိုးပါ။ Exchange ဘက်ကစစ်ဆေးပေးတာဖြစ်လို့ ယုံကြည်စိတ်ချရတာမျိုးရှိပေမဲ့ Project ဘက်ကတော့ ကုန်ကျစရိတ်ပိုများနိုင်ပါတယ်။
.
IDO (Initial DEX Offering)
IDO ကတော့ Decentralized Exchange (DEX) တွေပေါ်မှာ Token တွေကို ရောင်းချတာပါ။ Liquidity Pool တွေကို သုံးပြီး Token တွေကို ချက်ချင်း အရောင်းအဝယ်လုပ်နိုင်အောင် စီစဉ်ပေးထားပါသေးတယ်။ လူတိုင်း လွတ်လပ်စွာပါဝင်နိုင်လို့ ငွေဖော်ရ လွယ်ကူပေမဲ့ ဈေးနှုန်းအတက်အကျ မြန်တာမျိုးတော့ ကြုံရနိုင်ပါတယ်။
.
ICO, IEO နဲ့ IDO ဆိုတာ Crypto လောကရဲ့ တံခါးပေါက်တွေပါပဲ။ နည်းလမ်း ၃ ခုလုံးမှာ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေ ရှိတာကြောင့် ကိုယ်က ဘယ်လိုရင်းနှီးမြှုပ်နှံမှုမျိုးနဲ့ ကိုက်ညီလဲဆိုတာကို အရင်ဆုံးဆန်းစစ်ဖို့တော့ လိုပါတယ်။ ကြီးမားတဲ့ အကျိုးအမြတ်တွေရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ စွန့်စားရမှုတွေလည်းရှိနိုင်ပါတယ်။ ဒါကြောင့် ဘယ် Project မှာပဲ ရင်းနှီးမြှုပ်နှံပါစေ (DYOR - Do Your Own Research) လုပ်ပြီး ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကိုကာကွယ်ဖို့ အရမ်းကိုအရေးကြီးပါတယ်။

#cryptouniverseofficial
#cryptojobwindow
Přihlaste se a prozkoumejte další obsah
Prohlédněte si nejnovější zprávy o kryptoměnách
⚡️ Zúčastněte se aktuálních diskuzí o kryptoměnách
💬 Komunikujte se svými oblíbenými tvůrci
👍 Užívejte si obsah, který vás zajímá
E-mail / telefonní číslo