أتمنى لكم يومًا جميلًا ومباركًا 🖼️$
📚 إذا كنت ستبدأ بتعلّم العملات الرقمية، فهناك أساسيات ينبغي أن تعرفها أولًا قبل أن تسأل: «أي عملة أشتري؟»
كما ذكرت في منشور الأمس، سأواصل هنا مشاركة ما أتعلمه أثناء دراستي للعملات الرقمية.
ဒီနေ့တော့ Crypto Beginner တယောက်အနေနဲ့ မဖြစ်မနေ သိထားသင့်တဲ့ အချက် 5 ခုကို ပြောပြချင်ပါတယ်။ 👇
1️⃣ Bitcoin နဲ့ Cryptocurrency ဆိုတာဘာလဲ?
Bitcoin က Cryptocurrency တွေထဲမှာ ပထမဆုံးနဲ့ လူသိအများဆုံးတခုပါ။ The Grandfather Cryptocurrency လို့ ကျတော်ကတော့ ကိုယ့်ဘာသာကိုယ် နာမည်ပေးထားပါတယ်။
Crypto ကို စလေ့လာမယ်ဆိုရင် Bitcoin, Blockchain နဲ့ Decentralization လို အခြေခံအကြောင်းအရာတွေကို အရင်နားလည်ထားတာပိုကောင်းပါတယ်။
2️⃣ Spot နဲ့ Futures ကို မရောပါနဲ့
Spot Trading မှာ Asset ကို တိုက်ရိုက်ဝယ်ယူ၊ တိုက်ရိုက်ရောင်းချတာဖြစ်ပါတယ်။ Futures Trading မှာတော့ Long, Short နဲ့ Leverage တွေ အသုံးပြုနိုင်ပါတယ်။
Futures က Risk ပိုမြင့်တာကြောင့် Beginner တွေအနေနဲ့ အရင်ဆုံး သေချာလေ့လာပြီးမှ စဉ်းစားသင့်ပါတယ်။ ⚠️
3️⃣ Risk Management က အရေးကြီးပါတယ်
Crypto Market မှာ Profit ရဖို့ပဲ စဉ်းစားနေလို့ မလုံလောက်ပါဘူး။
👉 “Trade မှားသွားရင် ဘယ်လောက်အထိ ဆုံးရှုံးနိုင်လဲ?”
ဒီလိုကိုလည်း အမြဲစဉ်းစားထားသင့်ပါတယ်။ အရမ်းအရေးကြီးပါတယ်။
4️⃣ FOMO နဲ့ မဝယ်ပါနဲ့
Coin တစ်ခု အရမ်းတက်နေတာမြင်ပြီး “မဝယ်ရင် နောက်ကျသွားမယ်” ဆိုတဲ့စိတ်နဲ့ လိုက်ဝယ်တာက Beginner တွေ လုပ်မိတတ်တဲ့အမှားတစ်ခုပါ။
Market မှာ အခွင့်အရေးတွေက အမြဲရှိနေပါတယ်။ Trade တစ်ခုကို လွတ်သွားတာနဲ့ အခွင့်အရေးအားလုံး ပျောက်သွားတာ မဟုတ်ပါဘူး။ 🧠
5️⃣ ကိုယ်မသိတဲ့အရာကို မဝယ်ပါနဲ့
တယောက်ယောက်က “ဒီ Coin တက်တော့မယ်” လို့ပြောတာ၊ Social Media မှာ လူအများကြီး ပြောနေတာနဲ့ပဲ ကိုယ့်ငွေကို မထည့်သင့်ပါဘူး။
အနည်းဆုံး ကိုယ်ဝယ်မယ့် Project က ဘာလုပ်တာလဲ၊ ဘာကြောင့် တန်ဖိုးရှိနိုင်လဲဆိုတာ ကိုယ်တိုင် လေ့လာကြည့်သင့်ပါတယ်။ 🔍
ကျတော်လည်း အခုထိ လေ့လာနေဆဲပါပဲ။
ဒါပေမယ့် Crypto မှာ အရေးကြီးတာက အမြန်ဆုံး Profit ရဖို့ထက် မှန်မှန်ကန်ကန် လေ့လာပြီး ကိုယ့် Risk ကို ထိန်းချုပ်တတ်ဖို့ လို့ မြင်ပါတယ်။
ဒီ 5 ချက်ထဲမှာ ဘယ်အချက်ကို အရေးကြီးဆုံးလို့ ထင်လဲ? 👇
Comment မှာ ကိုယ့်အမြင်လေးတွေ မျှဝေပေးခဲ့ပါအုံး။ 🚀
#BinanceSquare #CryptoEducation💡🚀 #Trading #BitcoinForBeginners #Burmese
