2025 سنة كوان ستنتهي في الوقت الذي يحتاج فيه إلى أيام فقط، فإن Dogecoin (DOGE) تواجه حالة غريبة. السبب هو أن عدد مستخدمي شبكة Dogecoin وصل إلى أعلى مستوى له خلال ثلاثة أشهر، ورغم أن الشبكة بأكملها نشطة، إلا أن السعر محصور تحت 0.15 دولار، مما يعني أنه انخفض بنسبة حوالي 82% مقارنة بسعره القياسي في عام 2021. على الرغم من عدم ارتفاع السعر، فإن زيادة استخدام الشبكة أدت إلى ظهور توقعات من المستثمرين بشأن إمكانية وصول Dogecoin إلى 1 دولار بنهاية السنة.
Dogecoin အပေါ်သုံးသပ်ချက်
လက်ရှိကိန်းဂဏန်းတွေကို အခြေခံပြီး အမှန်အတိုင်း သုံးသပ်ရမယ်ဆိုရင်တော့ 2025 မကုန်ခင် Dogecoin $1 ရောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ ဖြစ်ပါတယ်။ လက်ရှိဈေး $0.13 ဝန်းကျင်ကနေ $1 ဖြစ်ဖို့ဆိုရင် နှစ်မကုန်ခင် ရက်ပိုင်းအတွင်း 630% ကျော် တက်မှရပါလိမ့်မယ်။ တကယ်လို့သာ $1 ဖြစ်သွားခဲ့ရင်တော့ Dogecoin ရဲ့ တန်ဖိုးဟာ ဒေါ်လာ 150 billion ကျော်အထိ ရောက်လာမှာဖြစ်တဲ့အတွက် ဒါဟာ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေနဲ့ တန်းတူပမာဏ ဖြစ်သွားမှာဖြစ်ပါတယ်။ လက်ရှိဈေးကွက် အခြေအနေမှာတော့ ဒီလောက်ကြီးမားတဲ့ ငွေပမာဏအနေနဲ့ ရက်ပိုင်းအတွင်း စီးဝင်လာဖို့ဆိုတာက စိတ်ကူးယဉ်ဆန်လွန်းရာ ကျနေပါတယ်။
ကွန်ရက်အသုံးပြုမှုများရခြင်း အကြောင်းအရင်း
ဒါပေမယ့် တစ်ဖက်မှာ ကွန်ရက်အသုံးပြုသူတွေ ဘာလို့များနေတာလဲဆိုပြီး မေးစရာရှိနိုင်ပါတယ်။ အဖြေကတော့ DRC-20 လို့ခေါ်တဲ့ Token အသစ်တွေ ခေတ်စားလာတာကြောင့်ဖြစ်ပြီး Bitcoin မှာ BRC-20 ခေတ်စားသလိုမျိုး Dogecoin ပေါ်မှာလည်း ပုံရိပ်တွေ၊ စာသားတွေ မှတ်တမ်းတင်တဲ့စနစ်ကြောင့် အရောင်းအဝယ် အရေအတွက်တွေ များလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအရောင်းအဝယ်တွေက တကယ့်တန်ဖိုးမြင့် ငွေကြေးလွှဲပြောင်းမှုတွေမဟုတ်ဘဲ ပမာဏသေးငယ်တဲ့ အရောင်းအဝယ်တွေသာဖြစ်တာကြောင့် လူသာစည်ပြီး ဈေးနှုန်းကို တွန်းတင်နိုင်တဲ့ ဝယ်လိုအား (Buying Pressure) ဖြစ်မလာတာ ဖြစ်ပါတယ်။
ဝေလငါးတွေရဲ့ လှုပ်ရှားမှု
နောက်ထပ် သတိထားစရာအချက်ကတော့ ဝေလငါး (Whales) လို့ခေါ်တဲ့ ပိုက်ဆံအိတ်ကြီးတွေရဲ့ လှုပ်ရှားမှုပါပဲ။ On-chain အချက်အလက်တွေအရ ဒီဝေလငါးတွေအနေနဲ့ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း သိသိသာသာ ငြိမ်သက်နေပြီး အကြီးအကျယ် ဝယ်ယူတာမျိုးမရှိသလို၊ ရောင်းထုတ်တာမျိုးလည်း မလုပ်ဘဲ စောင့်ကြည့်နေတဲ့သဘောမှာ ရှိနေပါတယ်။ အခုလို ဈေးကွက်ကို ဦးဆောင်နိုင်သူတွေက ဒီလို ငြိမ်နေတာကြောင့် $0.15 ဆိုတဲ့ အတားအဆီးကို ကျော်ဖြတ်ဖို့ ခက်ခဲနေပြီး ဈေးနှုန်းက ဘေးတိုက် (Sideways) သွားနေရတာ ဖြစ်ပါတယ်။
ရောထွေးလာတဲ့ နိုင်ငံရေး
2025 ခုနှစ်ရဲ့ ထူးခြားတဲ့ ပြဿနာတစ်ခုကတော့ နိုင်ငံရေးနဲ့ ရောထွေးလာတာပါပဲ။ အမေရိကန်အစိုးရရဲ့ Department of Government Efficiency (D.O.G.E) ဆိုတဲ့ ဌာနသစ် ပေါ်ပေါက်လာခြင်းက ဈေးကွက်ကို ရှုပ်ထွေးစေပြီး Elon Musk ပါဝင်ပတ်သက်နေတဲ့ ဒီဌာနက Dogecoin နဲ့ နာမည်တူနေတာကြောင့် သတင်းတွေမှာ D.O.G.E လို့ တွေ့လိုက်တိုင်း Crypto ကို ပြောတာလား၊ အစိုးရဌာနကို ပြောတာလား ခွဲခြားရခက်လာစေပါတယ်။ ဒါဟာ အရင်ကလို ဈေးကွက်အတွက် အားသာချက်မဖြစ်ဘဲ နိုင်ငံရေးအရှုပ်အရှင်းတွေပါ ပါလာနေတာကြောင့် ရင်းနှီးမြှုပ်နှံသူတချို့ကို တွန့်ဆုတ်သွားစေပါတယ်။
Dogecoin ဖွဲ့စည်းပုံ
နောက်ပြီး Dogecoin ရဲ့ ဖွဲ့စည်းပုံကိုကလည်း ဈေးတက်ဖို့ခက်ခဲစေတဲ့ အချက်တစ်ချက် ဖြစ်နေပြန်ပါတယ်။ အကြောင်းကတော့ Bitcoin မှာ အကန့်အသတ်ရှိတယ်ဆိုပေမယ့် Dogecoin ကတော့ နှစ်စဉ်အသစ် ထပ်ထွက်နေတဲ့ (Inflationary) ငွေကြေးဖြစ်ပြီး တစ်နှစ်ကို Dogecoin အသစ် 5 billion လောက် ဈေးကွက်ထဲရောက်လာနေတာကြောင့် ဈေးမကျအောင် ထိန်းထားဖို့အတွက် တင် ဒေါ်လာသန်းပေါင်းများစွာသော ဝယ်လိုအား လိုအပ်နေပါတယ်။ ဒါကြောင့် $1 ရောက်ဖို့ဆိုရင် ဒီအကန့်အသတ်မရှိထွက်နေတဲ့ ရောင်းလိုအားကိုပါ ဝါးမြိုသွားနိုင်မယ့် အလွန်ကြီးမားတဲ့ ဝယ်လိုအား လိုအပ်မှာဖြစ်ပါတယ်။
အသုံးဝင်တဲ့ ငွေကြေးတစ်ခု
ဒါပေမဲ့ အဆိုးထဲကအကောင်းအဖြစ် နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေဘက်မှာတော့ Dogecoin Foundation က 'RadioDoge' ဆိုတဲ့ စီမံကိန်းကို လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ဒါက အင်တာနက်မရှိတဲ့ ဝေးလံခေါင်ဖျားဒေသတွေမှာပါ Starlink ဂြိုလ်တုကနေတဆင့် Dogecoin နဲ့ ငွေပေးချေနိုင်အောင် ပြုလုပ်ထားတာကြောင့် ဒါက Dogecoin ကို Meme သက်သက်အဖြစ်ကနေ တကယ့်လက်တွေ့ဘဝမှာ အသုံးဝင်တဲ့ ငွေကြေးတစ်ခုဖြစ်လာအောင် ပြောင်းလဲပေးနေတဲ့ ခြေလှမ်းကောင်းတစ်ရပ်လို့ ဆိုရမှာပါ။
ထို့အပြင် စီးပွားရေးပိုင်းမှာလည်း 'House of Doge' ဆိုတဲ့ အဖွဲ့အစည်းက NASDAQ စတော့ဈေးကွက်မှာ စာရင်းဝင်ဖို့ ကြိုးစားနေသလို၊ ကုန်သည်တွေအတွက် 'Dogebox' ဆိုတဲ့ ငွေပေးချေမှုစနစ်တွေ ဖန်တီးနေလျက်ရှိနေတာကြောင့် ဒါတွေက Dogecoin ရဲ့ ဂေဟစနစ် (Ecosystem) ကို ပိုမိုခိုင်မာစေပြီး၊ ရေရှည်မှာ အဖွဲ့အစည်းကြီးတွေ ဝင်ရောက်ရင်းနှီးမြှုပ်နှံလာအောင် လမ်းဖွင့်ပေးလာနိုင်ပါတယ်။ ဒါကြောင့် ဈေးနှုန်းမတက်ပေမယ့် အခြေခံအဆောက်အအုံပိုင်းမှာတော့ အတော်လေး ခရီးရောက်နေပြီလို့ ပြောလို့ရပါတယ်။
Elon Musk နဲ့ X
X မှာ စာသားတစ်ခုတင်လိုက်တာနဲ့ Dogecoin စျေးအတက်အကျ ဖြစ်စေနိုင်တဲ့ DOGE ဖေဖေကြီး Elon Musk နဲ့ X ရဲ့ ဆက်နွယ်မှုကလည်း စိတ်ဝင်စားစရာကောင်းနေပြန်ပါတယ်။ အကြောင်းကတော့ မကြာသေးခင်ကပဲ Elon Musk က X Money ဆိုတာမရှိဘူးလို့ ငြင်းဆိုလိုက်တာဖြစ်တဲ့အတွက် အဆိုပါ ငြင်းဆိုမှုကြောင့် ဈေးကွက်အနည်းငယ် လှုပ်ခတ်သွားခဲ့ပေမယ့် X Payments အတွက် လိုင်စင်တွေ လျှောက်ထားနေဆဲ ဖြစ်လို့ မျှော်လင့်ချက်ကတော့ ရှိနေဆဲလို့ ဆိုရမှာဖြစ်ပါတယ်။ တစ်ခုရှိတာက အခုနောက်ပိုင်း Musk ရဲ့ X စာသားတွေက အရင်ကလောက် ဈေးကွက်အပေါ် သက်ရောက်မှု မရှိတော့တာကိုတော့ သတိပြုရပါမယ်။
$1 ဆိုတာ စိတ်ကူးယဉ်သက်သက်လား
နိဂုံးချုပ်အနေနဲ့ သုံးသပ်ရမယ်ဆိုရင်တော့ နှစ်ကုန်မှာ $1 ဖြစ်မယ်ဆိုတာက စိတ်ကူးယဉ်သက်သက်သာ ဖြစ်ဖို့များနေတာဖြစ်ပြီး ရေတိုမှာ ဈေးကွက်မရေရာမှုတွေနဲ့ ရင်ဆိုင်နေရလို့ အမြတ်အစွန်းရဖို့လည်း ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ X Payments မျှော်လင့်ချက်နဲ့ နည်းပညာတိုးတက်မှုတွေက 2026 ခုနှစ်အတွက် အလားအလာရှိနေဆဲဖြစ်တာကြောင့် DOGE မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ ရေတိုသမားတွေ ရှောင်သင့်ပြီး၊ ရေရှည်စောင့်ကာ Risk ယူနိုင်သူတွေအတွက်ကတော့ ဈေးကျချိန် စုဆောင်းထားနိုင်တဲ့ Assets တစ်ခုဖြစ်တယ်လို့ ဆိုလို့ရနိုင်ပါတယ်။ ဒါပေမဲ့လည်း အခြားသူပြောတိုင်း မျက်စိမှိတ်မယုံကြည်ဘဲ မိမိဘာသာမိမိ DYOR လုပ်ဖို့ကိုလည်း မမေ့ဖို့ ဒီဆောင်းပါးကနေ ထပ်ဆောင်းအကြုံပြုလိုက်ရပါတယ်။